What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 March 2020 13:12

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန် တော်ဝင်မင်းသမီး သေဆုံး

90251442_832926683874316_4730726126572273664_n.png

 

စပိန် တော်ဝင်မင်းသမီး မာရီယာ ထရေဇာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးတဲ့ ပထမဆုံး တော်ဝင်သူ ဖြစ်လာပါတယ်။

အသက် ၈၆ နှစ်အရွယ် မင်းသမီးဟာ ပြင်သစ်မြို့တော်ပါရီမှာ မတ်လ ၂၆ ရက်က သေဆုံးခဲ့တယ်လို့ သူ့ရဲ့ အကို မင်းသား ဆစ်ခ်တို အန်ဒရေ ဒေ ဘော်ဘွန်က ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ အတည်ပြု ပြောဆိုပါတယ်။

သူ့ရဲ့ ဈာပနကို သောကြာနေ့က စပိန်မြို့တော် မဒရစ်မှာ ကျင်းပခဲ့တယ်လို့ မတ် ၂၉ ရက်နေ့ အိန္ဒိယ တူဒေးသတင်းမှာ ဖော်ပြထားပါတယ်။

ဒီနေ့ မွန်းတည့်အချိန်ထိ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၃၂၃၅ ဦး၊ သေဆုံးသူ ၅၉၈၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၂၂၈၅ ဦးရှိတယ်လို့ သိရပါတယ်။

DVB Burmese

Read times
Rate this item
(0 votes)