What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 November 2021 14:40

ဥရောပတွင် ကိုဗစ်ကြောင့် လူ ငါးသိန်းအထိ သေဆုံးနိုင်ဟု WHO က သတိပေး‌ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization က ယခု ဆောင်းရာသီမှ

ာ ဥရောပမှ လူပေါင်း ၅၀၀,၀၀၀ တို့ COVID-19 "ကြောက်မက်ဖွယ်ဧရာမလှိုင်း“ "monster wave” ကြားမှာ ထပ်မံသေဆုံးနိုင်ကြောင်း သတိပေးထားပါတယ်။

ဥရောပက ရှည်ကြာပြင်းထန်တဲ့ ကိုရိုနာဆောင်းကာလဆီသို့ ရွေ့လျားနေပါတယ်။ ကူးစက်မှု ကိန်းဂဏန်းများ အများဆုံးဖြစ်ပွားနေပါတယ်။ သေဆုံးနှုန်းများလည်း မြင့်တက်နေပါတယ်။
နိုဝင်ဘာလ ၁၅ ရက်မှာ နယ်သာလန်နိုင်ငံက ဥရောပမှာ ပထမဆုံး လော့ဒေါင်းပြန်ချတဲ့နိုင်ငံ ဖြစ်လာပါတယ်။ ယခင်က‌လောက်တော့ မတင်းကျပ်တဲ့ လော့ဒေါင်းအမျိုးအစား ဖြစ်ပါတယ်။
ဟောလန်မှာတော့ စူပါမားကက်များ၊ ဘားများ၊ စားသောက်ဆိုင်များ ညနေမှာ စောပိတ်ကြရပြီး လူအများတို့ကို အိမ်မှ အလုပ်လုပ်ခိုင်းပါတယ်။ ပွဲတွေ ကျင်းပခွင့် မပေးဘဲ တားမြစ်ထားပါတယ်။

Dutch National Institute for Health မှ ထုတ်ပြန်ချက်မှာ တစ်ပတ်တာမှာ ကူးစက်လူနာအသစ် ၁၀,၀၀၀ ဦးကျော် ရှိနေပြီး ယခင်သီတင်းပတ်ထက် ၄၄% ပိုများလာပါတယ်။

အခြားဥရောပနိုင်ငံတွေမှာလည်း အလားတူ မြင့်တက်လာခဲ့ပါတယ်။ ဂျာမန် အမျိုးသား လူထု ကျန်းမာရေး ဌာန အကြီးအကဲ Lothar Wieler က "သန်းခေါင်ထက် ညဉ့်နက်နေပြီ။ အလွန်ဆိုးဝါးတဲ့ ခရစ်စမတ် ဖြစ်လိမ့်မယ်" လို့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

ဂျာမနီမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကူးစက်လူနာသစ် ၆၅,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Wieler က လူနာသစ် ၆၅,၀၀၀ မှာ ၅၂၀ ဦးဝန်းကျင်က လာမယ့် သီတင်းပတ်တွေမှာ သေဆုံးကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ "ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး" လို့ သူက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ဥရောပ ဒါရိုက်တာ Hans Kluge က ဥရောပဟာ လွန်ခဲ့တဲ့ တစ်နှစ်တာတုန်းကအတိုင်း ကပ်ရောဂါရဲ့ ဗဟိုချက်မ ပြန်ဖြစ်လိမ့်မယ်လို့ သတိပေးပါတယ်။ အခုနှုန်းထားအတိုင်း ဆက်လက်ဖြစ်ပွားနေဦးမယ် ဆိုရင် ဥရောပမှာ ထပ်တိုးတဲ့ သေဆုံးသူဦးရေ ဖေဖော်ဝါရီမှာ ငါးသိန်းသို့ ရောက်ရှိလိမ့်မယ်လို့ သူက ခန့်မှန်းထားပါတယ်။

 

 

Read times Last modified on Monday, 22 November 2021 14:42
Rate this item
(0 votes)