What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 February 2022 12:29

Omicron မျိုးကွဲသစ် ပြည်တွင်း အစုလိုက်ကူးစက်မူ

Omicron မျိုးကွဲသစ် ပြည်တွင်း အစုလိုက်ကူးစက်မူ

မြန်မာနိုင်ငံမှာ ကိုဗစ်-19 မျိုးကွဲသစ်ကို တွေ့ရှိလာတာ တစ်လကျော်လာပြီး၊ အပါတ်စဉ် ရာဂဏန်းနဲ့ချီ ကူးစက်နေတာကို တွေ့ရပြီး၊ မြင့်တက်လာရာကနေ၊ နောက်ဆုံး ရန်ကုန်က စက်ရုံဝန်ထမ်းတွေမှာလည်း အစုလိုက်ကူးစက်နေတာကို တွေ့နေပါပြီ။

ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မူဇုံရှိ မှန်ဘီလူးစက်ရုံ (Asia Optical) မှာ မကြာခင်ကပဲ ဝန်ထမ်း (၂၂၀၀) ကျော်ကို ကိုဗစ်စစ်ခဲ့ရာမှာ (၃၀)% ကျော်အဖြစ် (၇၀၀) ကျော်မှာ တွေ့ခဲ့ပြီး၊ ဒီအထဲကမှ (၁၀) ဦးကို နမူနာအဖြစ် Omicron ဆက်စစ်ခဲ့ရာမှာတော့ (၁၀) ဦးလုံးမှာ တွေ့ခဲ့တာမို့ Omicron ဖြစ်နိုင်ခြေက (၁၀၀)% အထိဖြစ်သွားပြီလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြလိုက်ပါတယ်။ ဒါ့အပြင် အခုလို တွေ့လိုက်တာက တကယ့်အောက်ခြေမှာ အများကြီး အစိုင်အခဲလိုက် ဖြစ်နေနိုင်တာရဲ့ အပေါ်ယံအစိတ်အပိုင်းလေးမျှသာ (Tip of the Iceberg) ဖြစ်နိုင်တာမို့ ၊ လုံးဝ ပေါ့ပေါ့ဆဆမထားဘဲ ကာကွယ်ကုသမူတွေကို ပိုပြင်ဆင်ဖို့ ကျန်းမာရေးပညာရှင်တွေက အထူးသတိပေးလိုက်ပါတယ်။ အကြောင်းက အခုပိုးတွေ့ထားသူတွေနဲ့ ထိတွေ့ခဲ့ပြီးတဲ့ အိမ်သားတွေမှာ ကူးစက်မြန်လွန်းတဲ့ Omicron ကူးပြီးသား ဖြစ်နေနိုင်လို့ပါ။ ဒီကူးစက်ခံထားရပြီးသူတွေထဲမှာ သက်ကြီး (အသက် ၆၅ နှစ် အထက်) ရောဂါအခံ (ဆီးချို၊ သွေးတိုး၊ အဝလွန်၊ ကင်ဆာ၊ ကျောက်ကပ်မကောင်းတာ စတာ) တွေ ရှိထားလျှင်တော့ ကာကွယ်ဆေး (Vaccine) ထိုးထားလျှင်တောင် အန္တရာယ်ကြီးလာနိုင်ပါတယ်။

Omicron မျိုးကွဲသစ်အနေနဲ့ လက်ရှိတွေ့ရှိချက်ထားချက်အရ ပြင်းထန်တဲ့လက္ခဏာပြတာတော့ မတွေ့ရသေးဘဲ၊ ကာကွယ်ဆေးထိုးထားပြီးသူတွေ ရှိလာတာကြောင့်လည်း အခုလို မပြင်းထန်သေးတာ ဖြစ်နိုင်ပါတယ်။ အခုအချိန်ထိ နိုင်ငံတကာ အတွေ့အကြုံတွေအရ Omicron ရဲ့ ထူးခြားမူက အဆုပ်ကို သိပ်မထိခိုက်ဘဲ၊ လေပြွန်အပေါ်ဖက်ပိုင်း (Upper Airway) ကိုသာ အဓိက ထိခိုက်တာတွေ့ထားရပြီး၊ နောက်ဆုံးတွေ့ထားတဲ့ အဓိက လက္ခဏာ (၂) ခုက လည်ချောင်းအလွန်နာတာနဲ့ ချောင်းဆိုးတာပါ။ အခုလို လက္ခဏာ မပြင်းထန်သေးပေမဲ့၊ ဒီမျိုးကွဲသစ်မှာ ကူးစက်တာ ဆတိုးမြန်လွန်းတာကိုတော့ တွေ့ရှိထားပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေ အရင်ကိုဗစ် ဖြစ်ထားခဲ့သူတွေမှာလည်း Omicron ကူးစက်ခံရနိုင်တာမို့၊ စက်ရုံ အလုပ်ရုံထဲ (ထမင်းဆိုင်ထဲ) အတူတူလုပ်၊ အတူူတူစားကြသူတွေမှာ ကူးစက်မူတွေ့တာ ရုတ်တရက် များလာတာ ဖြစ်နိုင်ကာ၊ Mask ပါးစပ်နဲ့ နှာခေါင်းစည်း အသေအချာ မတပ်တာကလည်း အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

အခုလို Omicron ကူးစက်မြန်လွန်းတာက ကြောက်စရာမဟုတ်ပေမဲ့၊ လူငယ်တွေသာဖြစ်ပြီး မပြင်းထန်သေးတာမို့ သေးသေးမွှားမွှားရောဂါအဖြစ် မပေါ့ဆမိဖို့တော့ အထူး အရေးကြီးပါတယ်။ တကယ်တော့ Omicron ကြောင့် အရင်ကိုဗစ် သိပ်အကူးမခံခဲ့ရတဲ့ ကလေးတွေမှာ အခု (၂၀)% အထိ၊ ကူးစက်ခံလာရပြီး တချို့ဆေးရုံတင်ရတာပါ အမေရိကန်မှာ တွေ့ထားပြီးပါပြီ။ မြန်မာနိုင်ငံမှာလည်း တရုတ်ကာကွယ်ဆေးက ဒီမျိုးကွဲသစ်အပေါ် ထိရောက်မူရှိတဲ့ အထောက်အထား မတွေ့ရသေးတာအပြင်၊ ၁၂ နှစ်အောက် ကလေးငယ်တွေမှာလည်း ကာကွယ်ဆေး မထိုးပေးနိုင်သေးချိန်မှာ လုံးဝ မပေါ့ဆသင့်ပါဘူး။ ဒါပေမဲ့ ကလေးတွေမှာ Omicron ဖြစ်လာလျှင်တောင် လူကြီးတွေလိုတော့ ပြင်းထန်တာ မတွေ့ရသေးပါဘူး။

တကယ်တော့ Omicron ဖြစ်လာအပြီး၊ အမေရိကန်က ဆေးရုံတွေမှာလည်း အလားတူ အများကြီး ကူးခံခဲ့ရကာ၊ မြန်မာနိုင်ငံအတွက်လည်း သင်ခန်းစာယူနိုင်ပါတယ်။ နယူးယောက်က Wyckoff Heights ဆေးရုံမှာဆိုလျှင် ပိုးအမြင့်ဆုံးတက်မှတ် (Peak) ရောက်ချိန်မှာ ဆေးရုံဝန်ထမ်း တစ်ဝက်ကျော်အထိ အကူးခံခဲ့ရပါတယ်။ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ ဒီဆေးဝန်ထမ်းတွေမှာ အခုလို ကူးစက်ခံရပေမဲ့၊ အမြန်ပြန်ကောင်းလာတာပြီး၊ အပြင်ဆေးခန်းတွေ ပိတ်ထားကာ အဲ့ဒီက ကျန်းမာရေးလုပ်သားတွေပါ ဆေးရုံမှာ ပြန်ခေါ်ထားတာနဲ့ တခြားအရေးမကြီးတဲ့ ခွဲစိတ်မူတွေကို ဆိုင်းထားခဲ့တာကြောင့်၊ တစ်လခန့်သာ ဆေးရုံဝန်ပိတ်သွားခဲ့ပါတယ်။ အခုလို ဆေးဝန်ထမ်းတွေ အများကြီးလျှော့၊ ဝန်ပိလာချိန်မှာ၊ အမေရိကန်စစ်တပ်နဲ့ တခြားအဖြစ်မများတဲ့ ဒေသတွေက ဆေးဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေ၊ အလုပ်မရသေးတဲ့ ဆေးကျောင်းဘွဲ့ရပြီးသားတွေ ချက်ချင်း အစားထိုး လာကူပေးနိုင်အောင် ကြိုပြင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူနာတွေ ဆတိုးများလာတာနဲ့အမျှ အန္တရာယ်ကြီးသူတွေ ကာကွယ်ဆေး မထိုးထားသူတွေမှာတော့ သေဆုံးနှုန်းကလည်း လိုက်တက်လာတာမို့၊ ရေခဲတိုက်တွေမှာထားဖို့ မဆန့်တော့တဲ့အထိ သေဆုံးမူကတော့ မြင့်မားခဲ့ပါတယ်။

 

ဗီအိုအေ

Read times
Rate this item
(0 votes)