What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 July 2022 11:12

အရေးပေါ်အခြေနေ ကြေငြာထားသော်လည်း သီးသန့်ကာကွယ်ဆေး အကြံပြုထားခြင်း မရှိသေးတဲ့ မျောက်ကျောက်ရောဂါ

စနေနေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါဖြစ်ပွားမှု ကို နိုင်ငံတကာက စိုးရိမ်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ပါတယ်။

WHO မှ ရောဂါဖြစ်ပွားမှုအား ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် WHO မှ ကာကွယ်ဆေးအတွက် အကြံပြုထားခြင်း မရှိသေးပေးပါဘူး။

စင်္ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု တဖြည်းဖြည်းတိုးလာပြီး လူဦးရေအမြောက်အမြား ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (MOH) မှာ ၂၅ ရက် တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

စင်ကာပူတွင် ပြည်ပမှ ဝင်ရောက်လာသူ ၄ ဦး နှင့် ပြည်တွင်းတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၄ ခု ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူတို့ကနေ တခြားလူတွေကို ကူးစက်တဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

My_yangon1.jpg

ဇူလိုင် ၂၄ ရက်က သတ္တမနှင့် အဋ္ဌမမြောက် မျောက်ကျောက်ရောဂါဖြစ်ပွားသူကို စစ်ဆေးတွေ့ရှိခဲ့သည်။

ကမ္ဘာတစ်ဝှမ်းတွင် အနောက်နိုင်ငံများနှင့် အာဖရိကနိုင်ငံများ အပြင်ဘက်တွင် မေလအစောပိုင်းကတည်းက မျောက်ကျောက်ရောဂါကူးစက်မှု မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေသည် ကမ္ဘာလုံးဆိုင်ရာရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် WHO ၏ထိပ်တန်းသတိပေးချက်ဖြစ်လာပါ။

United States Centers for Disease Control and Prevention (CDC) ၏ အဆိုအရ Jynneos နှင့် ACAM2000 ကျောက်ရောဂါကာကွယ်ဆေးများကို အမေရိကန်တွင် လက်ရှိအသုံးပြုနေပြီး 85 ရာခိုင်နှုန်းအထိ ထိရောက်မှုရှိပြီ ပြင်းထန်းသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်တယ်လို့လည်း သိရပါတယ်။

US Food and Drug Administration (FDA) ရဲ့ ပြောကြားချက်အရ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးထိုးထားပြီသူတစ်ယောက်က မထိုးရသေးသူများနှင့် အနီးကပ် ထိတွေ့မိပါက ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ynneos ကာကွယ်ဆေးရဲ့ ဆိုးရွားသော တုံ့ပြန်မှုများတွင် ကြွက်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်းနှင့် ချမ်းတုန်ခြင်းတို့ ပါဝင်နိုင်ပါတယ်။

#Myamnar Health Products Guide

Ref: CNA

My_yangon.jpg

Read times Last modified on Wednesday, 27 July 2022 13:57
Rate this item
(2 votes)