What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 December 2021 11:31

ပိုးသစ်ကြောင့် ကန့်သတ်မှုတွေ ကြုံရမှာ မလေးရှားရောက် မြန်မာတွေစိုးရိမ်

ပိုးသစ်ကြောင့် ကန့်သတ်မှုတွေ ကြုံရမှာ မလေးရှားရောက် မြန်မာတွေစိုးရိမ်

မလေးရှားနိုင်ငံမှာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronကူးစက်သူတဦးကို ဒီဇင်ဘာလ၂ ရက်နေ့မှာစတင်တွေရှိခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနကကြေငြာခဲ့ပြီးနောက် ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေးအစီအမံများကို ပြင်ဆင်သွားနိုင်ဖွယ်ရှိတယ်လို့ဆိုထားပါတယ်ဒီအတွက် အရင်လို့ ကိုဗစ်စည်းကမ်းတွေနဲ့ကန့်သတ်ပိတ်ဆို့တာတွေကို လုပ်လာနိုင်ဖွယ်ရှိတယ်လို့မလေးရှားရောက်မြန်မာတွေကဆိုပါတယ် ။


‌တောင်ဖရိကနိုင်ငံက လာတဲ့ မလေးရှားနိုင်ငံသားမဟုတ်တဲ့ခရီးသွားတဦးထံကနေ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronကူးစက်သူတဦးကို ဒီဇင်ဘာလ၂ ရက်နေ့မှာစတင်တွေ့ရှိခဲ့တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာခဲ့တာပါ ။

မလေးရှားနိုင်ငံရဲ့သတင်းတွေမှာတော့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ အမျိုး သမီး တစ်ဦးဟာနိုဝင်ဘာလ ၁၉ ရက်နေ့မှာ တောင်အာဖရိကကနေ စင်္ကာပူကို ရောက်ရှိလာခဲ့ပြီးနောက် စင်္ကာပူကတဆင့် မလေးရှားနိုင်ငံကွာလာလမ်ပူ လေဆိပ်မှာ ကိုဗစ်စစ်ဆေးခံယူခဲ့ရာမှာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron ကို တွေရှိခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်

မလေးရှားကျန်းမာရေးဝန်ကြီးဌာနကတော့ Omicron နဲ့ပတ်သက်လို့အခြေအနေတွေကိုလေ့လာစောင့်ကြည့်နေပြီး ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ပြင်ဆင်ချက်တွေထုတ်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။

ကိုဗစ်ကူးစက်မူတွေနေစဉ် လူဦးရေ ၅ထောင်ထက်မနည်းကူးစက်မူ့ရှိနေတဲ့ မလေးရှားနိုင်ငံဟာ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicron နဲ့ပတ်သက်လို့ မကြာခင်မှာ ပိတ်ဆို့ကန့်သတ်မူတွေလုပ်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ် အာဖရိက ၈နိုင်ငံကိုတော့ ဒီဇင်ဘာလ၁ရက်နေ့ကစလို့ပြည်ဝင်ခွင့်မပေးတော့ပဲကန့်သတ်ထားကြောင်းမလေးရှား ထိမ်းသိမ်းရေးစခန်းကမြန်မာတွေကိုအကူညီပေးနေတဲ့အလုပ်သမားရေးလှုပ်ရှားသူဦးသီဟမောင်မောင်ကအခုလိုပြောပြပါတယ်


"သူတို့အနှေးနဲ့အမြန်ကြေငြာဖို့တော့ရှိပါတယ်ခင်ဗျ ။လောလောဆည်ပိတ်ထားတာက အဝင်ကိုပဲပိတ်ထားသေးတယ် ။ဖြေလျော့ပေးတာကပြီးခဲ့တဲ့ ၈လပိုင်းလောက်မှ ဖြေလျော့ပေးတာအဲဒီတုန်းက တော့ Lock down တွေကိုဖြေပေးပြီးပုံမှန်သွားလာခွင့်တွေပေးတယ်။
သွားလာတယ်ဆိုပေမယ့်လည်းကန့်သတ်ချက်တွေအတိုင်း သွားတဲ့အခါ Mask တပ်ရမယ် စူပါမတ်ကက်ကိုဝင်ရင် ဆေး ၂ကြိမ်ထိုးပြီးသားဖြစ်ရမယ်။အပူချိန်တိုင်းရမယ် စည်းကမ်းချက်အတိုင်းတော့ဖြစ်ရမယ်ပေါ့ရောဂါကူးစက်တာက ၅ထောင်ကျော် ၆ထောင်ကတော့မလျော့ပေမယ်ပုံမှန် သွားလာနေတဲ့အတွက် အဲဒီလိုဆက်ရှိနေမယ် ဒီရောဂါက ကူးစက်တာမြန်မယ်ဆိုရင် အရင်လို့ တော့ Lock downပြန်ချဖိုအစီစဉ်ရှိလိမ့်မယ်ထင်တယ်။ဒါတောင် Case တခုအနေနဲ့တွေ့သေးတာလေ။ နေရာပေါင်းစုံမှာတွေ့ရင်တော့မပြောတတ်ဘူး။နေရာပေါင်းစုံမှာတွေ့ရင်တော့သူတို့ ဒီရောဂါကိုနိုင်အောင်ဘယ်လိုကိုင်တွယ်မလဲဆိုတာစောင့်ကြည့်ရတာပေါ့။"

မလေးရှားကျန်းမာရေးဝန်ကြီးဌာနကတော့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronနဲ့ပတ်သက်လို့ ဒေသတွင်းကူးစက်မှုတွေဘယ်‌ ‌ ‌လောက်ထိအရေအတွက်ရှိမလဲဆိုတာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမူ့အခြေအနေတွေကိုသုံးသပ်သွားမယ်လို့ ဆိုပါတယ်။
ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronနဲ့ပတ်သက်လို့မြန်မာတွေကြားမှာ တော့စိုးရိမ်စိတ်တွေရှိပြီး စီနိုဗစ်ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေကတော့ တတိယမြောက်ကာကွယ်ဆေးထိုးနှံတာတွေရှိတယ်လို့ဆိုပါတယ်။

"ဒီရောဂါပိုးစတွေ့ပြီဆိုတော့အနည်းနဲ့အများစိုးရိမ်ပူပန်မူတွေတော့ရှိကြပါတယ်။ တခုပဲ အခု ကာကွယ်ဆေးကိုလည်းတတိယအကြိမ်ထိုးဖို့ တချို့ appointment ကျတဲ့သူတွေလည်းစတော့ထိုးနေရပြီ"

မလေးရှားနိုင်ငံအနေနဲ့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ် Omicronနဲ့ပတ်သက်လို့ အန္တရာယ်များတဲ့ နိုင်ငံအချို့ကိုခရီးသွားလာတဲ့ကန့်သတ်ချက်တွေ အပြင် ကြိုတင်ကာကွယ်ထိမ်းချုပ်ရေးအစီအမံများကိုပြုလုပ်နေတယ်လို့လည်းပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်တာအတွင်းမှာ ကျောင်းသားတွေ အလုပ်ကိစ္စတွေနဲ့ PR ရပြီးသား သူတွေ သံတမန်တွေကိုသာလက်ခံပြီးအခုချိန်ထိအလည်ဗီဇာနဲ့လာရောက်တာတွေကိုတော့ခွင့်မပြုသေးပါဘူး။ အခုလို ဗီဇပြောင်းကိုဗစ်ရောဂါပိုးအသစ်တွေ့ရှိခဲ့အတွက် နိုင်ငံတွင်းကန့်သတ်မူတွေကိုပါအရင်လိုပြန်လုပ်သွားဖွယ်ရှိတယ်လို့မလေးရှားရောက်မြန်မာတွေက သုံးသပ်ပြောဆိုကြပါတယ်မလေးရှားနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ ၂သန်း ၆သိန်းကျော်ရှိပြီးသေဆုံးသူက သုံးသောင်းကျော်ရှိပါတယ်။

VOA

Read times
Rate this item
(0 votes)