What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 April 2022 15:51

ကွာရတင်းမလိုပဲ စင်ကာပူသို့သွားလည်နိုင်ပြီ။

Covid ဖြစ်ပြီးနောက်ပိုင်း နိုင်ငံအတော်များများမှာ အလွယ်တကူ ဝင်ရောက်သွားလာခွင့် မရှိတော့ပဲ

ကွာရတင်း အနည်းဆုံး တစ်ပတ် နှစ်ပတ်လောက် ဝင်ပြီးမှသာ ဝင်ရောက်သွားလာလို့ ရနိုင်ကြတာတွေဖြစ်လာပါတယ်။ ပိတ်ရက် အပန်းဖြေချင်သူတွေပြီးတော့ စိတ်အပန်းဖြေဖို့ ပြည်ပကိုသွားရောက်လည်ပတ်ချင်သူတွေ အနေနဲ့ ကွာရတင်း ဝင်ရတာတော့ တစ်ချို့အတွက် စိတ်ရှုပ်စရာ တစ်ခုလို့ မြင်ရတာတွေ ရှိတတ်ပါတယ် ။

အခု ဧပြီလမှ စင်ကာပူနိုင်ငံကို လည်ပတ်ချင်သူတွေ အတွက် ဧပြီလက  စပြီးကွာရတင်း တစ်ရက်သာ ဝင်ရတော့မှာ ဖြစ်ပါတယ်။ စင်ကာပူကို သွားရောက် လည်ပတ်ဖို့ စောင့်ဆိုင်းနေကြတဲ့ ခရီးသွားသူတွေ အနေနဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ထိုနိုင်ငံသို့ ကွာရန်တင်းမလိုပဲသွားရောက်နိုင်ပြီပဲ ဖြစ်ပါတယ် ။ 

အရင်က စင်ကာပူနိုင်ငံဝင်ရောက်ခွင့်ကို Vaccinated Travel Lanes (VTL) နိုင်ငံဆိုပြီးသီးသန့်ခွဲထားပေမယ့် အခုအခခါမှာတော့ မည်သည့်နိုင်ငံကမဆို ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူတိုင်းကို ဝင်ရောက်ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

 အလုပ်သဘောဖြစ်ဖြစ် အလည်အပတ်သဘောအရဖြစ်ဖြစ် လာလည်သည့်သူတိုင်း ကွာရတင်း အကြာကြီး ဝင်စရာလိုတော့မှာ မဟုတ်ပဲ တစ်ရက်သာဝင်ရမှာ ဖြစ်ပါတယ် ။ စည်းကမ်းသတ်မှတ်ချက်များ အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးထားသူ ဖြစ်ရမှာဖြစ်ပြီး အသက် ၁၂ နှစ်အောက်ကလေးများ ကတော့ ကာကွယ်မထိုးထားလည်း မိဘနှင့်အတူသွားလို့ရပါတယ်။ ဒါ့အပြင် ၄၈ နာရီအတွင်းစစ်ဆေးထားသော PCR Test negative result ပါရှိရမှာပါ။ 

အရင်လို ကာကွယ်ဆေး၂ ကြိမ်အပြည့်ထိုးထားလည်း စင်ကာပူမသွားမှီ Vaccinated Travel Pass/ Entry approval လျှောက်ထားစရာ မလိုတော့ပါ။စင်ကာပူ ရောက်သွားချိန်မှာလည်း On Arrival PCR Test စစ်ဆေးခံရမှာ မဟုတ်တော့ပဲ Stay Home Notice (SHN) ကွာရန်တင်းဝင်ရန်ပါ မလိုအပ်တော့ပါ။

Covid-19 cover ဖြစ်ပြီး၊ စင်ကာပူဒေါ်လာ 30,000 coverage ရှိသောခရီးသွားကျန်မာရေးအာမခံတော့ ဝယ်ယူသွားရန်လိုအပ်ပါတယ်။

စင်ကာပူသို့ဝင်ရောက်မည့်ခရီးသည်များအနေနဲ့ စင်ကာပူသို့မဝင်ရောက်မီ ၃ ရက်ကြိုတင်၍ Singapore Arrival Card လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။စင်ကာပူအပြင် ထိုင်းနိုင်ငံ ၊ ကွာလာလန်ပူ တို့လည်း ကွာရတင်းမလိုပဲ သွားရောက်နိုင်ပြီဖြစ်ပါတယ် ။

Read times Last modified on Tuesday, 17 May 2022 21:58
Rate this item
(0 votes)