What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 08 February 2020 12:05

စင်ကာပူတွင် ဗိုင်းရပ်စ်ကူးစက်မှု လိမ္မော်ရောင်အဆင့် ထုတ်ပြန်

စင်ကာပူနိုင်ငံမှာ ၆လအရွယ် ကလေးငယ်တစ်ဦး အပါအဝင်ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၃၃ ဦး ရှိလာချိန်မှာ

DORSCON (Disease Outbreak Response System Condition) လူလူချင်း ကုးစက်မြန် ပြင်းထန်ရောဂါ ပျံ့နှံ့မှု အခြေအနေအဆင့်ကို အဝါရောင်မှ လိမ္မော်ရောင်သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ 

 

အဆိုပါ လူနာ ၃၃ ဦးမှာ ၁၇ ဦးဟာ တရုတ်နိုင်ငံမှ ဧည့်သည်များ ဖြစ်ကြပြီး ၄ ဦးမှာ ဇန်နဝါရီလ ၃၀ ရက်တုန်းက ဝူဟံမှ လေကြောင်းဖြင့် ကယ်ထုတ်လာတဲ့ စင်ကာပူနိုင်ငံသားများ ဖြစ်ကြပါတယ်။ အနည်းဆုံး လူနာ ၄ ဦးတို့ဟာ တရုတ်နိုင်ငံနဲ့ မပတ်သက်သူများ ဖြစ်ကြတဲ့အပြင် ရောဂါကူးစက်သူများနဲ့လည်း ပတ်သက်ခဲ့ဖူးခြင်း မရှိကြသူများ ဖြစ်ပါတယ်။

 

ကူးစက်ခံမိသားစုတစ်ခုမှာတော့ ဖခင်နဲ့ မိခင်တို့အပြင် ၆ လအရွယ် ကလေးငယ်နဲ့ အင်ဒိုနီးရှားနိုင်ငံသူ အိမ်အကူအမျိုးသမီးတို့ ပါဝင်တယ်လို့ သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။


လိမ္မော်ရောင်အဆင့် ကြေညာချိန်မှာ စိုးရိမ်ကဲသူတို့က အသင့်ပြုတ်စားခေါက်ဆွဲခြောက်ထုပ်များ အပါအဝင် အခြောက်အခြမ်းတွေကို စူပါမားကက်တွေမှာ ဝယ်ယူမှု များပြားလာတဲ့အတွက် စိုးရိမ်မှု မလွန်ကဲကြရန်၊ စားနပ်ရိက္ခာ အလုံအလောက် ရှိနေအောင် စီမံထားကြောင်းနှင့် မိမိမှ အလွန်အကျွံ ဝယ်ယူသဖြင့် အခြားလိုအပ်သူများ ဝယ်မရဖြစ်မည်ကို ကိုယ်ချင်းစာနာရန် ကုန်တိုက်များနဲ့ အစိုးရဌာနများမှ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စင္ကာပူတြင္ ဗိုင္းရပ္စ္ကူးစက္မႈ လိေမၼာ္ေရာင္အဆင့္ ထုတ္ျပန္

စင္ကာပူႏိုင္ငံမွာ ၆လအရြယ္ ကေလးငယ္တစ္ဦး အပါအ၀င္ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံလူနာ ၃၃ ဦး ရွိလာခ်ိန္မွာ DORSCON (Disease Outbreak Response System Condition) လူလူခ်င္း ကုးစက္ျမန္ ျပင္းထန္ေရာဂါ ပ်ံ႕ႏွံ႕မႈ အေျခအေနအဆင့္ကို အဝါေရာင္မွ လိေမၼာ္ေရာင္သို႔ တိုးျမႇင့္သတ္မွတ္လိုက္ပါတယ္။

 

အဆိုပါ လူနာ ၃၃ ဦးမွာ ၁၇ ဦးဟာ တ႐ုတ္ႏိုင္ငံမွ ဧည့္သည္မ်ား ျဖစ္ၾကၿပီး ၄ ဦးမွာ ဇန္နဝါရီလ ၃၀ ရက္တုန္းက ဝူဟံမွ ေလေၾကာင္းျဖင့္ ကယ္ထုတ္လာတဲ့ စင္ကာပူႏိုင္ငံသားမ်ား ျဖစ္ၾကပါတယ္။ အနည္းဆုံး လူနာ ၄ ဦးတို႕ဟာ တ႐ုတ္ႏိုင္ငံနဲ႔ မပတ္သက္သူမ်ား ျဖစ္ၾကတဲ့အျပင္ ေရာဂါကူးစက္သူမ်ားနဲ႔လည္း ပတ္သက္ခဲ့ဖူးျခင္း မရွိၾကသူမ်ား ျဖစ္ပါတယ္။ ကူးစက္ခံမိသားစုတစ္ခုမွာေတာ့ ဖခင္နဲ႔ မိခင္တို႔အျပင္ ၆ လအရြယ္ ကေလးငယ္နဲ႔ အင္ဒိုနီးရွားႏိုင္ငံသူ အိမ္အကူအမ်ဳိးသမီးတို႔ ပါ၀င္တယ္လို႔ သတင္း တစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

 

လိေမၼာ္ေရာင္အဆင့္ ေၾကညာခ်ိန္မွာ စိုးရိမ္ကဲသူတို႔က အသင့္ျပဳတ္စားေခါက္ဆြဲေျခာက္ထုပ္မ်ား အပါအ၀င္ အေျခာက္အျခမ္းေတြကို စူပါမားကက္ေတြမွာ ၀ယ္ယူမႈ မ်ားျပားလာတဲ့အတြက္ စိုးရိ္မ္မႈ မလြန္ကဲၾကရန္၊ စားနပ္ရိကၡာ အလုံအေလာက္ ရွိေနေအာင္ စီမံထားေၾကာင္းႏွင့္ မိမိမွ အလြန္အကၽြံ ၀ယ္ယူသျဖင့္ အျခားလိုအပ္သူမ်ား ၀ယ္မရျဖစ္မည္ကို ကိုယ္ခ်င္းစာနာရန္ ကုန္တိုက္မ်ားနဲ႔ အစိုးရဌာနမ်ားမွ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Read times Last modified on Saturday, 08 February 2020 15:32
Rate this item
(1 Vote)