What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 April 2020 15:53

ကိုရိုနာရောဂါဗိုင်းရပ်စ်က နေရောင်ခြည်ထဲတွင် ခဏအတွင်းသေစေနိုင်ပါသလား


ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန် မြေကြား လှုံခြုံရေးတပ်ဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နေရောင်ခြည်ထဲမှာ မိနစ်ပိုင်းအတွင်းနေနိုင်ပါတယ်လို့ အဆိုပြုချက်ထွက်ရှိလာပါတယ်။

 

DHS သိပ္ပံ နဲ့ နည်းပညာ လုပ်ငန်းစုရဲ့ရှာဖွေ တွေ့ရှိချက် အသစ်များကတော့ စိုထိုင်းစ မြှင့်မားခြင်း , အပူချိန်သိသိသာသာများခြင်း နဲ့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှု့ ရရှိခြင်းက တံတွေး ၊ နှပ် နှင့် လေထု တို့မှ ထွက်ရှိလာတဲ့ ကိုဗစ်ပိုးကို သတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

DHS ရဲ့ သိပ္ပံ နဲ့ နည်းပညာ လုပ်ငန်းစုရဲ့ အကြံပေးအရာရှိဖြစ်သူ Bill Bryan ပြောကြားချက်အရဆိုရင် အခုစမ်းသပ်နေတာနေရောင်ခြည်ကဲ့သို့သော ဆိုလာ နည်းပညာ ကနေ ထိရောက်စွာ ကိုဗစ်ပိုးမွှားကို တိုက်ဖျက်တဲ့ နည်းပညာကို ရယူကာ လေထဲမှာရှိတဲ့ ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ နည်းပညာ ကိုစမ်းသပ်နေတယ် '' သိရပါတယ်။

 

စမ်းသပ်တဲ့ နေရာမှာတွေ့ရှိချက်ကတော့ အပူချိန်မြှင့်မားခြင်းနဲ့ စိုထိုင်းစမြှင့်မားခြင်းက ယေဘုယျ အားဖြင့် virus ကိုရှင်သန်ဖို့ အခွင့်အရေးပေးတာနည်းပါတယ်။သို့ပေမည့် ထိုရောဂါပိုးဟာ နေရောင်ခြည်ထဲမှာ ဆိုရင်တော့ ချက်ချင်းမိနစ်ပိုင်းအတွင်း သေစေနိုင်ပါတယ်။သို့ပေမည့် ရာခိုင်နှုန်းအနည်းငယ်သေဖို့ ကျန်တာတော့တွေ့ရှိရတယ် ဆိုကာ ရေးသားထားပါတယ်။

 

ကိုဗစ်ဗိုင်းရပ်စ်ဟာ အိမ်တွင်း နေရောင်ခြည် တိုက်ရိုက်မရရှိတဲ့ အနေအထားမှာ ပိုပြီး ရှင်သန်စေနိုင်ပါတယ်။ဒါကြောင့် လူအများ အနေဖြင့် နေရောင်ခြည်နဲ့ တိုက်ရိုက်မရရှိတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ကိုသတိထားသင့်ပါတယ်။

 

ကျွန်တော် ပြောနိုင်တာကတော့ အစွန်းချွတ်ဆေး က ဗိုင်းရပ်စ် တွေကို ၅ မိနစ်နဲ့ သတ်နိုင်ပြီး အရက်ပျံကတော့ ၎င်းဗိုင်းရပ်စ်တွေကို စက္ကန့်သုံးဆယ်နဲ့ သတ်ပြစ်နိုင်ပါသတဲ့။ဒါ့ကြောင့် အရက်ပျံ လက်မှာ ပွတ်ပြီး နေရာ အနှံ ပွတ်ချင်းက ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

 

သို့ ပေမည့်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ WHO မှ ပြောကြားချက်ကတော့ နေရောင်ခြည် တိုင်ရိုက်ထိတွေ့မှု့က ကိုရိုနာ ဗိုင်းရပ်စ်ကိုအတိအကျ ပိုးတစ်ကောင်မကျန် မသေစေနိုင်ပါဘူးလို့လည်း သတိပေးထားပါတယ်။

 

အဘယ်ကြောင့်ဆိုသော် ထိုသို့သာ နေရောင်ခြည် ထဲတွင် သေနိုင်တယ်ဆိုပါက အရမ်းပူပြင်းလွန်းတဲ့ရာသီဥတုရှိတဲ့ တိုင်းပြည်တွေ ကိုဗစ်ဘယ်ဖြစ်တော့ပါ့မလဲ။

 

<<< Zawgyi >>>

 

ကို႐ိုနာေရာဂါဗိုင္းရပ္စ္က ေနေရာင္ျခည္ထဲတြင္ ခဏအတြင္းေသေစႏိုင္ပါသလား

-----------------------

 

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အေမရိကန္ ေျမၾကား လႈံၿခဳံေရးတပ္ဖြဲ႕က ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ ေနေရာင္ျခည္ထဲမွာ မိနစ္ပိုင္းအတြင္းေနႏိုင္ပါတယ္လို႔ အဆိုျပဳခ်က္ထြက္ရွိလာပါတယ္။

 

DHS သိပၸံ နဲ႔ နည္းပညာ လုပ္ငန္းစုရဲ႕ရွာေဖြ ေတြ႕ရွိခ်က္ အသစ္မ်ားကေတာ့ စိုထိုင္းစ ျမႇင့္မားျခင္း , အပူခ်ိန္သိသိသာသာမ်ားျခင္း နဲ႔ ေနေရာင္ျခည္ တိုက္႐ိုက္ ထိေတြ႕မႈ႕ ရရွိျခင္းက တံေတြး ၊ ႏွပ္ ႏွင့္ ေလထု တို႔မွ ထြက္ရွိလာတဲ့ ကိုဗစ္ပိုးကို သတ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

 

DHS ရဲ႕ သိပၸံ နဲ႔ နည္းပညာ လုပ္ငန္းစုရဲ႕ အႀကံေပးအရာရွိျဖစ္သူ Bill Bryan ေျပာၾကားခ်က္အရဆိုရင္ အခုစမ္းသပ္ေနတာေနေရာင္ျခည္ကဲ့သို႔ေသာ ဆိုလာ နည္းပညာ ကေန ထိေရာက္စြာ ကိုဗစ္ပိုးမႊားကို တိုက္ဖ်က္တဲ့ နည္းပညာကို ရယူကာ ေလထဲမွာရွိတဲ့ ဗိုင္းရပ္စ္ကို သတ္ႏိုင္တဲ့ နည္းပညာ ကိုစမ္းသပ္ေနတယ္ '' သိရပါတယ္။

 

စမ္းသပ္တဲ့ ေနရာမွာေတြ႕ရွိခ်က္ကေတာ့ အပူခ်ိန္ျမႇင့္မားျခင္းနဲ႔ စိုထိုင္းစျမႇင့္မားျခင္းက ေယဘုယ် အားျဖင့္ virus ကိုရွင္သန္ဖို႔ အခြင့္အေရးေပးတာနည္းပါတယ္။သို႔ေပမည့္ ထိုေရာဂါပိုးဟာ ေနေရာင္ျခည္ထဲမွာ ဆိုရင္ေတာ့ ခ်က္ခ်င္းမိနစ္ပိုင္းအတြင္း ေသေစႏိုင္ပါတယ္။သို႔ေပမည့္ ရာခိုင္ႏႈန္းအနည္းငယ္ေသဖို႔ က်န္တာေတာ့ေတြ႕ရွိရတယ္ ဆိုကာ ေရးသားထားပါတယ္။

 

ကိုဗစ္ဗိုင္းရပ္စ္ဟာ အိမ္တြင္း ေနေရာင္ျခည္ တိုက္႐ိုက္မရရွိတဲ့ အေနအထားမွာ ပိုၿပီး ရွင္သန္ေစႏိုင္ပါတယ္။ဒါေၾကာင့္ လူအမ်ား အေနျဖင့္ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္မရရွိတဲ့ေနရာေတြမွာ ဗိုင္းရပ္စ္ကိုသတိထားသင့္ပါတယ္။

 

ကြၽန္ေတာ္ ေျပာႏိုင္တာကေတာ့ အစြန္းခြၽတ္ေဆး က ဗိုင္းရပ္စ္ ေတြကို ၅ မိနစ္နဲ႔ သတ္ႏိုင္ၿပီး အရက္ပ်ံကေတာ့ ၎ဗိုင္းရပ္စ္ေတြကို စကၠန႔္သုံးဆယ္နဲ႔ သတ္ျပစ္ႏိုင္ပါသတဲ့။ဒါ့ေၾကာင့္ အရက္ပ်ံ လက္မွာ ပြတ္ၿပီး ေနရာ အႏွံ ပြတ္ခ်င္းက ပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။

 

သို႔ ေပမည့္လည္း ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္းျဖစ္တဲ့ WHO မွ ေျပာၾကားခ်က္ကေတာ့ ေနေရာင္ျခည္ တိုင္႐ိုက္ထိေတြ႕မႈ႕က ကို႐ိုနာ ဗိုင္းရပ္စ္ကိုအတိအက် ပိုးတစ္ေကာင္မက်န္ မေသေစႏိုင္ပါဘူးလို႔လည္း သတိေပးထားပါတယ္။

 

အဘယ္ေၾကာင့္ဆိုေသာ္ ထိုသို႔သာ ေနေရာင္ျခည္ ထဲတြင္ ေသႏိုင္တယ္ဆိုပါက အရမ္းပူျပင္းလြန္းတဲ့ရာသီဥတုရွိတဲ့ တိုင္းျပည္ေတြ ကိုဗစ္ဘယ္ျဖစ္ေတာ့ပါ့မလဲ။

 

Ref ; The Sun 

 

 

Read times
Rate this item
(0 votes)