What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 31 December 2021 11:01

ကမ္ဘာတဝန်း အိုမီခရွန်ကူးစက်မှု စံချိန်တင်မြင့်တက်၊ ဗိုင်းရပ်စ်မျိုးဗီဇကွဲ ၂ ခု အန္တရာယ်ကို WHO သတိပေးလာ

ကမ္ဘာတဝန်း အိုမီခရွန်ကူးစက်မှု စံချိန်တင်မြင့်တက်၊ ဗိုင်းရပ်စ်မျိုးဗီဇကွဲ ၂ ခု အန္တရာယ်ကို WHO သတိပေးလာ

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲနှစ်ခုဖြစ်တဲ့ ဒယ်လ်တာနဲ့ အိုမီခရွန် ကူးစက်မှုတွေဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ဆူနာမီရေလှိုင်းကြီးတစ်ခုလို ကူးစက်နိုင်တဲ့အန္တရာယ်ကြီးမားတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲက ပြောလာပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတဝန်းနိုင်ငံတွေမှာ စံချိန်တင်ကူးစက်မှုတွေမြင့်တက်လာချိန် WHO အကြီးအကဲက အခုလိုပြောလာတာပါ။
အိုမီခရွန်မျိုးကွဲဟာ ဒယ်လ်တာမျိုးကွဲထက် ကူးစက်နှုန်းမြန်ပြီး ပြင်းထန်နှုန်းလျော့ပေမဲ့ နိုင်ငံတော်တော်များများမှာ ကူးစက်မှုအားကောင်းလာနေတယ်လို့ လေ့လာချက်တွေကဖော်ပြနေပါတယ်။
ဒါပေမဲ့ WHO အကြီးအကဲကတော့ ဒီမျိုးကွဲ ၂ ခုစလုံးဟာ လက်ရှိကူးစက်မှုအားလုံးနောက်ကွယ်ကတရားခံတွေဖြစ်ပြီး နှစ်ထပ်ကွမ်းခြိမ်းခြောက်မှုဖြစ်တယ်လို့ သတိပေးပြောဆိုပါတယ်။
'' ဒီအခြေအနေဟာ ခြေကုန်လက်ပန်းကျနေတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ပြိုလုလုကျန်းမာရေးစနစ်တွေအတွက် ကြီးမားတဲ့ဖိအားတွေ ဆက်ဖြစ်နေစေပါတယ်'' လို့ WHO အကြီးအကဲက ပြောပါတယ်။
တစ်ဖက်မှာလည်း မြန်မာအပါအဝင် အိမ်နီးချင်းထိုင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အိုမီခရွန်မျိုးကွဲကူးစက်မှုတွေ ရှိလာနေပါတယ်။
မြန်မာပြည်တွင်းမှာဆို ဒူဘိုင်းနိုင်ငံကနေ တဆင့်ဝင်ရောက်လာသူ ၄ ဦးမှာ အိုမီခရွန်မျိုးကွဲ ကူးစက်မှုတွေ့ခဲ့ပြီး အဲဒီလူတွေအားလုံးဟာ ဆေးရုံကနေ ဆင်းသွားပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း ကူးစက်မှု ၇၄၀ အထိမြင့်တက်လာပြီး အဲဒီထဲက ကူးစက်မှု ၄၉၀ နီးပါးဟာ ပြည်ပကနေ ဝင်ရောက်လာသူတွေဆီမှာတွေ့ရှိလာလို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာဆို ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ တစ်နေ့တည်းမှာ ကိုဗစ်ကူးစက်မှုအသစ် ၁၄ ခု တွေ့ရှိထားပြီး အားလုံးဟာ အိုမီခရွန်မျိုးကွဲကူးစက်မှုဖြစ်သလို ပြည်ပကနေ ဝင်ရောက်လာသူတွေဆီမှာတွေ့ရှိလာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံမှာဆိုရင်လည်း မနေ့ ဒီဇင်ဘာလ ၂၉ ရက်တုန်းက အိုမီခရွန်ကူးစက်မှုအသစ် ၁၇၀ အထိတွေ့ခဲ့ပြီး အဲဒီထဲက ၁၅၀ ကျော်ဟာ ပြည်ပကနေလာသူတွေဆီက တွေ့ရှိတာဖြစ်သလို ၁၉ ခုကတော့ ပြည်တွင်းကူးစက်မှု ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း 

Read times
Rate this item
(0 votes)