What's New

×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 31 October 2022 12:11

နှုတ်ခမ်းနှင့် အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး

နှုတ်ခမ်းနှင့် အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး ONM

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ သွားနှင့် ခံတွင်းရောဂါအထူးကုဆေးရုံ၊ ခွဲစိတ်ကုသဆောင် မှာအောက်တိုဘာ ၂၆ ရက်ကနေ ၂၇ ရက်အထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၄ ယောက်ကို ပထမဆုံးအကြိမ် အဖြစ် အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနကသိရပါတယ်။ 

Japan Heart အဖွဲ့က မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI နဲ့ ကျန်းမာရေးဝန်ကြီးဌာနက သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင် ခေါင်းဆောင်တဲ့ သွားနဲ့ခံတွင်း ဆရာဝန် ၁၄ ယောက် တို့ကခွဲစိတ်ကုသခဲ့တာလို့ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနဲ့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားတဲ့ Japan Heart အဖွဲ့ဟာ ၂၀၀၄ ခုနှစ်ကစတင်ပြီး ဆေးပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ 

ဒါ့အပြင်၂၀၁၉ ခုနှစ်ကစတင်ကာ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်တဲ့ ဂျပန်နိုင်ငံက မျက်နှာ၊ မေးရိုး၊ ခံတွင်း ခွဲစိတ်ဆရာဝန်တွေနဲ့ မြန်မာနိုင်ငံက သွားနဲ့ ခံတွင်းဆရာဝန်တို့ပူးပေါင်းပြီး လက်ရှိအချိန်အထိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ အယောက် ၃၀၀ လောက်ကို အခမဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်နိုင်ပေးခဲ့တယ်လို့ လည်းသိရပါတယ်။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံမှာ သွားနဲ့ခံတွင်း ဆရာ ဝန်တွေက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ ခွဲစိတ်ကုသမှုတွေ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

One News Myanmar

နှုတ်ခမ်းနှင့် အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေး
-----------------

Read times
Rate this item
(0 votes)