What's New




Tuesday, 02 January 2024 09:17

အရပ်မြင့်ရခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက် ဗီယက်နမ်အလှမယ် ပြောပြ

အရပ်မြင့်ရခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက် ဗီယက်နမ်အလှမယ် ပြောပြ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အသက် ၁၉ နှစ်အရွယ်ရှိ ငုယင် ဟွမ်ဟူမင်းက သူမအရပ် ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) မြင့်ရသည့် အကြောင်းတချက်မှာ နေ့စဉ် နွားနို့ ၂ ကြိမ် ၃ ကြိမ် သောက်လေ့ရှိပြီး တကြိမ်သောက်တိုင်း အနည်းဆုံး တခွက် သောက်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် မင်းသည် ဗီယက်နမ် သံတမန်ရေးရာ အကယ်ဒမီတွင် ပညာသင်ယူလျက် ရှိသည်။ သူမသည် 2023 Miss Grand Vietnam အလှမယ်ရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

 

သူမသည် အရပ်မြင့်ခြင်းနှင့် ခန္ဓာကိုယ်ပိန်ပိန်ပါးပါး ဖြစ်ခြင်းကြောင့် အလွတ်တန်းမော်ဒယ်အဖြစ်လည်း လုပ်ကိုင်လျက်ရှိပါသည်။

 

Minh ၏ အရပ်နှင့် ပုံပန်းသဏ္ဍာန်က သူမအား လူအများကြားတွင် ထင်ရှားပေါ်လွင်စေပါသည်။

 

အမျိုးသမီးငယ်သည် ငယ်စဉ်ကတည်းက သက်တူရွယ်တူချင်းများထက် အရပ်ရှည်ပါသည်။

သူမသည် အသက် ၁၆ နှစ်တွင် အရပ် ၁.၇ မီတာကျော်သည်အထိ အရပ် မြင့်သည်။ 

ဖခင်သည် အရပ် ၁.၆၉ မီတာ၊ မိခင်သည် အရပ် ၁.၆၄ မီတာ အသီးသီး ရှိကြသဖြင့် သူမသည် မိဘတို့ထက် သိသိသာ အရပ် ပိုမြင့်ပါသည်။

 

မင်းက သူမ ထူးထူးခြားခြား အရပ်မြင့်ခြင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်မှာ အာဟာရ မှီဝဲခြင်း၊ လေ့ကျင့်ခန်း ယူခြင်းနှင့်  နွားနို့သောက်ခြင်းတို့ ပေါင်းစပ်မှုကြောင့်ဟု ယူဆပါသည်။

မင်း၏မိသားစုသည် အော်ဂဲနစ်ဟင်းသီးဟင်းရွက်များနှင့် နို့စားနွားမွေးမြူရေးခြံကို ပိုင်ဆိုင်ထားသောကြောင့် သူမသည် နေ့စဉ်နေ့တိုင်း နွားနို့သောက်နိုင်သည်။

တခါတရံတွင် သူမသည် တစ်နေ့လျှင် နွားနို့ နှစ်လီတာအထိ သောက်သည်။ သူမသည် နွားနို့ကို  မနက်စာ မစားမီ၊ နေ့လည်ခင်းနှင့် အိပ်ရာမဝင်မီ နှစ်နာရီအလိုတွင် သောက်သုံးလေ့ရှိသည်။

 

နွားနို့သည် စွမ်းအင်၊ ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင် D ကြွယ်ဝသော အရင်းအမြစ် ဖြစ်သဖြင့် အရိုးများကို သန်မာစေသည်။ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးသဖြင့် အရိုးပွခြင်း ကင်းစေသည်။

 

နွားနို့သည် ကလေးများ၏ ကြီးထွားမှုကို ကောင်းကျိုးပြုသည်။ 

 

နွားနို့ 200 ml တစ်ခွက်မှာ ကယ်လ်စီယမ် 240 mg ပါဝင်သည်။ 

အရွယ်ရောက်ပြီးသူ တစ်ဦးသည် တစ်နေ့လျှင် ကယ်လ်စီယမ် 800-1,000 mg ကြား သောက်ရန် အကြံပြုထားသည်။

သို့ဖြစ်ရာ တနေ့ နွားနို့ ၂ ခွက်၊ ၃ ခွက် သောက်သင့်သည်။ 

အရေးကြီးသောအချိန်ကာလများမှာ  ကိုယ်ဝန်ဆောင်ထားချိန်၊ ကလေးအသက် ပထမနှစ်နှစ်နှင့် အပျိုဖော်ဝင်ချိန်မတိုင်မီကာလများဖြစ်သည်။

၎င်းကာလများတလျှောက် မိဘများအနေဖြင့် မိမိတို့၏ ကလေးများအတွက် လိုအပ်သော အာဟာရဓာတ်များ လုံလောက်စွာ ကျွေးမွေးရမည်ဖြစ်သည်။ 

လုံလောက်သည့် အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတို့လည်း လိုအပ်သည်။

 

Minh က စောစောအိပ်ဖို့ ကြိုးစားပြီး တစ်ရက်လျှင် ရှစ်နာရီ အိပ်သည်။ 

 

“ကျွန်မ စာမေးပွဲအတွက် ပြင်ဆင်ရမယ့်အရာတွေကို ပြန်သုံးသပ်ဖို့ လိုအပ်တဲ့ ညတွေကလွဲရင်  ည ၁၀ နာရီမတိုင်ခင် အိပ်ရာဝင်ပါတယ်” ဟု သူမက ပြောကြားသည်။

 

မင်းက နို့သောက်ခြင်းအပြင် ရေ ၁.၅ လီတာ နေ့စဉ်သောက်သည်။

အချိုရည်များ၊ ငန်သောအစားအစာများနှင့် တိရစ္ဆာန်ပရိုတင်းများကို တတ်နိုင်သမျှရှောင်သည်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ဦးစားပေး စားသည်။ 

 

Miss Grand Vietnam ပြိုင်ပွဲမ၀င်ခင် Minh က အစာတဖြတ်အငတ်ခံသည့်နည်းကို ကျင့်သုံးခဲ့ပါသည်။ ၎င်းနည်းကို ကျင့်သုံးသည့်အခါ ၁၆ နာရီမှ ၂၄ နာရီအထိ ဆက်တိုက် အစာမစားဘဲ နေရပါသည်။ 

 

 "ဒီနည်းလမ်းကို ကျင့်သုံးတိုင်း ကျွန်မ အားအင်ကုန်ခန်း နွမ်းနယ်နေပြီး အာရုံစူးစိုက်ဖို့ ခက်ခဲတဲ့အတွက် မကြာခဏတော့ မလုပ်ဖြစ်ပါဘူး" ဟု မင်းက ပြောကြားသည်။ 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 02 January 2024 09:18
Rate this item
(0 votes)