What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 20 November 2021 09:56

Sinopharm ကိုဗစ်-၁၉ကာကွယ်ဆေး ပန်းလှိုင်ဆေးရုံမှာ စာရင်းပေးသွင်းပြီး ထိုးနှံနိုင်

Yoma Siloam Hospital Pun Hlaing (PHH) က Sinopharm Covid-19 ကာကွယ်ဆေးကို ပုဂ္ဂလိကအစီအစဉ်ဖြင့် ထိုးနှံပေးနေပြီ ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။


OUE Lippo Healthcare နှင့် First Myanmar Investment တို့ ဖက်စပ်လုပ်ကိုင်လျက်ရှိတဲ့ ဆေးရုံလုပ်ငန်းအနေဖြင့် ထိုးဆေးများ ပထမအသုတ်ကို လက်ခံရှိထားပြီးကြောင်း OUE Lippo Healthcare က အသိပေးပြောကြားခဲ့ပါတယ်။
PHH အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ဖြင့် Sinopharm ကာကွယ်ဆေးကို တင်သွင်းထိုးနှံပေးနိုင်သည့် ပထမဆုံးသော ပုဂ္ဂလိကဆေးရုံလုပ်ငန်း ဖြစ်ကြောင်း သိရပါတယ်။ Sinopharm ထိုးဆေး ကြိမ်ရေ ၄၀၀,၀၀၀ တင်သွင်းဖို့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။
PHH က ကိုဗစ်ကပ်ဘေးကာလမှာ ကိုဗစ် ဆေးစစ်ခြင်း၊ ကိုဗစ်လူနာ ကုသခြင်းများ လုပ်ကိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးခြင်းကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး မြို့များမှာ ဆေးထိုးရန် စင်တာ ၄ ခု စီစဉ်ထားပြီး တစ်ရက်လျှင် ၁၀,၀၀၀ ဦးအထိ ထိုးနှံပေးနိုင်ကြောင်း သိရပါတယ်။
မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်းမှ တင်သွင်းပေးသည့် Sinopharm ကာကွယ်ဆေးများဖြင့်လည်းကောင်း၊ ကုလသမဂ္ဂဌာနေအဖွဲ့အစည်းများမှတင်သွင်းသည့် ကာကွယ်ဆေးများဖြင့်လည်းကောင်း ပန်းလှိုင်ဆေးရုံသည် ကာကွယ်ဆေးအလုံးပေါင်း ၇၀,၀၀၀ ကျော် ထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။

Booking တင်ရန် ထိလိုက်ပါ


Pun Hlaing Hospitals - Vaccine Centre
BOOK HERE


ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့များတွင် ရှိသော ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများနှင့် ပန်းလှိုင် COVID-19 ကာကွယ်ဆေးစင်တာများတွင်လည်း ကိုယ်တိုင်သွားရောက်၍လည်း ဝယ်ယူစာရင်းပေးသွင်းနိုင်ပါတယ်။


စုံစမ်းမေးမြန်းရန်
Hotline: 01 23 99 222
(မနက်၈နာရီမှ ညနေ၅နာရီအတွင်းသာ)

Read times Last modified on Saturday, 20 November 2021 10:00
Rate this item
(0 votes)