What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 October 2021 09:44

အစ္စရေးနိုင်ငံ၌ COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ် "AY4.2" ပထမဆုံးတွေ့ရှိ

အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် "AY4.2" အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။


၎င်းသည် ဥရောပနိုင်ငံအများအပြားတွင် ယခင်က ေတွေ့ရှိခဲ့သော မျိုးကွဲတစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုသည်။
မော်လ်ဒိုဗာနိုင်ငံမှ ပြန်လာခဲ့ပြီး Tel Aviv မြို့၊ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ဘက်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့သော အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်လျက်ရှိပြီး COVID-19 ၏ ဗီဇပြောင်းဗိုင်းရပ်စ် အသွင်အမျိုးမျိုးနှင့် ၎င်းတို့၏ ဖြစ်ပေါ်တိုးတက်မှုများအားလုံးကို နိုင်ငံအတွင်း အမြဲတစေ စောင့်ကြည့်လျက်ရှိကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁၄၈၇ ဦးရှိခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၁,၃၁၉,၀၀၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦးထပ်မံရှိခဲ့သဖြင့် စုစုပေါင်း ၈၀၂၁ ဦး အထိမြင့်တက်လာခဲ့ပြီး ပြင်းထန်လူနာ အရေအတွက်မှာမူ ၃၅၇ ဦးမှ ၃၅၃ ဦး အထိ လျှော့ကျလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုင်းရပ်စ်ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူအသစ် ၁၇၅၀ ရှိလာပြီးနောက် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁,၂၉၃,၈၅၄ ဦး ရှိပြီဖြစ်ကြောင်း၊ လက်ရှိရောဂါဖြစ်ပွားနေဆဲ လူနာအရေအတွက်မှာ ၁၇,၁၂၆ ဦး အထိ လျှော့ကျလာခဲ့ကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)