What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 December 2021 09:26

L'Oréal ရဲ့ အရေပြား ကျန်းမာရေး ဒစ်ဂျစ်တယ်ခရီးစဉ်

ထိုင်းနိုင်ငံတွင် အထင်ရှားဆုံး အလှကုန်များတွင် ပါဝင်သော L'Oréal ရဲ့ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ဈေးကွက်များအတွက်

အလုပ်အမှုဆောင် အရာရှိချုပ် Mrs Inês Caldeira က အခရာကျသည့် ဧရိယာ ၃ ခုကို အာရုံစူးစိုက် လုပ်ကိုင်ခဲ့တယ်လို့ Bangkok Post မီယာကို ပြောပြခဲ့ပါတယ်။ လူအများ people ၊ ကမ္ဘာ planet နဲ့ ထုတ်ကုန်များ products တို့ကို စူးစိုက်ထားပါတယ်။

လုပ်ငန်းအနေဖြင့် အွန်လိုင်းဝန်ဆောင်မှုများ လမ်းသစ်ထွင် တိုးချဲ့ပါတယ်။ အလှကုန်ပစ္စည်းကို သုံးစွဲလိုက်တဲ့အခါ တွေ့ကြုံရမယ့် အတွေ့အကြုံကို အွန်လိုင်းမှာ ကြည့်ရှုနိုင်အောင် နည်းပညာ တီထွင်ဆန်းသစ်မှုများဖြင့် စီစဉ်ပေးထားပါတယ်။
"ဒီကနေ့ ကျမတို့ ဘာသိထားသလဲ ဆိုတော့ ဝယ်ယူသုံးစွဲသူ အသစ် အများအပြားတို့က ကျမတို့ရဲ့ အလှကုန် အမည်အမှတ်တံဆိပ်များကို ဒစ်ဂျစ်တယ် နည်းလမ်းမှ တစ်ဆင့် သိခဲ့ကြတယ်။ အလှအပက အပြင်ပန်း အမြင်မျှသာ မဟုတ်ဘူး။ စိတ်ထဲဘယ်လို ခံစားမိသလဲ ဆိုတာလောက်ပဲ မဟုတ်ဘူး။ လူတွေက အလှကုန်ကို သုံးစွဲခြင်းရဲ့ အတွေ့အကြုံကို ရချင်ကြပါတယ်။ အဲဒီ အတွေ့အကြုံ ဆင်ဆင်တူတာကို ကျမတို့က အွန်လိုင်းက ဆင်တူလောကမှာ ဖန်တီးပေးထားတယ်။ အတွေအကြုံ ယူလို့ရတယ်။ စိတ်တွေ လှုပ်ရှားလို့ ရတယ်" လို့ Mrs Caldeira က ပြောပြပါတယ်။

ဝယ်ယူသုံးစွဲသူတွေ L'Oréal အလှကုန်တွေကို အတွေ့အကြုံ ယူနိုင်ဖို့ စင်စစ်နှင့်မခြား ဆင်တူအတွေ့အကြုံ ရယူဖို့ ဉာဏ်ရည်တု နည်းပညာဖြင့် ဖန်တီးပေးထားပါတယ်။
La Roche-Posay အစီအစဉ်မှ Spotscan သည် ဉာဏ်ရည်တု သုံးထားသော တီထွင်ဆန်းသစ်မှု ဖြစ်သည်။ သုံးစွဲသူ၏ မျက်နှာ မြင်တွေ့ရပုံကို scan ဖတ်ယူလိုက်သည်။ ထိုနောက် ဝက်ခြံကို ရောဂါဆန်းစစ်မှု အလိုအလျောက် ဆောင်ရွက်ပေးပြီး အရေပြား ကျန်းမာရေးနဲ့ လှပမှုတို့အတွက် skincare မည်သို့ လုပ်ဆောင်ရမည်ကို အကြံပြုပေးသည်။
အမျိုးသမီး အများစုသည် ဝက်ခြံနှင့် အရေပြားကျန်းမာရေး ဂရုစိုက်ဖို့အတွက် အရေပြားအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်နိုင်ခြင်း မရှိကြချေ။ ထိုအခက်အခဲကို Spotscan က အလွယ်တကူဖြင့် ဖြေရှင်းပေးသည်။

Virtual Try-On သည် အွန်လိုင်းပေါ်တွင် အလှကုန် အမျိုးမျိုး အရောင်အမျိုးမျိုးကို အစမ်းသုံးကြည့် နိုင်စေသည်။ မိမိနှင့် လိုက်ဖက်မှု ရှိမရှိ၊ မြင်တွေ့ရပုံကို မိမိက ကြိုက်မကြိုက် စမ်းသပ်ရွေးချယ်ပြီး မိမိနှင့် အလိုက်ဖက်ဆုံး အရောင်အသွေးကို လက်တွေ့ကျကျ သိနိုင်စေသည်။ ဆံပင်ဆိုးဆေး အရောင်အမျိုးမျိုးကိုလည်း အွန်လိုင်းမှ မိမိ၏ ပုံတွင် စမ်းသုံးကြည့်၍ ရသည်။

အလားတူပင် အောက်ခံအရောင်အတွက်လည်း Shade Finder ကို သုံးစွဲပြီး စမ်းသပ်ကြည့်နိုင်သည်။ အရေပြားကို scan ဖတ်ပြီး သင့်တော်သည့် အဆီလျော်ဆုံး ဖြစ်သော အောက်ခံအရောင် foundation shade ကို အကြံပြုပေးသည်။

ဒစ်ဂျစ်တယ် နည်းပညာသုံးစွဲမှု အရှိန်တင်ထားခြင်း၊ ဝယ်ယူသုံးစွဲသူ စိတ်ကျေနပ်မှု ရရှိမှု မြှင့်တင်ခြင်း၊ အရေပြားဆိုင်ရာ အကြံပြုချက်များ ပေးအပ်ခြင်း တို့ဖြင့် L'Oréal အလှကုန်များ ထိုင်းဈေးကွက်တွင် ဦးဆောင်သူနေရာကို ထိန်းသိမ်းထားပေသည်။

 

 

Read times
Rate this item
(0 votes)