What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 April 2020 18:27

17 April 2020 အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ

 

အာဆီယံတွင် ကိုဗစ်လူနာစုစုပေါင်း 25,000  နီးပါးသို့  ရောက်ရှိ

ယနေ့ လူနာသစ် 1,400 ကျော် အတည်ပြု

သေဆုံးဦးရေ 1,000 စွန်းစွန်း ရောက်ရှိ

 

စင်ကာပူ (728) သည် အာဆီယံတွင် လူနာသစ်အတည်ပြုခြင်း အများဆုံး ဖြစ်သည်။ 

အဓိကအကြောင်ရင်းဖြစ်သော ရွှေ့ပြောင်းလုပ်သားများ ပေါင်းစုနေထိုင်သည့် အဆောင်တိုက်တာတွင် cluster အစုအဖွဲ့လိုက် ကူးစက်ခြင်း ဖြစ်ပွားနေသည်မှာ ထင်ထားသည်ထက် ပိုမိုဆိုးဝါးပြီး ကူးစက်မှု ပိုမြန်ဆန်နေသည်။ 

မလေးရှားနှင့် ထိုင်း နှစ်နိုင်ငံသည် လော့ဒေါင်းကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်းနှင့်အတူ ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ကျောထောက်နောက်ခံ ကောင်းခြင်းကြောင့် အခြေအနေကို ထိန်းချုပ်ထားနိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်။ လူအချို့ စည်းပျက်ကမ်းပျက်ခြင်းများ ရှိခဲ့လျှင်သာ ပြန်ဆိုးဖို့ ရှိလိမ့်မည်။

 

ဘရူနိုင်းနှင့် CLMV တို့တွင် ဆေးစစ်ချက်များထံမှ အတည်ပြုလူနာအသစ် ထွက်ပေါ်ခြင်း မရှိ။ သေဆုံးလူနာလည်း မရှိချေ။ 

ဆေးစစ်ခြင်းနှင့် သတင်းပို့ခြင်း လုပ်ထုံးလုပ်နည်းတို့အပေါ် မေးခွန်းထုတ်စရာ ရှိနေသည်ဟု သုံးသပ်ကြသည်။ 

 

အာဆီယံဒေသတွင် COVID-19 ကူးစက်ပျံ့နှံ့ခြင်းကို ထိန်းသိမ်းရာ၌ အများက ထင်ထားသည်ထက် ပိုကောင်းမွန် နေသည်။ ကမ္ဘာ့အခြား နေရာအချို့တို့ကဲ့သို့ ဆိုးဆိုးဝါးဝါး ထိန်းမနိုင်သိမ်းမရ မဖြစ်ပွားသည်မှာ ကောင်းသည့် လက္ခဏာ ဖြစ်သည်။ 

 

WHO 7:00PM GMT+8 17  April 2020

 

 


 




 




 



 


 


 


 

Read times Last modified on Friday, 17 April 2020 18:30
Rate this item
(0 votes)