What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 December 2021 09:49

အိုမီခရွန် ကိုရိုနာမျိုးကွဲဗိုင်းရပ်စ်၏ လတ်တလောဖြစ်ပေါ်နေသော အခြေအနေသစ်များ

တစ်ကမ္ဘာလုံးက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်၏ ကူးစက်ပြန့်ပွားမှုအခြေအနေကို အာရုံစိုက်နေကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းများ တွင် ဂျပန် နှင့် ပြင်သစ်နိုင်ငံက အိုမီခရွန်ကူးစက်သူ ပထမဆုံးတွေ့ရှိကြောင်း ပြောကြားခဲ့သလို ဗြိတိန်ကလည်း ၎င်းဗိုင်းရပ်စ်သည် ရပ်ကျေးကူးစက်မှုတွင် တွေ့ရှိနေရပြီဟု ကြေညာခဲ့သည်။
ထို့အပေါ် ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မည်သည့် သဘောထားများ ဖော်ပြခဲ့ပါသလဲ။ အိုမီခရွန် ကူးစက်ခံရသူများအား လက်ခံကုသပေးနေသည့် တောင်အာဖရိက ဆေးပညာရှင်များက မည်သည့်တွေ့ရှိမှုများ ရှိပါသလဲ။ ပြည်တွင်းပြည်ပ ကာကွယ်ဆေးကုမ္ပဏီများက မည်သို့ ကိုင်တွယ်ဖြေရှင်းကြမလဲ။
ကမ္ဘာတစ်ဝန်းကာကွယ်ဆေးထိုးနှံမှုနှုန်းကို ယခုနှစ်ကုန်တွင် ၄၀ ရာခိုင်နှုန်းရှိရန် အားသွန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောကြား
တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံမှုကို အကောင်အထည်ဖော်ခြင်းသည် နိုင်ငံအသီးသီး ကိုဗစ်ကပ်ရောဂါအန္တရာယ်မှ ရုန်းထွက်မည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရေးဆွဲထားသည့် ကမ္ဘာတစ်ဝန်းကိုဗစ်ကာကွယ်ဆေးထိုးနှံရေး မဟာဗျူဟာကို ထောက်ခံကြောင်း၊ ၎င်း၏ရည်မှန်းချက်မှာ ယခုနှစ်နှစ်ကုန်ပိုင်းတွင် နိုင်ငံအားလုံးရှိ လူဦးရေ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်လယ်ပိုင်းတွင် ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ထိုးနှံရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲကို အများအာရုံစိုက်နေချိန်တွင် ၃ ရက်ကြာ ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထူးအစည်းအဝေးကို လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေပြီဖြစ်ရာ အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပ်ရောဂါကြိုတင်ကာကွယ်ရေးနှင့်ကိုင်တွယ်ဖြေရှင်းရေး သဘောတူညီချက်သစ်၏ ဖြစ်နိုင်ချေ အစီရင်ခံစာကို အဓိကထား စိစစ်ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကာကွယ်ဆေး မျှဝေမှု မမျှတခြင်းကြောင့် ရုတ်ခြည်းအပြောင်းအလဲများသည့် သန္ဓပြောင်းဗိုင်းရပ်စ်အမျိုးအစားထွက်ပေါ်လာရခြင်းဖြစ်ကြောင်း ၊ အိုမီခရွန်သည် ဥပမာ တစ်ခုဖြစ်ကြောင်း၊ “လူတွေ အားလုံး လုံခြုံဘေးကင်းမှသာ ဘေးကင်းလုံခြုံမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်ခု၊ လူအဖွဲ့အစည်းတစ်ရပ် သို့မဟုတ် တစ်သီးပုဂ္ဂလလူတစ်ဦးတစ်ယောက်မျှကမှ စစ်မှန်သည့် လုံခြုံဘေးကင်းမှုရှိမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။
အိုမီခရွန် ဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေသည့် တစ်ချိန်တည်းတွင်ပင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး မျှဝေမှု မမျှတခြင်း လက်ရှိအခြေအနေကို နိုင်ငံတကာ အသိုက်အဝန်းက တည့်မတ်စွာရှုမြင်ပြီ ဝေဖန်မှုများဖြစ်လာစေသည်။ အာဖရိကတိုက် တစ်ခုလုံး၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းသည် တစ်ကမ္ဘာလုံး ပျမ်းမျှအဆင့်၏ ငါးပုံတစ်ပုံပင် မရှိသေးဖြစ်နေရာ ဧရာမကြီးမားသည့် “ကိုယ်ခံစွမ်းအားတည်ဆောက်ခြင်း လှစ်ဟမှုချိုင့်ဝှမ်း”ဖြစ်စေသည်။
ထိုမတိုင်မီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးမျှဝေမှု မမျှတသည့်အခြေအနေ ဆက်လက်ကြာရှည်နေမည်ဆိုပါက ဗိုင်းရပ်စ်ပြန့်ပွားသည့် အတိုင်းအတာသည် ပို၍ ကြီးမားကျယ်ပြန်လာမည်ဖြစ်သလို ပိုမိုများပြားသည့် မျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်လာနိုင်ချေ ပို၍ များပြားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
ချမ်းသာကြွယ်ဝသည့်နိုင်ငံများ ကာကွယ်ဆေး သိုလှောင်နေသည့်အချိန်တွင် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ် ထွက်ပေါ်လာသည်က ထူးဆန်းဖွယ်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ရန်ပုံငွေရှာဖွေရေး သံတမန်၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Gordon Brownရေးသားသော ဆောင်းပါးတွင် ထောက်ပြထားသည်။ လက်ရှိ G7 နိုင်ငံများ အသုံးမပြုရသေးသော ကာကွယ်ဆေး သန်းပေါင်း ၅၀၀ ရှိရာ ဒီဇင်ဘာတွင် ယင်းကိန်းဂဏန်းသည် သန်းပေါင်း ၆၀၀ အထိ ဖြစ်နိုင်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံသည် အာဖရိကတိုက်အား ကာကွယ်ဆေး သန်းပေါင်း ၁၈၀ ခန့် ပံ့ပိုးပြီးဖြစ်ရာ အာဖရိကတိုက်နိုင်ငံအားလုံးနီးပါးကို လွှမ်းခြုံပံ့ပိုးပေးခဲ့သည်။ နောင်တွင်လည်း တရုတ်နိုင်ငံက အာဖရိကတိုက်ကို ကာကွယ်ဆေး သန်း ၁,၀၀၀ ပံ့ပိုးမည်ဖြစ်ရာ ၎င်းတို့အနက် သန်း ၆၀၀ သည် အခမဲ့ကူညီပံ့ပိုးခြင်းဖြစ်ပြီး သန်း ၄၀၀ သည် တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့် သက်ဆိုင်ရာ အာဖရိကတိုက်နိုင်ငံများ ပူးတွဲထုတ်လုပ်သည့် နည်းဖြင့် ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
တောင်အာဖရိကနှင့်ကပ်လျက်ရှိသည် ဇင်ဘာဘွေတွင် အိုမီခရွန်ကူးစက်သူ မတွေ့ရှိရသေးသော်လည်း နှစ်နိုင်ငံအကြား အသွားအလာ များခြင်းကြောင့် ဇင်ဘာဘွေနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးမူဝါဒများ တင်းကျပ်ပြီး ကပ်ရောဂါစောင့်ကြည့်ထိန်းချုပ်မှုများကို မြှင့်တင်ဆောင်ရွက်နေပြီဖြစ်သည်။ လက်ရှိ ဇင်ဘာဘွေတွင် လူဦးရေ ၂၀ ရာခိုင်နှုန်းက ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ပြီး ထိုးနှံသည့် ကာကွယ်ဆေး ၉၅ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများဖြစ်ရာ တရုတ်နိုင်ငံအစိုးရမှကူညီခြင်းနှင့် ဒေသခံအစိုးရမှ ဝယ်ယူကြသည့် ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုသည် ဇင်ဘာဘွေ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး၊ ပုံမှန်နေထိုင်ထုတ်လုပ်မှုလုပ်ငန်းများ စနစတ်ကျ ပြန်လည်ဆောင်ရွက်မှုတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ယင်းဒေသရှိ ပညာရှင်နှင့်ပြည်သူအချို့က ဆိုသည်။
မျိုးရိုဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည့် လက္ခဏာပျော့ပြောင်းသလားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရန် လိုအပ်သေးကြောင်း တောင်အာဖရိက ဆေးပညာရှင်များက ပြောကြား
ကုသစောင့်ကြည့်မှုများအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ အိုမီခရွန် ကူးစက်ခံရသည့် လူနာတွင် သာမန်အားဖြင့် လက္ခဏာအပျော့စားကို တွေ့မြင်ရပြီး ရောဂါပြင်းထန်မှု မရှိသလောက်ဖြစ်ကြောင်း တောင်အာဖရိက ဆေးပညာရှင်များက ယခုရက်ပိုင်းများတွင် ပြောကြားခဲ့သည်။ သို့သော် တစ်ချိတ်တည်းမှာပင် ယင်းဗိုင်းရပ်စ်၏ထူးခြားချက်ကို စောင့်ကြည့်ရန်လိုအပ်သေးရာ လက်ရှိတွင် ကောက်ချက်ချဖို့ အချိန်စောလွန်းနေသေးကြောင်း ၎င်းတို့က အလေးထားပြောကြားခဲ့သည်။
တောင်အာဖရိတွင် ယခုကာလများအတွင်း ကူးစက်မှု တစ်ဟုန်တိုးမြင့်တက်ခဲ့သည် Houtenပြည်နယ်တွင် ဆေးခန်းဖွင့်ထားသည် ဝါရင့်သမားတော် ဝူဘန်ဘီလိုင်က ယခုကာလများအတွင်း လာရောက်ကုသသည့် ကိုဗစ်လူနာ အရေအတွက် သိသိသာသာမြင့်တက်မှုရှိသော်လည်း ရောဂါလက္ခဏာများမှာ ပျော့ပြောင်းကြောင်း ဆိုသည်။ လူနာအများစုတွင် တုပ်ကွေးကဲ့သို့ လက္ခဏာများဖြစ်သည် ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်ပူခြင်း၊ ခြေလက်ကိုက်ခဲခြင်း စသည့် လက္ခဏများရှိသော်လည်း ဆေးရုံတင်လူနာဦးရေက အများကြီးတိုးလာခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
တောင်အာဖရိက ဆေးဘက်ဆိုင်ရာအသင်း ဥက္ကဋ္ဌ Angelique Coetzeeက ရှေ့တန်းဆရာဝန်များ၏ တုန့်ပြန်ချက်များအရ အိုမီခရွန်ကူးစက်သည့်လူနာတွင် သာမန်အားဖြင့် လက္ခဏာအပျော့စား တွေ့ရလေ့ရှိကြောင်း ၊ နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဆိုသည်။
ကာကွယ်ဆေးကုမ္ပဏီများက နှစ်ဖက်စလုံးမလစ်ဟင်းအောင် ဆောင်ရွက်နေရ
လက်ရှိ ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန်ပေါ် ထိရောက်မှုကို တစ်ဖက်တွင် စမ်းသပ်မှုများ ပြုလုပ်နေရသလို တစ်ခြားတစ်ဖက်တွင်လည်း ယင်းမျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ကို ရည်ရွယ်သည့် သုတေသနများ ပြုလုပ်နေရကြောင်း Moderna၊ Johnson & Johnsonနှင့် Pfizerစသည့် ကုမ္ပဏီများက ပြီးခဲ့သည်ရက်ပိုင်းများတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ CanSinoBIOကုမ္ပဏီ ထိပ်တန်း သိပ္ပံပညာရှင် ကျူးထောင်းက အိုမီခရွန် ဗိုင်းရပ်စ်ကို ဦးတည်ပြီးတော့ ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့များနှင့်သုံးသပ်မှုများ ပြုလုပ်နေကြောင်း ဆိုသည်။ ပြီးခဲ့သည့် တစ်နှစ်ကြာကာလတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇာပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ရာ ကုမ္ပဏီအနေဖြင့် ဗီဇပြောင်း ဗိုင်းရပ်စ်အားလုံးက လက်ရှိ ကာကွယ်ဆေးအပေါ်သက်ရောက်မှုကို အမြဲတစေ အနီးကပ်စောင့်ကြည့်ခဲ့ပါကြောင်း ၊ ထိုမတိုင်မီ ဘီတာ၊ဒယ်လ်တာ စသည့် ဗီဇပြောင်း ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး သုတေသနများပြုလုပ်ခဲ့သော်လည်း ဗီဇပြောင်း ဗိုင်းရပ်စ်က ကူးစက်မှုအလွန်များပြားမှုမရှိခြင်း ၊ပဋိပစ္စည်းကိုယ်ခံစွမ်းအားကျဆင်းမှုမများခြင်းတို့ကြောင့် လက်တွေ့စမ်းသပ်အဆင့်မပြုလုပ်ခဲ့ကြောင်း ဆိုသည်။
Beijing Kexing Zhongwei Biotechnology Co., Ltd., ဒုတိယအထွေထွေမန်နေဂျာ မုန့်ဝေက SINOVACအနေဖြင့် အိုမီခရွန် ဗိုင်းရပ်စ်၏အခြေအနေကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း၊ တောင်အာဖရိက အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့်နီးကပ်သည့်ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်များ ပြုလုပ်နေရာ လက်ရှိကာကွယ်ဆေးက ဗီဇပြောင်းဗိုင်းရပ်စ်အား ကာကွယ်ထိရောက်မှု စသည့် ကိန်းဂဏန်းများကို အမြန်ဆုံး သုံးသပ်နိုင်အောင် ကြိုးပမ်းနေကြောင်း ဆိုသည်။ တစ်ချိန်တည်းတွင်ပင် ဗိုင်းရပ်စ်နှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ သုတေသနလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

(Xinhua)

 

 

Read times
Rate this item
(0 votes)