What's New




Tuesday, 27 December 2022 18:10

တရုတ်ပြည်မတွင် ပြည်ပဆိုက်ရောက် ခရီးသည် Quarantine ကို "5+3" အစား "0+3" ပြောင်းလဲကျင့်သုံးမည်

တရုတ်ပြည်မတွင် ပြည်ပဆိုက်ရောက် ခရီးသည် Quarantine ကို "5+3" အစား "0+3" ပြောင်းလဲကျင့်သုံးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်ပြည်မကြီးသို့ ဆိုက်ရောက်လာသည့် ခရီးသွားများသည် နှစ်သစ်ကူးအားလပ်ရက်ပြီးဆုံးချိန်မှစ၍  လက်ရှိ သီးသန့်ခွဲထားချိန် သတ်မှတ်ချက် "5+3" ရက်အစား "0+3" ရက်သို့ ဖြေလျော့ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ရေးအတွက် ပြည်တွင်းကန့်သတ်ချက်များကို အပြည့်အဝ ရုပ်သိမ်းထားပြီးပြီဖြစ်သည်။

ယခု ပြည်ပဆိုက်ရောက် ခရီးသည်များအတွက် quarantine သတ်မှတ်ချက်ကို ၂၀၂၃ ဇန်နဝါရီလ ၃ ရက်မှစ၍ quarantine စခန်းတွင် နေထိုင်ရန် သတ်မှတ်ချက်ကို ပယ်ဖျက်မည် ဖြစ်သည်။

 

လက်ရှိတွင် ပြည်ပဆိုက်ရောက် ခရီးသည်များကို "5+3" ရက် သတ်မှတ်ချက် ပြဋ္ဌာန်းထားသည်။ အစိုးရမှ သတ်မှတ်ထားသည့် နေရာတွင် ၅ ရက် နေထိုင်ပြီးနောက် တည်းခိုမည့်နေရာတွင် အပြင်မထွက်ဘဲ ၃ ရက် နေထိုင်ရသည်။

မူအသစ် "0+3" ရက် သတ်မှတ်ချက်တွင် အစိုးရမှ သတ်မှတ်ထားသည့် နေရာတွင် နေထိုင်ရန် မလိုအပ်တော့ဘဲ တည်းခိုမည့်နေရာတွင် အပြင်မထွက်ဘဲ ၃ ရက် နေထိုင်ရမည်ဖြစ်သည်။

တရုတ်ပြည်မသို့ ခရီးမထွက်ခင် PCR test ခံယူပြီး negative ရလဒ် ဖြစ်ကြောင်း အထောက်အထား ယူလာဖို့ လိုအပ်သည်။

ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၂၄၈ သန်းခန့် ကူးစက်ခံရပြီး အရေအတွက် မြင့်တက်နေဆဲဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် National Health Commission of the People's Republic of China ၏ အစည်းအဝေးမှတ်တမ်းများအရ သိရသည်။

သို့ဖြစ်ရာ နိုင်ငံတကာ ခရီးသွားများ အပေါ် တင်းကျပ်သော အစီအမံများ ဆက်လက် ချမှတ်ခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

 

ယခုလအစောပိုင်းတွင် ဟောင်ကောင် အာဏာပိုင်တို့က  PCR  test  တွင် negative ရလဒ် ရကြောင်း အထောက်အထားပါသည့် ပြည်ပဆိုက်ရောက် ခရီးသည်များအား quarantine ဝင်ရန် မလိုကြောင်း၊ ဆိုက်ရောက်ပြီးနောက် မည်သည့်ကန့်သတ်ချက်မှ ရှိမည်မဟုတ်ကြောင်းထုတ်ပြန်ခဲ့သည်။

Source simpleflying 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 27 December 2022 18:11
Rate this item
(0 votes)