What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 May 2019 16:35

ခြေဖဝါး ကြိမ်းခြင်း

လူကြီးလူငယ်မရွေးမှာ ခြေဖဝါးတွေကြိမ်းတယ်ဆိုတာ ကြုံဖူးကြပါတယ်။ 

ဘာကြောင့်ကြိမ်းနိုင်သလဲပေါ့။ ခြေဖ ဝါးကြိမ်းတယ်လို့ပြောလာရင် သေချာ အောင်ပြန်မေးရမှာက ကြိမ်းတယ်ဆိုတာဘာကိုဆိုလိုတာလဲ ဆိုတာပါ။ တချို့ကနာနေတာလဲ ဖြစ်နိုင်တယ်။ ထူနေတာလဲဖြစ်နိုင်တယ်။ ပူတာမျိုးလည်း ဖြစ်နိုင်တယ်။ 

 

နောက်တစ်ခုကတော့ ဘယ်အစိတ်အပိုင်းတွေမှာဖြစ်နေတာလဲ။ ခြေဖဝါးပဲလား၊ နှစ်ဖက်စလုံးလား၊ ခြေသလုံး ရောပါလား၊ လက်တွေရောပါသေးလားဆိုတာပါ။ နောက်တစ်ခုကတော့ ကြိမ်းတယ်ဆိုတာက တစ်ချိန်လုံး တောက်လျှောက်ဖြစ်တာလား၊ ညပိုင်းပိုဆိုးတတ်သလား၊ အိပ်ယာကအထ ခြေထောက် ချလိုက်မှဖြစ်တာလား၊ ဖြစ်တဲ့အခါမှာ ဘယ်လောက်အထိဆိုးသလဲ။ တချို့ ကြိမ်းတာတောင်အိပ်မရတာအထိ ဖြစ်တယ်။ တချို့ချက် ချင်းလမ်းမလျှောက်နိုင်ဘူး။ ဘယ်လိုနေတာကသက်သာသလဲ။ ဘာလုပ်တာကပိုဆိုးစေသလဲ။ တချို့ကျတော့ တစ်နေကုန်တော့ဖြစ်တယ်။ လှုပ်ရှားနေတာသိပ်မသိသာဘူး။ ညအိပ်တော့မှ ပိုဆိုးတယ်။ ဖိနပ်အကျပ်စီးရင်ပိုး ဆိုးတယ်စသဖြင့် ရှိတတ်ကြတယ်။

 

ဒီလိုခြေဖဝါးတွေ ကြိမ်းတာအသက်အရွယ်မရွေးဖြစ်နိုင်တယ်။ အသက်၊ ခံစားရတဲ့ပုံစံ၊ နဂိုရောဂါအခံဘာတွေရှိ လဲစတာတွေကိုကြည့်ပြီး ဖြစ်နိုင်တာတွေကိုကုကြရပါတယ်။ အများစုဖြစ်တာတွေကတော့ အာရုံကြောကြောင့် ပါ။ အာရုံကြောကြောင့်လို့ပြောတဲ့အခါမှာ အာရုံကြောပိတာတွေလဲဖြစ်နိုင်တတယ်။ ရောင်တာတွေလဲဖြစ်နိုင် တယ်။ အားနည်းတာလဲဖြစ်နိုင်တယ်။ တချို့တွေကတော့ ထိခိုက်မိတာတွေရှိလို့နာတာလည်း ဖြစ်နိုင်တယ်။ သွေးကောင်းကောင်းမလျှောက်တာတွေကိုလည်း မေ့ထားလို့မရပါဘူး။

 

အာရုံကြောကြောင့်လို့ဆိုရင် ဆီးချိုရောဂါတစ်ခုထဲမဟုတ်ပါဘူး။ ဆီးချိုကြောင့်ဆိုရင်တောင် အာရုံကြောတစ်ခု တည်းကွက်ပြီးမဖြစ်ပါဘူး။ တခြားသော နောက်ဆက်တွဲတွေနဲ့အတူ တွဲဖြစ်ပါတယ်။ အရက်သောက်တတ်တဲ့သူ တွေဖြစ်မယ်။ အာဟာရချို့တဲ့သောသူတွေဖြစ်မယ်။ များသောအားဖြင့် ဗီတာမင်ဘီ အုပ်စုပါ။ အရက်ကြောင့်လဲ နည်းတယ်။ အစာရွေးတတ်ရင်ဖြစ်နိုင်တယ်။ သက်သက်လွတ်စားတတ်ရင် ဖြစ်နိုင်တယ်။ သွေးအားနည်းရောဂါ အစာအိမ်အူလမ်းကြောင်းရဲ့ တချို့သောရောဂါများ၊ အူမှာခွဲစိပ်ဖြစ်ထားခဲ့ဖူးရင်လည်း ဖြစ်နိုင်တယ်။

 

အာရုံကြောအားနည်းရာမှာ ဒီတစ်ခုထဲတင်မဟုတ်ဘဲ အခြားအာရုံကြောအားနည်းတာတွေပါ တွဲဖြစ်နေသလား ဆိုတာလဲသိဖို့လိုပါတယ်။ ဥပမာ-အထိုင်အထမူးနေတတ်တာ၊ နည်းနည်းစားလိုက်ရုံဗိုက်ပြည့်နေတတ်တာ၊ ဆီး ဝမ်းသွားဖို့ခက်တာ၊ ဆီးမထိန်းနိုင်တာ၊ အမျိုးသားတွေမှာပန်းသေပန်းညှိုးဖြစ်တာ စတာတွေပါ။ ဒါတွေပါလာရင် အာရုံကြောအားနည်းတာသက်သက်အပြင် ဘာရောဂါတွေဖြစ်ဖူးလဲ၊ တခြားဘာတွေခံစားရသလဲ ဆိုတာတွေပါ ပါလာတယ်။ ဆီးချိုကြောင့်လည်းဖြစ်နိုင်တယ်။ HIV နဲ့တခြားဗိုင်းရပ်စ်ပိုး တချို့ကြောင့်လဲ ဖြစ်နိုင်တယ်။

 

တချို့ ကင်ဆာတွေမှာလဲတွေ့ရတတ်တယ်။ ဒါတွေမပါဘဲ ကင်ဆာရောဂါတွေကိုမေ့ထားလို့မရပါဘူး။ ခဏခဏခါးနာ တတ်တဲ့သူတွေ၊ အလေးအပင်အထိုင်အထများတဲ့သူတွေ၊ ခါးကျီးပေါင်းသမားတွေ၊ အရိုးပွတဲ့သူ တွေ၊ ခါးရိုးတွေ ပြားပြီးအာရုံကြောဖိမိတဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။ တချို့ဆေးတွေစွဲသောက်နေရတဲ့ သူတွေမှာလည်းဖြစ် နိုင်တယ်။ အများအားဖြင့် TB ဆေး၊ ပိုးသတ်ဆေး၊ ကင်ဆာဆေးနဲ့ အတက်ကျဆေးတချို့ကြောင့်ဖြစ်နိုင်တယ်။

 

သွေးကောင်းကောင်းမလျှောက်တာကတော့ ခြေဖဝါးတစ်ခုထဲဖြစ်ဖို့ရှားပါတယ်။ ခြေသလုံးတွေပါပါတတ်တယ်။ လမ်းလျှောက်ရင်ပိုးဆိုးတတ်တယ်။ နား လိုက်ရင်သက်သာတယ်။ တဖြည်းဖြည်းနာတာ၊ ကိုက်တာပါဆိုးတယ်။ လမ်းလျှောက်လို့ရတဲ့ အကွာအဝေးပိုနည်းလာတတ်တယ်။ ညတွေပိုဆိုးလာတတ်တယ်။ နှစ်ဖက်ပြိုင်တူဖြစ်တာ ထက်တစ်ဖက်ချင်းပိုဖြစ်တယ်။ ခြေထောက်နှစ်ဖက်အရောင်မညီတတ်ဘူး။ ဒါမျိုးကကြိမ်းတာနဲ့တော့ သိပ်မဆိုင် တတ်ဘူး။


တချို့ကအေးရင်ဖြစ်လာတတ်တယ်။ အေးတော့ထုံကျင်တာတွေ ဖြစ်လာတာကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ခံစားလာရရင် သက်သာမယ့်နည်းလမ်းကိုရှာရမှာပါ။ ဆေးလိမ်းပြီးနှိပ်ပေးတာမျိုးလုပ်လို့ရတယ်။ အကြောလျှော့ လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုလဲ အဖြေရှာရမှာပါ။ အာရုံကြောအားဆေး သောက်ရုံနဲ့အားလုံးမကောင်းနိုင်ဘူး။ ဖြစ်တဲ့အကြောင်းကိုကုရမှာပါ။ ဒါကြောင့် ဒီလိုမျိုးဝေဒနာခံစားလာရရင် အာရုံကြောသမားတော်တွေ၊ အထူးကုဆရာဝန်ကြီးတွေနဲ့ပြသပြီး တိုင်ပင်ကုသစေချင်ပါတယ်။ အာရုံကြော ကြောင့်ဆိုလည်း ခြေထောက်မထိခိုက်နိုင်အောင် ဘာတွေလုပ် မယ်ဆိုတာအထိလုပ်နိုင်ပါတယ်။

Dr. CST (Ondoctor)

 

(Zawgyi)

=======

ေျခဖဝါး ၾကိမ္းျခင္း

 

လူႀကီးလူငယ္မေရြးမွာ ေျခဖဝါးေတြႀကိမ္းတယ္ဆိုတာ ၾကဳံဖူးၾကပါတယ္။ ဘာေၾကာင့္ႀကိမ္းနိုင္သလဲေပါ့။ ေျခဖ ဝါးႀကိမ္းတယ္လို႔ေျပာလာရင္ ေသခ်ာ ေအာင္ျပန္ေမးရမွာက ႀကိမ္းတယ္ဆိုတာဘာကိုဆိုလိုတာလဲ ဆိုတာပါ။ တခ်ိဳ႕ကနာေနတာလဲ ျဖစ္နိုင္တယ္။ ထူေနတာလဲျဖစ္နိုင္တယ္။ ပူတာမ်ိဳးလည္း ျဖစ္နိုင္တယ္။

 

ေနာက္တစ္ခုကေတာ့ ဘယ္အစိတ္အပိုင္းေတြမွာျဖစ္ေနတာလဲ။ ေျခဖဝါးပဲလား၊ ႏွစ္ဖက္စလုံးလား၊ ေျခသလုံး ေရာပါလား၊ လက္ေတြေရာပါေသးလားဆိုတာပါ။ ေနာက္တစ္ခုကေတာ့ ႀကိမ္းတယ္ဆိုတာက တစ္ခ်ိန္လုံး ေတာက္ေလၽွာက္ျဖစ္တာလား၊ ညပိုင္းပိုဆိုးတတ္သလား၊ အိပ္ယာကအထ ေျခေထာက္ ခ်လိုက္မွျဖစ္တာလား၊ ျဖစ္တဲ့အခါမွာ ဘယ္ေလာက္အထိဆိုးသလဲ။ တခ်ိဳ႕ ႀကိမ္းတာေတာင္အိပ္မရတာအထိ ျဖစ္တယ္။ တခ်ိဳ႕ခ်က္ ခ်င္းလမ္းမေလၽွာက္နိုင္ဘူး။ ဘယ္လိုေနတာကသက္သာသလဲ။ ဘာလုပ္တာကပိုဆိုးေစသလဲ။ တခ်ိဳ႕က်ေတာ့ တစ္ေနကုန္ေတာ့ျဖစ္တယ္။ လႈပ္ရွားေနတာသိပ္မသိသာဘူး။ ညအိပ္ေတာ့မွ ပိုဆိုးတယ္။ ဖိနပ္အက်ပ္စီးရင္ပိုး ဆိုးတယ္စသျဖင့္ ရွိတတ္ၾကတယ္။

 

ဒီလိုေျခဖဝါးေတြ ႀကိမ္းတာအသက္အရြယ္မေရြးျဖစ္နိုင္တယ္။ အသက္၊ ခံစားရတဲ့ပုံစံ၊ နဂိုေရာဂါအခံဘာေတြရွိ လဲစတာေတြကိုၾကည့္ၿပီး ျဖစ္နိုင္တာေတြကိုကုၾကရပါတယ္။ အမ်ားစုျဖစ္တာေတြကေတာ့ အာ႐ုံေၾကာေၾကာင့္ ပါ။ အာ႐ုံေၾကာေၾကာင့္လို႔ေျပာတဲ့အခါမွာ အာ႐ုံေၾကာပိတာေတြလဲျဖစ္နိုင္တတယ္။ ေရာင္တာေတြလဲျဖစ္နိုင္ တယ္။ အားနည္းတာလဲျဖစ္နိုင္တယ္။ တခ်ိဳ႕ေတြကေတာ့ ထိခိုက္မိတာေတြရွိလို႔နာတာလည္း ျဖစ္နိုင္တယ္။ ေသြးေကာင္းေကာင္းမေလၽွာက္တာေတြကိုလည္း ေမ့ထားလို႔မရပါဘူး။

 

အာ႐ုံေၾကာေၾကာင့္လို႔ဆိုရင္ ဆီးခ်ိဳေရာဂါတစ္ခုထဲမဟုတ္ပါဘူး။ ဆီးခ်ိဳေၾကာင့္ဆိုရင္ေတာင္ အာ႐ုံေၾကာတစ္ခု တည္းကြက္ၿပီးမျဖစ္ပါဘူး။ တျခားေသာ ေနာက္ဆက္တြဲေတြနဲ႔အတူ တြဲျဖစ္ပါတယ္။ အရက္ေသာက္တတ္တဲ့သူ ေတြျဖစ္မယ္။ အာဟာရခ်ိဳ႕တဲ့ေသာသူေတြျဖစ္မယ္။ မ်ားေသာအားျဖင့္ ဗီတာမင္ဘီ အုပ္စုပါ။ အရက္ေၾကာင့္လဲ နည္းတယ္။ အစာေရြးတတ္ရင္ျဖစ္နိုင္တယ္။ သက္သက္လြတ္စားတတ္ရင္ ျဖစ္နိုင္တယ္။ ေသြးအားနည္းေရာဂါ အစာအိမ္အူလမ္းေၾကာင္းရဲ့ တခ်ိဳ႕ေသာေရာဂါမ်ား၊ အူမွာခြဲစိပ္ျဖစ္ထားခဲ့ဖူးရင္လည္း ျဖစ္နိုင္တယ္။

 

အာ႐ုံေၾကာအားနည္းရာမွာ ဒီတစ္ခုထဲတင္မဟုတ္ဘဲ အျခားအာ႐ုံေၾကာအားနည္းတာေတြပါ တြဲျဖစ္ေနသလား ဆိုတာလဲသိဖို႔လိုပါတယ္။ ဥပမာ-အထိုင္အထမူးေနတတ္တာ၊ နည္းနည္းစားလိုက္႐ုံဗိုက္ျပည့္ေနတတ္တာ၊ ဆီး ဝမ္းသြားဖို႔ခက္တာ၊ ဆီးမထိန္းနိုင္တာ၊ အမ်ိဳးသားေတြမွာပန္းေသပန္းညႇိုးျဖစ္တာ စတာေတြပါ။ ဒါေတြပါလာရင္ အာ႐ုံေၾကာအားနည္းတာသက္သက္အျပင္ ဘာေရာဂါေတြျဖစ္ဖူးလဲ၊ တျခားဘာေတြခံစားရသလဲ ဆိုတာေတြပါ ပါလာတယ္။ ဆီးခ်ိဳေၾကာင့္လည္းျဖစ္နိုင္တယ္။ HIV နဲ႔တျခားဗိုင္းရပ္စ္ပိုး တခ်ိဳ႕ေၾကာင့္လဲ ျဖစ္နိုင္တယ္။

 

တခ်ိဳ႕ ကင္ဆာေတြမွာလဲေတြ႕ရတတ္တယ္။ ဒါေတြမပါဘဲ ကင္ဆာေရာဂါေတြကိုေမ့ထားလို႔မရပါဘူး။ ခဏခဏခါးနာ တတ္တဲ့သူေတြ၊ အေလးအပင္အထိုင္အထမ်ားတဲ့သူေတြ၊ ခါးက်ီးေပါင္းသမားေတြ၊ အရိုးပြတဲ့သူ ေတြ၊ ခါးရိုးေတြ ျပားၿပီးအာ႐ုံေၾကာဖိမိတဲ့သူေတြမွာလည္း ျဖစ္နိုင္တယ္။ တခ်ိဳ႕ေဆးေတြစြဲေသာက္ေနရတဲ့ သူေတြမွာလည္းျဖစ္ နိုင္တယ္။ အမ်ားအားျဖင့္ TB ေဆး၊ ပိုးသတ္ေဆး၊ ကင္ဆာေဆးနဲ႔ အတက္က်ေဆးတခ်ိဳ႕ေၾကာင့္ျဖစ္နိုင္တယ္။

 

ေသြးေကာင္းေကာင္းမေလၽွာက္တာကေတာ့ ေျခဖဝါးတစ္ခုထဲျဖစ္ဖို႔ရွားပါတယ္။ ေျခသလုံးေတြပါပါတတ္တယ္။ လမ္းေလၽွာက္ရင္ပိုးဆိုးတတ္တယ္။ နား လိုက္ရင္သက္သာတယ္။ တျဖည္းျဖည္းနာတာ၊ ကိုက္တာပါဆိုးတယ္။ လမ္းေလၽွာက္လို႔ရတဲ့ အကြာအေဝးပိုနည္းလာတတ္တယ္။ ညေတြပိုဆိုးလာတတ္တယ္။ ႏွစ္ဖက္ၿပိဳင္တူျဖစ္တာ ထက္တစ္ဖက္ခ်င္းပိုျဖစ္တယ္။ ေျခေထာက္ႏွစ္ဖက္အေရာင္မညီတတ္ဘူး။ ဒါမ်ိဳးကႀကိမ္းတာနဲ႔ေတာ့ သိပ္မဆိုင္ တတ္ဘူး။

 

တခ်ိဳ႕ကေအးရင္ျဖစ္လာတတ္တယ္။ ေအးေတာ့ထုံက်င္တာေတြ ျဖစ္လာတာေၾကာင့္ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလို ခံစားလာရရင္ သက္သာမယ့္နည္းလမ္းကိုရွာရမွာပါ။ ေဆးလိမ္းၿပီးႏွိပ္ေပးတာမ်ိဳးလုပ္လို႔ရတယ္။ အေၾကာေလၽွာ့ ေလ့က်င့္ခန္းေတြလုပ္လို႔ရတယ္။ ဘာေၾကာင့္ျဖစ္တယ္ဆိုတာကိုလဲ အေျဖရွာရမွာပါ။ အာ႐ုံေၾကာအားေဆး ေသာက္႐ုံနဲ႔အားလုံးမေကာင္းနိုင္ဘူး။ ျဖစ္တဲ့အေၾကာင္းကိုကုရမွာပါ။ ဒါေၾကာင့္ ဒီလိုမ်ိဳးေဝဒနာခံစားလာရရင္ အာ႐ုံေၾကာသမားေတာ္ေတြ၊ အထူးကုဆရာဝန္ႀကီးေတြနဲ႔ျပသၿပီး တိုင္ပင္ကုသေစခ်င္ပါတယ္။ အာ႐ုံေၾကာ ေၾကာင့္ဆိုလည္း ေျခေထာက္မထိခိုက္နိုင္ေအာင္ ဘာေတြလုပ္ မယ္ဆိုတာအထိလုပ္နိုင္ပါတယ္။

Dr. CST (Ondoctor)

Read times Last modified on Saturday, 25 January 2020 16:13
Rate this item
(1 Vote)