What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 September 2019 17:27

အဆီပြန်တဲ့မျက်နှာ ပိုင်ရှင်တွေအတွက် အသားအရည် ထိန်းသိမ်းနည်း

ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာ ထူးဆန်းတဲ့ဖြစ်ရပ်တော့ မဟုတ်ပါ။

မျက်နှာက အဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရည်ပါ ကြမ်းလာတတ်ပါတယ်။ ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေရော ကိုယ့်ရဲ့အသားအရည်ကို ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

 

၁။ အပြင်းစားဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေကို ရှောင်ပါ

မျက်နှာကို မနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ ပုံမှန် ၂ကြိမ်သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါမှာလည်း အမွှေးရနံ့တွေ ပါဝင်တဲ့ ဆပ်ပြာတွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင် ဆေးရည်တွေအစား ဆပ်ပြာအပျော့လေးကို သုံးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

 

၂။ မျက်နှာကို ခြောက်သွားအောင် ဖွဖွလေးသုတ်ပေးပါ

မျက်နှာသစ်ပြီးတဲ့အခါမှာ နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ရေခြောက်အောင် သုတ်ပေးပါ။ သုတ်တဲ့အခါမှာလည်း မျက်နှာကို အောက်ဆွဲချပြီး မသုတ်ပဲ ဖွဖွလေး ပုတ်ပြီးသုတ်ပေးပါ။

 

၃။ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ

မျက်နှာအသားအရည်ဟာ စိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရပါမယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓာတ်ထိန်းခရင်မ်ကို ရွေးတဲ့အခါမှာ အဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။

 

၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားပေးပါ

အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာက ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားတာမျိုး လုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာ မျက်နှာပေါ်ကပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာ ပိတ်နေတဲ့အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

 

၅။ Mask အုပ်ပေးပါ။

Facial mask ကို ပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကို လျော့ကျစေတဲ့အပြင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သဘာဝပျားရည်ကို Mask အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ ပျားရည်ကိုသုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီး ရေဆေးပေးပါ။ ဒီနည်းလမ်းကို မကြာခဏပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေနဲ့ မျက်နှာပေါ်က အဆီတွေကို သက်သာစေတဲ့အပြင် အသားအရည်ကိုလည်း နူးညံ့ချောမွေ့နေစေပါတယ်။

 

အသားအရည်ကို သေချာထိန်းသိမ်းဖို့ဆိုတာ စိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကို တစ်နေ့အနည်းဆုံး ဖန်ခွက် (၈) ခွက်ထက်မနည်း သောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာ ခရင်မ်တွေ လိမ်းပေးတာမျိုး လုပ်ပေးပါ။ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ skincare ပစ္စည်းတွေကိုပဲ စွဲစွဲမြဲမြဲသုံးပေးပါ။ မျက်နှာဟာ အင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်း လိုမယ်နော်။ ကိုယ့်အသားအရည်က သူများထက်ပိုပြီး ပျက်စီးနေပြီဆိုတာ သတိထားမိပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသပေးဖို့တော့ လိုပါလိမ့်မယ်။

Source: hellosayarwon

 

(Zawgyi)

----------

အဆီျပန္တဲ့မ်က္နွာ ပုိင္ရွင္ေတြအတြက္ အသားအရည္ ထိန္းသိမ္းနည္း

 

ပူျပင္းလွတဲ့ ေနေရာင္ျခည္ေအာက္မွာ အလုပ္လုပ္ရတဲ့ သူေတြအတြက္ေတာ့ မ်က္ႏွာအဆီျပန္တယ္ဆိုတာ ထူးဆန္းတဲ့ျဖစ္ရပ္ေတာ့ မဟုတ္ပါ။  မ်က္ႏွာက အဆီအျမဲျပန္ေနရင္ ဖုန္မႈန္႔ေတြ ပိုမိုကပ္ျငိႏိုင္တဲ့အျပင္ ေခၽြးေပါက္ပိတ္တာ၊ ၀က္ျခံနဲ႔ အမည္းစက္ေတြ ထြက္လာႏိုင္တဲ့အျပင္ အသားအရည္ပါ ၾကမ္းလာတတ္ပါတယ္။ ဒါဆိုရင္ မ်က္ႏွာအဆီမျပန္ေအာင္ ဘယ္လိုကာကြယ္သင့္လဲ၊ မ်က္ႏွာအဆီ ျပန္တတ္တဲ့သူေတြေရာ ကိုယ့္ရဲ႕အသားအရည္ကို ဘယ္လိုထိန္းသိမ္းသင့္လဲဆိုတာကို ဗဟုသုတအေနနဲ႔ ေ၀မွ်ေပးလိုက္ပါတယ္။

 

၁။ အျပင္းစားဆပ္ျပာေတြ၊ မ်က္ႏွာသန္႔စင္ေဆးရည္ေတြကို ေရွာင္ပါ

မ်က္ႏွာကို မနက္ႏိုးလာရင္ တစ္ခါ၊ ညမအိပ္ခင္ တစ္ခါ ပံုမွန္ ၂ၾကိမ္သစ္ေပးပါ။ မ်က္ႏွာသစ္တဲ့အခါမွာလည္း အေမႊးရနံ႔ေတြ ပါ၀င္တဲ့ ဆပ္ျပာေတြ၊ chemical ေတြ ပါ၀င္တဲ့ မ်က္ႏွာသစ္ဆပ္ျပာေတြ၊ မ်က္ႏွာသန္႔စင္ ေဆးရည္ေတြအစား ဆပ္ျပာအေပ်ာ့ေလးကို သံုးျပီး ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးပါ။

 

၂။ မ်က္ႏွာကို ေျခာက္သြားေအာင္ ဖြဖြေလးသုတ္ေပးပါ

မ်က္ႏွာသစ္ျပီးတဲ့အခါမွာ ႏူးည့ံတဲ့ မ်က္ႏွာသုတ္ပ၀ါနဲ႔ ေရေျခာက္ေအာင္ သုတ္ေပးပါ။ သုတ္တဲ့အခါမွာလည္း မ်က္ႏွာကို ေအာက္ဆြဲခ်ျပီး မသုတ္ပဲ ဖြဖြေလး ပုတ္ျပီးသုတ္ေပးပါ။

 

၃။ အစိုဓာတ္ထိန္း ခရင္မ္လိမ္းေပးပါ

မ်က္ႏွာအသားအရည္ဟာ စိုျပည္ၾကည္လင္ေနဖို႔အတြက္ မ်က္ႏွာသစ္ျပီးတိုင္း အစိုဓာတ္ထိန္းခရင္မ္ (Moisturizer) သံုးေပးရပါမယ္။ အဆီျပန္တတ္တဲ့ မ်က္ႏွာပိုင္ရွင္ေတြအတြက္ အစိုဓာတ္ထိန္းခရင္မ္ကို ေရြးတဲ့အခါမွာ အဆီမပါတဲ့ oil-free ပစၥည္းေတြ ဒါမွမဟုတ္ ရွားေစာင္းလက္ပပ္ ပါ၀င္တဲ့ moisturizer မ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။

 

၄။ မ်က္ႏွာေပၚက ဆဲလ္အေသေတြကို ပံုမွန္ဖယ္ရွားေပးပါ

အဆီျပန္တဲ့သူေတြအေနနဲ႔ မ်က္ႏွာေပၚမွာ ရွိေနတဲ့ အညစ္အေၾကးေတြ၊ အေရျပားအေပၚယံလႊာက ဆဲလ္အေသေတြကို ပံုမွန္ဖယ္ရွားတာမ်ိဳး လုပ္ေပးသင့္ပါတယ္။ သဘာ၀အတိုင္း ျပဳလုပ္ထားတဲ့ scrub အသံုးျပဳျခင္းဟာ မ်က္ႏွာေပၚကပ်က္စီးေနတဲ့ ဆဲလ္အေသေတြကို အလႊာလိုက္ကြာက်ေစတဲ့အျပင္ ေခၽြးေပါက္ထဲမွာ ပိတ္ေနတဲ့အဆီနဲ႔ အညစ္အေၾကးေတြကို သန္႔စင္ေပးႏိုင္ပါတယ္။

 

၅။ Mask အုပ္ေပးပါ။

Facial mask ကို ပံုမွန္အသံုးျပဳေပးရင္ ေခၽြးေပါက္ပိတ္တာကို ေလ်ာ့က်ေစတဲ့အျပင္ မ်က္ႏွာေပၚက အဆီေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ သဘာ၀ပ်ားရည္ကို Mask အေနနဲ႔လည္း အသံုးျပဳလို႔ ရပါတယ္။ ပ်ားရည္ဟာ ဘက္တီးရီးယားပိုးမႊားေတြကို ကာကြယ္ေပးႏိုင္တဲ့အျပင္ မ်က္ႏွာကိုလည္း သဘာ၀အတိုင္း အစိုဓာတ္ထိန္းေပးႏိုင္တဲ့ အာနိသင္ေတြ ပါ၀င္ပါတယ္။ မ်က္ႏွာေပၚမွာ ပ်ားရည္ကိုသုတ္ျပီး ၁၀မိနစ္ေလာက္ ကပ္ထားျပီး ေရေဆးေပးပါ။ ဒီနည္းလမ္းကို မၾကာခဏျပဳလုပ္ေပးမယ္ဆိုရင္ ၀က္ျခံေတြနဲ႔ မ်က္ႏွာေပၚက အဆီေတြကို သက္သာေစတဲ့အျပင္ အသားအရည္ကိုလည္း ႏူးည့ံေခ်ာေမြ႔ေနေစပါတယ္။

 

အသားအရည္ကို ေသခ်ာထိန္းသိမ္းဖိို႔ဆိုတာ စိတ္ရွည္တတ္ဖိို႔ေတာ့ လိုပါတယ္။ ေရကို တစ္ေန႔အနည္းဆံုး ဖန္ခြက္ (၈) ခြက္ထက္မနည္း ေသာက္ေပးရမယ္။ အျပင္ထြက္တဲ့အခါ အက်ီလက္ရွည္၀တ္တာ၊ ေနေလာင္ကာ ခရင္မ္ေတြ လိမ္းေပးတာမ်ိဳး လုပ္ေပးပါ။ ကိုယ့္အသားအရည္နဲ႔ လိုက္ဖက္တဲ့ skin care ပစၥည္းေတြကိုပဲ စြဲစြဲျမဲျမဲသံုးေပးပါ။ မ်က္ႏွာဟာ အင္မတန္ႏူးည့ံတဲ့ အေရျပားျဖစ္လို႔ ႏူးႏူးညံ့ည့ံကိုင္တြယ္ဖို႔လည္း လိုမယ္ေနာ္။ ကိုယ့္အသားအရည္က သူမ်ားထက္ပိုျပီး ပ်က္စီးေနျပီဆိုတာ သတိထားမိျပီဆိုရင္ေတာ့ အေရျပားအထူးကုဆရာ၀န္နဲ႔ တုိင္ပင္ျပီး ေသခ်ာကုသေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

 

Source: hellosayarwon

Read times Last modified on Friday, 07 February 2020 14:37
Rate this item
(1 Vote)