What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 October 2021 21:32

ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူများ ပြည်တွင်းခရီးသွားလျှင် ဆေးထိုးကတ် ယူဆောင်သွားရန် လိုအပ်

COVID-19 ရောဂါကာကွယ်ဆေးအ ကြိမ်ပြည့်ထိုးထားပြီးသူများအနေဖြင့် ပြည်တွင်းခရီး မဖြစ်မနေသွားရန်လိုအပ်ပါက

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးထားသည့် QR ကုတ်ပါကတ်ကို ယူဆောင်သွားရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံ မှုနည်းနေသေးသည့်အတွက် ကာကွယ်ဆေး ထိုးပြီးသူများကို ရောဂါပိုးရှိ၊ မရှိ မစစ်ဆေး ရန်၊ Quarantine မဝင်ရန် စသည်တို့ကို ခွင့် ပြုထားခြင်းမရှိသေးကြောင်း သိရသည်။

“မြန်မာနိုင်ငံက ကာကွယ်ဆေးလွှမ်းခြုံ မှုက ရည်မှန်းထားတဲ့လူဦးရေရဲ့ လေးပုံတစ် ပုံထက် နည်းနေပါသေးတယ်။ ဒါကြောင့် လောလောဆယ်မှာ ကာကွယ်ဆေးထိုးပြီးသူ ကို ရောဂါပိုးရှိ၊ မရှိ မစစ်ဆေးဖို့၊ Quarantine မဝင်ဖို့တွေကို ခွင့်ပြုမထားသေးပါဘူး။ ခရီး သွားတဲ့အရပ်ဒေသက ကူးစက်မှုများနေရင်၊ ကာကွယ်ဆေး မထိုးရသေးသူများနေရင် ကိုယ်ကတစ်ဆင့် ကူးစက်နိုင်ဖို့ အခွင့်အ လမ်းများပါတယ်။ ဒါက မိမိအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော၊ နိုင်ငံအတွက်ပါ လိုအပ်တဲ့ ရောဂါထိန်းချုပ်ရေးအစိတ်အ ပိုင်းတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ရင် QR ကုတ်ပါတဲ့ကတ်ကို ပေးလိုက်မှာဖြစ် ပါတယ်။ မဖြစ်မနေ ခရီးသွားဖို့လိုအပ်တယ် ဆိုရင် ဒီကတ်ကိုယူဆောင်သွားပါ” ဟု ကျန်း မာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

COVID-19 ရောဂါကာကွယ်ဆေး ထိုးထားပြီးသော်လည်း ရောဂါကူးစက်မှုများ ဆက်၍ရှိနေသည့်အတွက် မပေါ့ဆသင့် ကြောင်းနှင့် အပြင်သို့သွားလာပါက ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ကာကွယ်ဆေးနှစ် ကြိမ်ထိုးရမည်ဖြစ်သည့်အတွက် ကာကွယ် ဆေး ၃၆ သန်းကျော်လိုအပ်ပြီး လက်ရှိအ နေအထားအရ မရှိသေးကြောင်းနှင့် အမြန် ဆုံးရရှိရန် ဆောင်ရွက်နေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ သိရသည်။

ကူးစက်လွယ်သည့်သူများကို ကာကွယ် နိုင်ရန် မိမိမှ ကာကွယ်ဆေးနှစ်ကြိမ်ထိုးရုံ ဖြင့်မရကြောင်း၊ ယင်းကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုဌာန (CDC က အပြင်ထွက်ပါက Mask တပ်ရန် လိုအပ်သည့်အတွက် လမ်းညွှန်ခြင်းဖြစ်ကြောင်း ၎င်းင်းကပြောကြားသည်။


ပိုးရှိသူနှင့် ထိတွေ့မှုရှိခဲ့ပါက ကာကွယ် ဆေးထိုးပြီးသော်လည်း ကူးစက်နိုင်ခြေရှိ ကြောင်း သိရသည်။

ကူးစက်မြန် Delta ဗိုင်းရပ်စ်မျိုးကွဲ ပြန့် ပွားနေချိန်တွင် ကာကွယ်ဆေးထိုးသူများက မထိုးထားသူများထက် ဆေးရုံတက်ရောက်ရ မှု ၁၀ ဆအထက်နှင့် ရောဂါကူးစက်မှု ငါးဆ လျော့နည်းသက်သာမှုရှိစေကြောင်း ကာ ကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ အမေရိ ကန် ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးဗဟို ဌာန CDC က စက်တင်ဘာ ၁၀ ရက်က သု တေသနတွေ့ရှိချက်အရ သိရသည်။

COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေး ထိုးစုရပ်များကို သွားရောက်၍ ထိုးနှံမှုခံယူ ခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင ်ဆောင်ရွက်ကြ ရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက် တွန်းထားသည်။

news-eleven.com

 

 

Read times
Rate this item
(0 votes)