What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 May 2019 18:14

ခြေဖနောင့်က အသားမာတွေကို ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းကောင်းများ

ခြေဖနောင့် အသားမာတက်ခြင်းကို သဘာဝနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် ပြုလုပ်လို့ရပါတယ်။

အရေပြားမှာ ဖြစ်တတ်တဲ့ အသားမာ ဆိုတာမျိုးဟာ အချိန်ကြာမြင့်စွာ ပွတ်တိုက်မှုတွေ ရှိလာတဲ့အခါ အရေပြားထူထဲလာခြင်းပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ခြေဖနောင့်မှာဖြစ်တတ်တဲ့ အသားမာတွေဟာ ကျန်းမာရေးအတွက် ပြဿနာ သိပ်မရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကွဲအက်လာပြီး နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခြေဖနောင့်က အသားမာတွေကို ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။.

 

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ပြီး ခြေဖနောင့်က အသားမာပေါ်ကို လိမ်းကျံပေးပါ။ နာရီဝက်လောက်ကြာရင် ရေခပ်နွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် အချိန်တိုအတွင်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

 

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တရှိတာကြောင့် ခြေဖနောင့်က အသားမာတွေ ယားယံနာကျင်လာခြင်းနဲ့ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး အသားမာနေရာပေါ်ကို လိမ်းကျံပေးနိုင်ပါတယ်။

Read More : ညဘက် အေးချမ်းစွာ အိပ်ပျော်နိုင်စေမယ့် နည်းလမ်း ၅ ခု

 

ရေနွေး

ရေခပ်နွေးနွေးနဲ့ ခြေထောက်စိမ်ပေးခြင်းဟာ ခြေဖနောင့်က အသားမာတွေကို သက်သာစေနိုင်တဲ့အပြင် ညောင်းညာကိုက်ခဲမှုတွေကိုပါ ပြေပျောက်စေနိုင်ပါတယ်။ ရေခပ်နွေးနွေးထဲကို သံလွင်ဆီ ဒါမှမဟုတ် Tea Tree Oil အနည်းငယ် ရောစပ်ပြီး စိမ်ပေးမယ်ဆိုရင် လျင်လျင်မြန်မြန် သက်သာပျောက်ကင်းစေမှာပါ။

 

Aspirin ဆေးပြား

အကိုက်အခဲပျောက်ဆေး တမျိုးဖြစ်တဲ့ Aspirin ဆေးပြား ၅ ပြားခန့်ကို သံပုရာရည် ၊ ရေအနည်းငယ်တို့ နဲ့ ရောစပ်ကြိတ်ချေကာ ခြေဖနောင့်က အသားမာနေရာပေါ်ကို လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ ပြန်လည်ဆေးကြောပြီး ချေးတွန်းကျောက်တုံးဖြင့် ညင်ညင်သာသာ ပွတ်တိုက်ပေးခြင်းအားဖြင့် သိသိသာသာ ပျောက်ကင်းစေမှာဖြစ်ပါတယ်။

 

Source : burma irrawaddy

Read times
Rate this item
(1 Vote)