What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 January 2018 13:06

ခေတ်စားလာတဲ့ Filler ဖြည့်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

ခေတ်စားလာတဲ့ Filler ဖြည့်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ google.com

ငယ်ရွယ်နုပျိုတဲ့ အလှတရားတခုဟာ မိန်းကလေးတိုင်း တောင့်တတဲ့အရာပါ။ အသက်အရွယ်မရွေး မလှချင်တဲ့ အလှ မကြိုက်တဲ့ မိန်းမသားဆိုတာ ဘယ်မှာမှမရှိပါဘူး။

အလှအပအတွက်ငွေ၊ အချိန်နဲ့ စိတ်တွေကို ရင်းပြီး ရှာဖွေ နေကြရတာပါပဲ။ ခုဆိုရင် နည်းပညာနဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းတွေ ပေါ်ထွန်း လာတော့ သိပ်မလှတဲ့ရုပ်သွင်ပြင်ကို လှအောင်၊ လှတဲ့ရုပ်သွင်ပြင်ကို မလျော့ သွားဘဲ ပိုပိုလှအောင် အလှအပနည်းပညာ သစ်တွေနဲ့ ပြုပြင်ယူနေနိုင်လေတော့ ကိုယ့်မျက်နှာပေါ်က ကိုယ်စိတ်တိုင်းမကျ တဲ့ အစိတ်အပိုင်းကို ကိုယ့်စိတ်ကြိုက် ဖြစ်အောင် ပြုပြင်ပုံသွင်းနိုင်တဲ့နည်း တွေများလာပါပြီ။


မျက်နှာသွင်ပြင်ပုံသဏ္ဍာန်က လေးထောင့် ကျနေလို့၊ ဝိုင်းနေလို့ မလှဘူးထင်သူတွေ၊ နှုတ်ခမ်းက ပါးပါးလျလျနဲ့မို့ နှင်းဆီငုံ နှုတ်ခမ်းလို ဖူးဖူးအိအိလိုချင်သူတွေ၊ ဇရာအစပြုလို့ မျက်နှာမှာ အရေး အကြောင်း ပေါ်လာလို့ စိတ်သောက ရောက်နေသူတွေ၊ မေးလေးသွယ် ချင်သူတွေ၊ နှာတံမပေါ်လို့ ပြု ပြင်ချင်သူတွေအတွက် မျက်နှာခွဲစိတ် ပြုပြင်တဲ့နည်း Plastic Surgery နဲ့ မလုပ်ရဲရင် ကိုယ်လိုချင်တဲ အလှအပကို ပုံဖော်ပေးနိုင်မယ့် နည်းကတော့ ဖြည့်ဆေး (Filler) ထိုးခြင်းပါပဲ။


အခုနောက်ပိုင်း အလှအပပြု ပြင်ရေးမှာ Filler ဖြည့်ဆေးထိုးတာက အချိန်သိပ် မကုန်သလို လိုချင်တဲ့ရလဒ်လည်း မြန်မြန်ရတာကြောင့် Filler ကို အလှအပ ချစ်မြတ်နိုးသူတို့ ပိုပြီးအာရုံထားလုပ် လာကြပါတယ်။ ဒီတော့ Filler ကို စိတ်ပါဝင်စားပြီး ထိုးကြတော့မယ် ဆိုရင် Filler နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေ၊ ဆောင်ရန် ရှောင်ရန်လေးတွေအကြောင်းကို Beauty Knowledge အနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

Filler ဆိုတာ...
Filler လို့ ခေါ်ရတဲ့အကြောင်းအရင်းက မျက်နှာပြင်အသားအရေမညီညာတာ၊ အရေးအကြောင်းတွေ ပေါ်နေတာ၊ ဝက်ခြံကြောင့်အမာရွတ်ချိုင့်ခွက် တွေဖြစ် နေတာ၊ အသက်ကြီးလာလို့ ပါးရေနားရေ တွေတွန့်လာတာကြောင့် နုပျိုစိုပြည်တဲ့ အသားအရေအလှကို ဆုံးရှုံးမသွားရ အောင် မျက်နှာ၊မျက်လုံး တစ်ဝိုက်၊ပါး၊ မေးရိုး၊နှာတံ၊နှုတ်ခမ်းစတဲ့ နေရာတစ် ဝိုက်က အရေပြားအောက်ကို ဂျယ်လီလို အရည်တစ်မျိုး ထိုးထည့်ပေး ပြီးနောက် တင်းရင်းညီညာချောမွတ်တဲ့ အသား အရေနဲအတူ နုပျိုမှုတွေပြန်ရ လာလို့ filler ထိုးတာကို အလှအပ ချစ်သူတွေ ပိုစိတ်ဝင်စားလာကြတာပါ။

ဖြည့်ဆေးအမျိုးအစားများ
===================
ဖြည့်ဆေးကို ထုတ်တဲ့နေရာမှာ သဘာ ဝကုန်ကြမ်းတွေကနေ ထုတ်တာနဲ့ ဓာတ်ခွဲ ခန်းကထုတ်တာရှိပြီး ထုတ်တဲ့ အခြေခံ ပစ္စည်းပေါ်မူတည်ပြီး အမျိုး အစား အနေ နဲ့ကတော့ ၄မျိုးလောက်ရှိပါ တယ်။

Hyaluronic Acid Filler 

ဒီဆေးကတော့ အသုံးအများဆုံး ဖြည့်ဆေး ပါ။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ဓာတ်မို့ ဓာတ်မတည့်တာ ရှားလို့ အသားအရေက အလွယ်တကူ လက်ခံပါတယ်။

Collagen Filler 
တိရစ္ဆာန်ကရတဲ့ ကိုလဂျင်ကို သန့်စင်ပြီး ထုတ်ထားတာပါ။ သူက ထိုးပြီးကာစမှာ အရမ်းလှပပြီး ရလဒ်ကောင်းပေမယ့် ကြာကြာမခံဘဲ တစ်လပဲ ခံပါတယ်။ တိရစ္ဆာန်ပစ္စည်းဖြစ်တာကြောင့် အလာ ဂျစ် ဖြစ်လွယ်ပါတယ်။

Synthetic Filler 


သဘာဝကုန်ကြမ်းကထုတ်ထားတာမဟုတ်ဘဲ ဓာတ်ခွဲခန်း ကထုတ်ထားတဲ့ ဖြည့်ဆေး ဖြစ်ပြီး သူ့ရဲ့အားသာချက်က ကြာရှည် ခံတာဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးလည်း ပိုများပါတယ်။ မကြာခဏပြန်မထိုး ချင်သူတွေ အသုံးများတဲ့ဖြည့်ဆေးပါ။

Autologus Filler 


မိမိခန္ဓာကိုယ်က အဆီ သို့မဟုတ် သွေးရည် ကြည်ကို ထုတ်ယူကာ ပြန်လည် သန့်စင်ပြီးမှ လိုတဲ့နေရာကို ပြန်ထိုးရ တာပါ။ ကိုယ့်ခန္ဓာကိုယ်က အရာကို ထုတ်ယူပြီး ပြန်ထိုးတာကြောင့် ဓာတ် မတည့်တာမျိုး ရှားပါတယ်။ အဆီကို တင်ပါး၊ဗိုက်နဲ့ပေါင်စတဲ့ အဆီများတဲ့ နေရာ ကနေ ထုတ်ယူရတာပါ။ သူက ကရိ ကထများသလို အကုန်အကျလည်း များပါ တယ်။
ဖြည့်ဆေးကို မျက်နှာမှာ အထိုးအများ ဆုံးဖြစ်ပြီး နဖူးအရေးအကြောင်းပေါ်ရင်၊ နှာတံချိုင့်ရင် ၊ မျက်ခွံတွဲကျရင်၊ မျက်နှာ အရေးအကြောင်းပေါ်ရင်၊ ပါးချိုင့်ရင် ၊ မေးချွန်ပြီး V Shape ဖြစ်ချင်ရင်၊ နှုတ်ခမ်းလေးပြည့်ဖောင်း တင်းရင်းချင်ရင် ထိုးလို့ရပါတယ်။ ဒါ့အပြင် နားထင် ချိုင့်ရင်၊ ဝက်ခြံအမာရွတ်အချိုင့်တွေနဲ့ ရင်သား၊ တင်ပါးကြီးချင်ရင်လည်း ထိုးနိုင် ပါသေးတယ်။ ဖြည့်ဆေးထိုးလိုက်တဲ့အခါ လိုတဲ့နေရာတွေ တင်းရင်းပြည့်ဖောင်း ညီညာကာ ပိုကြည့်ကောင်းသွားပါတယ်။

ဖြည့်ဆေးထိုးတဲ့အခါ အကောင်း ဆုံးကတော့ ကျွမ်းကျင်နားလည်ပြီး အတွေ့အကြုံ ပြည့်ဝတဲ့ ဆရာဝန်ကြီးတွေနဲ့ သေချာတိုင်ပင်ပြသကာ ဖြည့်ဆေးထိုးတာ အကောင်းဆုံးပါပဲ။

ထိုးပုံအဆင့်ဆင့်ကတော့ အရင်ဆုံး ဆရာဝန်က ထိုးမယ့်နေရာကို အရှေ့ဘက် ဘေးဘက် သေချာကြည့် ဓာတ်ပုံရိုက်ယူပြီး ဖြည့်ဆေးထိုးမယ့်နေရာကို အမှတ် အသား လုပ်ပေးပါတယ်။


ပြီးရင် မျက်နှာကိုသေချာ သန့်စင် ဆေးကြောပြီး ထုံဆေးထိုးတာ ဒါမှမဟုတ် လိမ်းတာ အရင်လုပ်ရပါတယ်။
ပြီးမှ အပ်အချွန် (Needle) သို့ အပ်အပျော့ (Cannula) နဲ့ လိုတဲ့နေရာကို ဖြည့်ဆေးထိုးပြီး ပြေပြစ်အောင် နှိပ်နယ်ပေးကာ ပုံသွင်း ရပါတယ်။ ပြီးရင် အနေအထားပြန်ကြည့် ပြီး လိုရင် ထပ်ထိုးရပါတယ်။


လိုချင်တဲ့ပုံရပြီဆိုရင် ပြန်သန့်စင်ပြီး ရောင်တာ၊နီတာနဲ့နာတာသက်သာအောင် ရေခဲကပ်ပေးရပါတယ်။
ဆေးအမျိုးအစားပေါ်မူတည်ပြီး ၆လကနေ တစ်နှစ်အထိ ခံပါတယ်။ 
အရမ်းကောင်းတဲ့တချို့ဆေးတွေဆို ၂နှစ်လောက်ထိခံတယ်လို့လည်း ဆိုပါတယ်။

ဆောင်ရန်၊ ရှောင်ရန်
ဖြည့်ဆေးထိုးပြီးတဲ့အခါ ပုံမှန် လှုပ်ရှား သွားလာနိုင်သလို မိတ်ကပ်လည်း လိမ်းလို့ ရပါတယ်။ ဒါပေမယ့် နေရောင်ခြည် ပြင်းပြင်းအောက် အကာအကွယ်မပါဘဲ ထွက်တာရှောင်ကာ ပြင်းပြင်းထန်ထန် လှုပ်ရှားတာ၊ အားကစားလေ့ကျင့်ခန်း လုပ်တာမျိုးကို ရှောင်ပါ။ အသား ယားယံစေ တတ်တဲ့၊ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားရပါ။

ဘေးထွက်ဆိုးကျိုးတွေလည်း၊ ရှိပါတယ်။
ဆေးထိုးတဲ့နေရာမှာ သွေးခြည်ဥတာ၊ နီရဲတာ၊ ရောင်ရမ်းတာ၊ ယားယံတာနဲ့ နာကျင်တာတွေက ပုံမှန်အနေနဲ့ ဖြစ်တတ် ပါတယ်။ ဒါပေမဲ့ အဖုအသီးလေး တွေ ထွက်လာတာ၊ အနာကျက်နှေးတာ၊ မကျက်တာနဲ့ အသားပုပ်တာ၊ ဓာတ်မတည့် တာမျိုးဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ပြန် ပြပြီး လိုအပ်တဲ့ ကုထုံးကို ခံယူသင့်ပါ တယ်။ 
အရေးကြီးဆုံးကတော့ အသားပုပ်တာပါ။ ထိုးဆေးက သွေးကြောထဲဝင်ပြီး သွေးကြောပိတ်ပြီး အသားပုပ်တာ၊ မျက်စိသွေးကြောထဲဝင်ပြီး မျက်စိကွယ် တာမျိုးဖြစ်တတ်တာမို့ အထူး သတိပြု ရမှာပါ။ ဖြည့်ဆေးထိုး နေချိန်မှာ အရမ်း စူးအောင့်နာလာရင် ဆရာဝန်ကို ချက်ချင်းပြောရမှာဖြစ်ပြီး တကယ်လို့ ဖြည့်ဆေးထိုးပြီးနောက်ရက်မှာ အသားညို မည်းမည်းဖြစ်လာရင် ဆရာဝန်နဲ့ အမြန် ပြန်ပြကြဖို့ အကြံပြု ပါရစေ။ ဒါမှ ဖြေဆေးကို အချိန်မီထိုးပေးနိုင်မှာဖြစ် ပါ တယ်။
နောက်ဆုံးသတိပေးချင်တာကတော့ Filler အပေါ် အရမ်းစိတ်စွဲလမ်းတာမျိုး မဖြစ်ပါစေနဲ့။

သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားမတိုင်မီ ဖြည့်ဆေး ပြန်ပြန် ထိုးတာမျိုး ရှောင်သင့်ပါတယ်။

Source: Now!

Read times
Rate this item
(0 votes)