What's New




Thursday, 13 April 2023 15:07

ဖြစ်တောင့်ဖြစ်ခဲ H3N8 ကြက်ငှက်တုပ်ကွေးကြောင့် ကမ္ဘာ့ပထမဆုံး လူနာသေဆုံးမှု တရုတ်နိုင်ငံတွင် ဖြစ်ပွား

ဖြစ်တောင့်ဖြစ်ခဲ H3N8 ကြက်ငှက်တုပ်ကွေးကြောင့် ကမ္ဘာ့ပထမဆုံး လူနာသေဆုံးမှု တရုတ်နိုင်ငံတွင် ဖြစ်ပွား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် လူတွင် ဖြစ်တောင့်ဖြစ်ခဲ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကမ္ဘာ့ပထမဆုံးသေဆုံးသူဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားသည်။ လူအများကြားတွင် ပျံ့နှံ့ခြင်းမရှိပါ။

.

တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်မှ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးသည် H3N8 ကြက်ငှက်တုပ်ကွေးရောဂါ မျိုးကွဲ ကူးစက်ခံရကြောင်း သိရှိရပြီး တတိယမြောက် ကူးစက်ခံရသူဖြစ်ကြောင်း WHO က ဧပြီ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ယခင် ကူးစက်ခံရသူ ၂ ဦးမှာလည်း တရုတ်ပြည်မှ ဖြစ်ပြီး ယမန်နှစ်က ကူးစက်ခံရခြင်း ဖြစ်သည်။

.

၎င်းသေဆုံးသူ အမျိုးသမီး မဖျားနာမီ သွားရောက်ခဲ့သည့် ဈေးမှ ရယူထားသော နမူနာများတွင် တုပ်ကွေး A(H3) ပိုးတွေ့ ကြောင်း WHO မှ ပြောကြားခဲ့ပြီး ၎င်းသည် ကူးစက်မှု၏ အရင်းအမြစ်ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ပြောကြားသည်။

ကူးစက်ခံရသူ အမျိုးသမီးနှင့် အနီးကပ် ထိတွေ့မှု ရှိခဲ့သူများတွင် ပိုးမတွေ့ရှိကြောင်း WHO မှ ပြောကြားခဲ့သည်။

.

လူများတွင် ဖြစ်ပွားခြင်း ရှားပါးသော်လည်း H3N8 သည် ကြက်ငှက်များတွင် အဖြစ်များသည်။ရောဂါလက္ခဏာ အနည်းငယ်မျှသာ ပြသည်။  အခြားနို့တိုက်သတ္တဝါများကိုလည်း ကူးစက်နိုင်သည်။

 

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 13 April 2023 15:08
Rate this item
(0 votes)