What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 November 2020 09:52

COVID ရောဂါကာကွယ်ဆေးအတွက် ပထမဆုံး မှတ်တိုင်ဖြစ်လာနိုင်သည့် Pfizer vaccine

Pfizer နှင့် BioNTech မှ ထုတ်လုပ်မည့် ကိုဗစ်ကာကွယ်ဆေးသည် ကိုဗစ်ဖြစ်ခြင်းမှ ၉၀% နှင့်အထက် ကာကွယ်နိုင်ကြောင်း ကနဦးသတင်းအရ သိရပါသည်။

 

အဆိုပါကာကွယ်ဆေးကို တိုင်းပြည် ၆ ခုရှိ လူပေါင်း ၄၃,၅၀၀ တွင် စမ်းသပ်ထားပြီး အဆိုပါဆေး၏ အန္တရာယ်ကင်းနိုင်မှုနှင့် ပတ်သက်၍ ရလဒ်မထွက်ပေါ်သေးပါ။

 

ယခုလအကုန်တွင် အရေးပေါ်သုံးခွင့်ရရန် emergency approval တောင်းခံမည်ဟုသိရသည်။

 

စိန်ခေါ်မှုပေါင်းများစွာရှိနေသော်လည်း ယခုနှစ်ဆောင်းတွင်းတွင် ပုံမှန်လူမှုဘဝကို ရောက်ရှိစေဖို့ မျှော်လင့်ချက်ရောင်ခြည်လည်းဖြစ်ပါသည်။

 

အဆိုပါဆေးအတွက် phase 3 clinical trial နောက်ဆုံးအဆင့်ပေါင်းများစွာကျန်ရှိနေပါသေးသည်။

 

ယခုကာကွယ်ဆေးသည် ပိုး၏ မျိုးရိုးဗီဇကိုပြုပြင်ထားသော အစိတ်အပိုင်းကို ထိုးပေးပြီးခန္ဓာကိုယ်၏ ခုခံအားကို လှုပ်နှိုးပေးစေခြင်းဖြင့် ကာကွယ်မှုရရှိစေနိုင်ခြင်းဖြစ်ပါသည်။

 

အဆိုပါဆေးကို ၃ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး အဆိုပါဆေးကို အမေရိက, ဂျာမဏီ, ဘရာဇီး, အာဂျင်တီးနား, တောင်အာဖရိကနှင့် တူရကီနိုင်ငံတို့တွင် စမ်းသပ်ထားခြင်းဖြစ်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး တစ်ပတ်အတွင်း လူပေါင်း ၉၀% ကျော်သည် ကိုယ်ခံအား ရရှိလာခြင်းဖြစ်သည်။

 

ဆေးကုမ္ပဏီအနေဖြင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေး သန်း ၅၀ ထုတ်လုပ်မည်ရည်မှန်းထားပြီး ၂၀၂၁ ကုန်တွင် ၁.၃ ဘီလီယမ် (သန်း ၁,၃၀၀) ထုတ်လုပ်ရန် ရည်မှန်းထားသည်။

 

UK သည် ယခုနှစ်ကုန်တွင် ကာကွယ်ဆေး ၁၀ သန်း ရရှိရန်ဆောင်ရွက်နေပြီး နောက်ထပ်သန်း ၃၀ မှာကြားထားပြီးဖြစ်သည်။

 

အဆိုပါ ကာကွယ်ဆေးအတွက် အဓိက စိန်ခေါ်မှုမှာ ကာကွယ်ဆေးထိန်းသိမ်းမှုအတွက် အအေးလမ်းကြောင်းကို အနှုတ် ၈၀ ဒီဂရီဆဲစီယပ်စ် အအေးချိန်တွင် ထားရှိရမည်ဖြစ်သည်။

 

မှတ်ချက် ...အဆိုပါကာကွယ်ဆေးနှင့်ပတ်သက်၍ ယနေ့ထုတ် (၉/၁၁/၂၀၂၀) BBC News တွင် ဖော်ပြထားသည်ကို အကျဉ်းချုပ်တင်ပြထားခြင်းဖြစ်ပါသည်။

>> Click Here <<

 

ဒေါက်တာခင်ခင်

Read times
Rate this item
(0 votes)