What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 December 2021 17:29

ကာကွယ်ဆေး မထိုးထားသူ ပါလာလျှင် လေကြောင်းလိုင်းကို ဒေါ်လာ ၃,၅၀၀ ဒဏ်ရိုက်မည်

ကာကွယ်ဆေး မထိုးထားသူ ပါလာလျှင် လေကြောင်းလိုင်းကို ဒေါ်လာ ၃,၅၀၀ ဒဏ်ရိုက်မည်

ကိုဗစ်ကာကွယ်ဆေး မထိုးထားသည့် ခရီးသည် ခေါ်လာလျှင်ဖြစ်စေ၊ လေဆိပ်ဆိုက်ရောက် ဆေးစစ်သည့်အခါ ကိုဗစ် ပိုး‌ေတွ့ positive ရလဒ် ထွက်သည့် ခရီးသည် ပါလာလျှင်ဖြစ်စေ လေကြောင်းလိုင်းကို အဆိုပါ ခရီးသည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃,၅၀၀ ဒဏ်ရိုက်မယ်လို့ ဂါနာနိုင်ငံရဲ့ မြို့တော် အက်ခရာရှိ Kotoka International Airport က ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ဆိုက်ရောက်ခရီးသည်တွေမှာ COVID-19 ပိုးရှိသူများ တွေ့ရှိခဲ့ရာ ဂါနာမှာ ကူးစက်ခံလူနာဦးရေစုစု‌ေပါင်းရဲ့ ၆၀%ဟာ လေဆိပ်မှ ခရီးသည်များဖြစ်နေပါတယ်။
ဂါနာသို့ ဝင်လာသူတိုင်း ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသူဖြစ်ရမည်ဆိုတဲ့ ပြဌာန်းချက်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

CNN

Read times Last modified on Wednesday, 15 December 2021 17:31
Rate this item
(0 votes)