What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 October 2022 14:49

သင့်အသားအရေကို နေ့စဉ် ကူညီအားဖြည့်ပေးမည့် အရာ (၅) မျိုး

ဓာတုပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှာစိုးလို့ ရှောင်ကြဉ်နေသူများသည် သင့်အိမ်ထဲမှာ ရှိပြီး ငွေကုန်သက် သာစေမယ့် ပစ္စည်းတွေသုံးကာ အသားအရေအပြစ် အနာအဆာတွေ ပြုပြင်နိုင်မယ့် နည်းတွေကို ရေးသား လိုက်ရပါတယ်။

 

၁. သံလွင်ဆီ

မျက်နှာပြင်အနံှ့ သံလွင်ဆီ သုတ်လိမ်းတာက ဝက်ခြံတွေကို သက်သာစေပါတယ်။ ပြုလုပ်ရမယ့်နည်းက သံလွင်ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ဆား ထမင်းစားဇွန်း လေးဇွန်းတို့ကို စေးပျစ်အောင် ရောမွှေပြီး လက်ဖဝါးပြင်နှစ်ဖက်ကို လောင်းထည့်ကာ မျက်နှာတစ်ပြင်လုံး သုတ်လိမ်းပေးပါ။ တစ်မိနစ်-နှစ်မိနစ်လောက် အကြာမှာ ကြက်သီးနွေးရေနဲ့ ဆေးချပေးရပါမယ်။ နေ့စဉ် တစ်ပတ်ကြာ ပြုလုပ်ပေးပါက အသားအရေ အပြစ်အနာ အဆာကင်းကာ ကြည်လင်စိုပြည်နေပါလိမ့်မယ်။ ဆားက ချွေးပေါက်တွေကို သန့်စင်စေပြီး သံလွင်ဆီက အရေပြားရဲ့ သဘာဝအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်း ပေးနိုင်ပါတယ်။

 

၂. သံပရာသီး

အရေပြားရှိ အစက်အပြောက်တွေနဲ့ အမည်းစက်တွေ လျော့ပါးသက်သာစေဖို့အတွက် သံပရာရည်ကို အပြစ်အနာအဆာရှိတဲ့ အရေပြားနေရာပေါ် သုတ်လိမ်းပေးရမှာပါ။ အချိန် ၁၅ မိနစ်ကြာရင် ရေနဲ့ဆေးကြော သန့်စင်ပေးလိုက်ပါ။ သံပရာသီးဟာ ဘေးကင်းထိရောက်ပြီး အသားအရေ လင်းလက်စေတဲ့ အသီးဖြစ်ပါ တယ်။

 

၃. အက်စ်ပရင်

လူအများစုဟာ မကြာခဏဆိုသလို ဝက်ခြံအဖုအပိမ့်တွေ ပေါက်တတ်ကြပါတယ်။ အဲဒီအခါ အက်စ်ပရင်ဆေးပြားတစ်ပြားကို ကြိတ်ခြေပြီး ရေအနည်းငယ်နဲ့ စိုစွတ်စေးပျစ်အောင် လုပ်ဆောင်ကာ ဝက်ခြံအဖု အပိမ့်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ အချိန်နှစ်မိနစ်လောက် ကြာရင်ဆပ်ပြာနဲ့ ရေကို သုံးပြီး သန့်စင်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ဝက်ခြံပျောက်တဲ့အထိ နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက အင်းဆက်ကိုက်လို့ နီမြန်းရောင်ရမ်းမှုကိုလည်း လျော့ပါးစေပါတယ်။

 

၄. ဒိန်ချဉ်

ချွေးပေါက်ပိတ်ဆို့မှု ကင်းပြီး အရေပြားတင်းရင်းစေတဲ့နည်းပါ။ ဒိန်ချဉ်အလွတ်ကို မျက်နှာပေါ် သုတ်လိမ်းပေးပြီး မိနစ် ၂ဝ ကြာမှ ရေနဲ့ဆေးကြောသန့်စင်ပေးရပါမယ်။ မျက်နှာနုပျိုအောင် ပေါင်းတင်တဲ့ အနေနဲ့ ဒိန်ချဉ်အလွတ် လက်ဖက်စားဇွန်းတစ်ဇွန်းကို လိမ္မော်ရည် အနည်းငယ်၊ လိမ္မော်ဆံအနှစ်တစ်ချို့နဲ့ ရှားစောင်းလက်ပပ် လက်ဖက်စား ဇွန်းတစ်ဇွန်းတို့ ရောထည့်ပြီး မျက်နှာအနံှ့လိမ်းပေးပါ။ ငါးမိနစ်ခန့်ကြာမှ ရေနဲ့ ဆေးကြောပေးလိုက်ပါ။

 

၅. မုန်ညင်းရွက်

အဝါရောင် မုန်ညင်းရွက်နဲ့ မျက်နှာပြင်ပေါ် အုပ်ပေးရင် အရေပြားကို အေးမြစေပါတယ်။

Read times
Rate this item
(0 votes)