What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 09 October 2021 10:04

GAVI Alliance မှ ကိုဗစ် ကာကွယ်ဆေး ၆ သန်းကျော် မြန်မာရမည်

ထိခိုက်လွယ်ဆုံးသူများကို ကာကွယ်ဆေးထိုးနိုင်ရန် ကူညီနေသော ကမ္ဘာ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့်

GAVI Alliance မှ ကာကွယ်ဆေး ၆ သန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်သည်။ ထိုကာကွယ်ဆေး များကို မြန်မာနိုင်ငံသို့ပေးပို့ရန် ကတိပြုထားသော်လည်း နှောင့်နှေးခဲ့ရပြီး ယခုအခါ ရရှိတော့မည်ဖြစ်သည်။

ကာကွယ်ဆေး ရရှိရေးအတွက် GAVI အစီအစဉ်နှင့် မိတ်ဘက်များဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ နိုင်ငံတကာ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) တို့၏ ကိုယ်စားလှယ်များနှင့် မြန်မာ ကျန်းမာရေးဝန်ကြီးဌာနတို့ ဇူလိုင်လနှောင်ပိုင်းမှ သြဂုတ်လနှောင်းပိုင်အထိ ဆွေးနွေးမှုများအကြိမ်ကြိမ် လုပ်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်ကြေညာသည်။ GAVI သည် ဆင်းရဲနွမ်းပါးသော နိုင်ငံများတွင် ကာကွယ်ဆေးရရှိရေး မြှင့်တင်ပေးနေသော အစိုးရများနှင့် ပုဂ္ဂလိကများ ပါဝင်သည့် ကမ္ဘာ့ကျန်းမာရေး အစီအစဉ်ဖြစ်သည်။

GAVI က မြန်မာနိုင်ငံကို Pfizer ကာကွယ်ဆေး ၄ သန်းကျော်ပေးမည်ဖြစ်ပြီး UNICEF က ကာကွယ်ဆေးများကို သိုလှောင်ရန် လိုအပ်သည့် အနှုတ် ၇၀ ဒီဂရီ ဆဲစီးယပ်အထိ လုပ်ဆောင်ပေးမည့် အဆင့်မြင့် အအေးပေးစနစ်ကို ကူညီမည်ဖြစ်ပြီး ကျန်ဆေး ၂.၂ သန်းကျော်မှာ တရုတ်လုပ် Sinovac ကာကွယ်ဆေးများဖြစ်သည်။

 

burma.irrawaddy.com

Read times
Rate this item
(0 votes)