What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 October 2021 13:54

ပထမဆုံး ငှက်ဖျားကာကွယ်ရေး ထိုးဆေး WHO အတည်ပြု

ပထမဆုံး ငှက်ဖျားကာကွယ်ရေး ထိုးဆေး WHO အတည်ပြု burmese.voanews.com

ကမ္ဘာပေါ်မှာ ပထမဦးဆုံး ငှက်ဖျားကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဗုဒ္ဓဟူးနေ့မှာ အတည်ပြု လိုက်ပါတယ်။ ဒီ ငှက်ဖျားကာကွယ်ရေး ထိုးဆေးရဲ့အမည်က Mosquirix ဖြစ်ပြီး၊ Glaxo Smith Kline ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။

အခုလို ပထမဆုံး ငှက်ဖျားကာကွယ်ဆေး ထုတ်လုပ်နိုင်တာနဲ့ပတ်သက်ပြီး WHO အဖွဲ့ရဲ့ အကြီးအကဲ Tedros ကတော့ "သမိုင်းဝင်ဖြစ်ရပ်ကြီး" လို့ တင်စား ပြောဆို လိုက်ပါတယ်။

အခုလို ဒီကာကွယ်ဆေးကို အတည်ပြုဖို့ ဆုံးဖြတ်ရတာဟာ ဂါနာ ၊ ကင်ညာ နဲ့ မာလာဝီ နိုင်ငံတွေမှာ စမ်းသပ်လေ့လာချက်တွေအပေါ် အခြေခံ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ WHO အဖွဲ့ကပြောပါတယ်။ကလေးပေါင်း ၈ သိန်းကျော်ကို ၂၀၁၉ ခုနှစ်ကတည်းက ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် ၁၉၈၇ ခုနှစ်ကတည်းက Glaxo Smith Kline ကုမ္ပဏီက စတင် စမ်းသပ်လာခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးကြောင့် ငှက်ဖျားဖြစ်ပွားမှုနှုန်း ၃၀ ရာနှုန်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ ၄ လုံး ဆက်ထိုးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးတွေကို ငှက်ဖျားရောဂါဆိုးရွားတဲ့ အာဖရိကနိုင်ငံတွေမှာ စတင် အသုံးပြုသွားသင့်တယ်လို့ WHO ကပြောပါတယ်။ ကာကွယ်ဆေးဟာ အာဖရိကတိုက်က ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အများကြီး ထိရောက်မှု ရှိနိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်တွေက မြင်ပါတယ်။

အာဖရိကတိုက်မှာ ငှက်ဖျားကြောင့်နှစ်စဉ် ဖျားနာမှုပေါင်း သန်း ၂၀၀ ကျော်ရှိပြီး၊ သေဆုံးသူ ၄ သိန်းကျော် ရှိပါတယ်။

Source: burmese.voanews.com

Read times
Rate this item
(0 votes)