What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 October 2021 20:45

အင်ဒိုနီးရှားနိုင်ငံက နိုင်ငံတကာခရီးသွားများအတွက် ဘာလီကျွန်းအား အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

အင်ဒိုနီးရှားနိုင်ငံသည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့ကျလာသောကြောင့် အောက်တိုဘာ ၁၄ ရက်မှစတင်ကာ နိုင်ငံတစ်ချို့မှ နိုင်ငံခြားသားခရီးသွားများအတွက် ဘာလီကျွန်းသို့ နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ခွင့်ကို ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား ၊ တရုတ် ၊ ဂျပန် ၊ နယူးဇီလန်နိုင်ငံတို့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ အဘူဒါဘီ နှင့် ဒူဘိုင်းမြို့တို့မှ နိုင်ငံတကာခရီးသွားများအား လက်ခံသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က virtual သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာခရီးသွားများအတွက် quarantine အနည်းဆုံး ၈ ရက် နှင့် ကျန်းမာရေးစစ်ဆေးမှုများအတွက် ဟိုတယ်ကြိုတင်စာရင်းပေးထားသည့် အထောက်အထား ပြသခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် ဈေးဝယ်စင်တာများ ၊ ဖျော်ဖြေရေးနေရာများ နှင့် အားကစားကွင်းများ အပါအဝင် အများပြည်သူနေရာများတွင် ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်းနှင့်အတူ အောက်တိုဘာ ၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့် PPKM ဟု လူသိများသော အများပြည်သူသွားလာနိုင်သောကန့်သတ်ချက်များအား အောက်တိုဘာလ ၁၈ ရက်အထိ ထပ်မံသက်တမ်းတိုးခဲ့ကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)