What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 08 November 2021 12:20

မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်သူများအတွက် ကိုဗစ် အစီအစဉ် ၃ မျိုး

အပြည်ပြည်ဆိုင်ရာဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ဝင်ရောက်လာမည့် ခရီးသွားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအစဉ် (၃-၁၁-၂၀၂၁)

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ဆောင်ရွက်မည့် အစီအစဉ်

၁။

မြန်မာနိုင်ငံသို့ မလာရောက်မီ လွန်ခဲ့သော (၁၄) ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့် အောက်ပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးကြောင်း ကာကွယ်ဆေးထိုး အထောက်အထားလက်မှတ် ပြသနိုင်ရမည်။

•  CoronaVac (Sinovac Biotech Ltd.)

•  AstraZeneca or Covishield (AstraZeneca & University of Oxford/ SK Bioscience (Korea) /Siam BioScience/ Serum Institute of India (SII))

• Pfizer- BioNTech COVID-19 Vaccine or Comirnaty (Pfizer Inc.,& BioNTech)

•  Janssen or Johnson & Johnson (Janssen Pharmaceuticals Companies of Johnson & Johnson)

•  Moderna (Moderna TX,Inc.)

.•  Sinopharm or COVILO or BIBP-CorV (Beijing Institute of Biological Products Co.Ltd)

•  Sputnik V(Gam-COVID-Vac) (Gamaleya National Research Centre of Epidemiology and Microbiology)

၂။

နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ မလာရောက်မီ လွန်ခဲ့သော (၇၂) နာရီအတွင်း ကိုဗစ်-၁၉ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထားသည့် ဓာတ်ခွဲအဖြေအား

•  စတင် ခရီးထွက်ခွာမည့်လေဆိပ်နှင့်

•  ခရီးစဉ်အတွင်းရှိ လေကြောင်းလိုင်းများ၊

•  မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် လေဆိပ်နှင့် ဝင်/ထွက်ဂိတ်များ

တွင် ပြသရန်၊

၃။

မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် လေဆိပ်နှင့် ဝင်/ထွက်ဂိတ်များတွင် ကျန်းမာရေးကြေညာချက် (Health Declaration card) အား သက်ဆိုင်ရာ ကျန်းမာရေးအရာရှိထံပြသရန်

၄။

သက်ဆိုင်ရာကျန်းမာရေးအရာရှိမှ ခရီးသည်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ် သော ကျန်းမာရေးစစ်ဆေးမှုများအား လက်ခံဆောင်ရွက်ရန်၊

၅။

ကိုယ်အပူချိန်မြင့်တက်ခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ တွေ့ရှိသည့် ခရီးသည်များအား သီးခြားထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ရန်၊

၆။

မြန်မာနိုင်ငံသားများအား သတ်မှတ် Quarantine Center (သို့မဟုတ်) သတ်မှတ် Hotel များ တွင် အသွားအလာကန့်သတ်ခြင်း (၇) ရက်ဆောင်ရွက်ရန်၊

၇။

နိုင်ငံခြားသားများအား သတ်မှတ် Hotel များတွင် အသွားအလာကန့်သတ်ခြင်း (၇) ရက် ဆောင်ရွက်ရန်၊

၈။

နိုင်ငံခြားသံအရာရှိများနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအား သတ်မှတ် Quarantine Center (သို့မဟုတ်သတ်မှတ် Hotel များတွင် အသွားအလာ ကန့်သတ်ခြင်း (၇) ရက်ဆောင်ရွက်ရန်(ထိုသို့ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက် ရာတွင် သီးခြားလုံးချင်း နေအိမ်ရှိပါက မိမိနေအိမ်တွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရန်နှင့် ကွန်ဒို များနှင့်တိုက်ခန်းများတွင် နေထိုင်သူများအား သတ်မှတ် Hotel များတွင်သာ အသွား အလာကန့်သတ်ခြင်းဆောင်ရွက်ရန်) (နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံအရာရှိနှင့် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။)

၉။

ခရီးသည်များအား မြန်မာနိုင်ငံသို့ ရောက်ရှိပြီး (၃) ရက်နှင့် (၇) ရက်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသည်များ အနေဖြင့် ကုန်ကျစရိတ်များအား ကိုယ်တိုင် ကျခံရမည်ဖြစ်ပါသည်။

 

ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်း မရှိသူ များတွင် ဆောင်ရွက်မည့်အစီအစဉ်

၁။

နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ မလာရောက်မီ လွန်ခဲ့သော (၇၂) နာရီအတွင်း ကိုဗစ်-၁၉ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထားသည့် ဓာတ်ခွဲအဖြေအား စတင် ခရီးထွက်ခွာမည့် လေဆိပ်နှင့် ခရီးစဉ်အတွင်းရှိ လေကြောင်းလိုင်းများ၊ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် လေဆိပ်နှင့် ဝင်/ထွက်ဂိတ်များတွင် ပြသရန်၊

၂။

မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် လေဆိပ်နှင့် ဝင်/ထွက်ဂိတ်များတွင် ကျန်းမာရေးကြေညာချက် (Health Declaration card) အား သက်ဆိုင်ရာ ကျန်းမာရေး အရာရှိထံပြသရန်

၃။

သက်ဆိုင်ရာကျန်းမာရေးအရာရှိမှ ခရီးသည်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများအား လက်ခံဆောင်ရွက်ရန်၊

၄။

ကိုယ်အပူချိန်မြင့်တက်ခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ တွေ့ရှိသည့် ခရီးသည်များအား သီးခြားထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆေးရုံ များသို့ လွှဲပြောင်းပို့ဆောင်ရန်၊

၅။

မြန်မာနိုင်ငံသားများအား သတ်မှတ် Quarantine Center (သို့မဟုတ်) သတ်မှတ် Hotel များတွင် အသွားအလာကန့်သတ်ခြင်း (၁၀) ရက်ဆောင်ရွက်ရန်၊

၆။

နိုင်ငံခြားသားများအား သတ်မှတ် Hotel များတွင် အသွားအလာကန့်သတ်ခြင်း (၁၀) ရက် ဆောင်ရွက်ရန်၊

၇။

နိုင်ငံခြားသံအရာရှိများနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေ ဖြင့် ကာကွယ်ဆေးထိုး လက်မှတ်မပြသနိုင်ပါက အသွားအလာကန့်သတ်ခြင်း (၁၀) ရက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ (ထိုသို့ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရာတွင် သီးခြား လုံးချင်းနေအိမ်ရှိပါက မိမိနေအိမ်တွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရန်နှင့် ကွန်ဒို များနှင့်တိုက်ခန်းများတွင် နေထိုင်သူများအား သတ်မှတ် Hotel များတွင်သာ အသွားအလာ ကန့်သတ်ခြင်းဆောင်ရွက်ရန်) (နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံအရာရှိနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၈။

ခရီးသည်များအား မြန်မာနိုင်ငံသို့ ရောက်ရှိပြီး (၃) ရက်နှင့် (၇) ရက်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသည်များ အနေဖြင့် ကုန်ကျစရိတ်များအား ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။

၉။

ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် ခရီးသွားများအား ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ချက် များနှင့်အညီ သတ်မှတ်ဆေးရုံများသို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံခြားသားများအနေဖြင့် ဆေးကုသမှုစရိတ်များနှင့် ဆေးရုံတက်ရောက်ကုသမှုစရိတ်များအား ကျခံရမည်ဖြစ်ပါသည်။

 

အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း

၁။

မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာမှ အရေးကြီးပုဂ္ဂိုလ်များ၊ နိုင်ငံခြားသား ပညာရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများအား အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာ ရေးဝန်ကြီးဌာနသို့ ရုံးဖွင့်ရက် (၇) ရက်ကြိုတင် လျှောက်ထားပြီး ခွင့်ပြုချက် တောင်းခံနိုင်ပါသည်။

 

Read times
Rate this item
(0 votes)