What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 January 2019 15:08

အလှအပ၊ ဖက်ရှင်နဲ့ ကျန်းမာရေးအတွက် အသုံးတည့်တဲ့ ပစ္စည်းလေးတွေ

အမြဲလိုလို သုံးစွဲနေတဲ့ ပစ္စည်း လေးတွေက ထင်မထားလောက် အောင် အသုံးတည့်နေတာလေး တွေရှိနေတာမို့ ဘာပစ္စည်းလေး တွေကို ဘယ်လိုသုံးလို့ရလဲ လေ့ လာကြည့်ရအောင်ပါ။

မျက်ခုံးမွေးဆွဲဘရပ်ရှ်- အင်္ကျီမှာ ချည်စချည်နလေးတွေ၊ ဂွမ်းစ(ဒါမှ မဟုတ်) အိမ်မွေးတိရစ္ဆာန်လေး တွေရဲ့ အမွေးတွေ ကပ်ငြိနေတဲ့ အခါမှာ မျက်ခုံးမွေးဆွဲဘရပ်ရှ် လေးနဲ့ ဖယ်ရှားနိုင်ပါတယ်။ မျက် ခုံးဆွဲဖို့ ပြန်မသုံးခင်မှာတော့ သေ ချာသန့်စင်ထားဖို့ လိုပါတယ်။

 

အခြောက်ခံစက္ကူပါး - ခေါင်း လျှော်ဖို့ အချိန်မရတော့တဲ့အခါ မျိုးတွေမှာ ဦးရေပြားက အဆီ တွေ၊ အနံ့အသက်တွေပျောက်ဖို့ ဆိုရင် အခြောက်ခံစက္ကူပါးလေး နဲ့ ဦးရေပြားအနှံ့ လိုက်ပွတ်ပေး လိုက်ရင် အဆင်ပြေနိုင်ပါတယ်။

 

မျက်ခွံဆိုးဆေး-အိုင်းရှဲဒိုးတွေ ဟာ မျက်ခွံဆိုးရုံအတွက်သာမက ပါးနီအဖြစ်သော်လည်းကောင်း၊ နှုတ်ခမ်းဆိုးဆေးအဖြစ်သော် လည်းကောင်း၊ အရောင်တင်ရာ၊ ကောက်ကြောင်းဖော်ရာမှာပါ အ သုံးပြုနိုင်ပါတယ်။ ဒါတင်မက ဆံ ပင်အဖြူနားတွေ ဖုံးတာတို့၊ ဆံပင်ထူသယောင်ထင်ရအောင်တို့ ပါ လုပ်နိုင်ပါသေးတယ်။

 

သွားတိုက်ဆေး - ၀က်ခြံဖုတွေကို သွားတိုက်ဆေးတို့ပြီးပျောက် အောင် လုပ်နိုင်သလို လက်သည်း တွေဝါနေရင်လည်း သွားတိုက် ဆေးလေးနဲ့ ပွတ်ပြီးဆေးကြော လိုက်ရင် ဖြူစင်လာစေပါတယ်။

 

ကြယ်သီးအဟောင်းများ - ကြယ် သီးအဟောင်းလေးတွေ သုံးပြီး နားကပ်တို့၊ လက်ကောက်တို့၊ ဆွဲ ကြိုးတို့လိုမျိုး ဖန်စီပစ္စည်းလေး တွေ ဖန်တီးပြီး ၀တ်လို့ရသလို ရောင်စုံကြယ်သီးအဟောင်းလေး တွေ သုံးပြီး အိတ်ဟောင်းတို့၊ အင်္ကျီတို့မှာလည်း အမြင်ဆန်း သစ်အောင် လုပ်နိုင်ပါသေးတယ်။

 

မျက်နှာလိမ်းတိုနာ - အစွန်းအ ထင်းတွေ၊ အကွက်အပြောက် တွေ ပျောက်ချင်ရင် တိုနာလေး သုတ်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒိန်ချဉ် -မီးပူတိုက်နေတုန်း (ဒါမှ မဟုတ်)ဟင်းချက်နေတုန်းမှာ မ တော်တဆ လက်အပူလောင်မိ ရင်ဒိန်ချဉ်လေးသုတ်ပြီး နာကျင်တာသက်သာအောင် လုပ်နိုင်ပါတယ်။အပူလောင်တဲ့ နေရာမှာ လိမ်းထားရင် အသားအေးစေသလို ရောင်ကိုင်းတာတို့၊ နီလာတာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Source:7daydaily

 

Read: လေဖြတ်နိုင်ခြေ မြင့်မားစေသည့် အစာများ

လေဖြတ်နိုင်ခြေ မြင့်မားစေသည့် အစာများ

 

Read times Last modified on Wednesday, 27 February 2019 14:58
Rate this item
(1 Vote)