What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 26 September 2022 14:27

မျက်နှာပေါ်က အရေးအကြောင်းများကို သက်သာစေမည့် နည်းလမ်းများ

အရေးကြောင်း ဆိုသည်မှာ မျက်နှာ အသားအရေ ပုံမမှန်ခြင်း နှင့် အသက်ကြီးခြင်းကို ပြသသည့် လက္ခဏာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ၊ လေရေ ညစ်ညမ်းမှုများ စသည်ကြောင့် အရေးအကြောင်းများ ဖြစ်လာနိုင်ပြီး စတင်ဖြစ်ပေါ်လာသည်နှင့် မြန်မြန်ပြန်ပျောက်နိုင်ရန် လိုအပ်ပါတယ်။

 

မျက်နှာကို အလွန်အကျွံမသစ်ပါနှင့်

မျက်နှာသစ်ခြင်းသည် အရေးအကြောင်းတွေဖြစ်ခြင်းကို ကာကွယ်ပေးတဲ့အစိုဓာတ်နဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်နိုင်တာကြောင့် မကြာခဏမျက်နှာသစ်ပါက အကာအကွယ်တွေကို ဆေးကြောလိုက်တာနဲ့ အတူတူပင်ဖြစ်ပါတယ်။ အစိုဓာတ်ပါတဲ့ဆပ်ပြာ (သို့) ဂျဲလ်နဲ့ ခရင်မ်မျက်နှာသစ်ဆေးတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။

 

ပက်လက်အိပ်စက်ခြင်း

ညစဉ်ညတိုင်း အိပ်စက်သည့် အနေအထားပေါ်မူတည်၍ အရေးအကြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်စောင်းအိပ်စက်ခြင်းဖြင့် ပါးနှင့် မေးစေ့တွင် အရေးအကြောင်းဖြစ်တတ်ပြီး မှောက်အိပ်ပါက မျက်ခုံးနား တစ်ဝိုက်တွင် အရေးအကြောင်းတွေဖြစ်နိုင်ပါတယ်။

 

မျက်မှောင်မကျုံ့ပါနှင့်

မကြာခဏမျက်မှောင်ကျုံ့ခြင်းကြောင့် မျက်နှာကြွက်သားတွေကို ပင်ပန်းစေပြီး အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားပါ။ လိုအပ်ပါက စာကြည့်မျက်မှန်တပ်ရည် ဝန်မလေးပါနှင့်။ နေကာမျက်မှန်တပ်ခြင်းဖြင့်လည်း နေရောင်ကြောင့် မျက်စိပျက်စီးခြင်းကို ကာကွယ်နိုင်တဲ့အပြင် မျက်စိမစူးတာကြောင့် မျက်မှောင်မကျုံ့နိုင်တော့ပေ။

 

Zebra.jpg

 

ပဲပိစပ်ပါဝင်တဲ့ အသားအရည်ထိန်းသိမ်းသောပစ္စည်းများ

ပဲပိစပ်ဟာ အရေပြားရဲ့အသွင်အပြင်ကို ပိုမိုကောင်းမွန်စေတဲ့အပြင် ပျက်စီးခြင်းမှလည်း အကာ အကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်များအရ ပဲပိစပ်ကို လိမ်းသည်ဖြစ်စေ၊ ဖြည့်စွက်အာဟာရ အနေဖြင့် သောက်သုံးသည်ဖြစ်စေ နေလောင်ဒဏ်ရာတွေကို သက်သာစေ၍ အရေပြားကိုလည်း တင်းရင်းလှပစေနိုင်ပါတယ်။

 

ဆဲလ်မွန်ငါးကို ပိုမိုစားသုံးပါ

ဆဲလ်မွန်အပါအဝင် ရေချိုငါးအချို့ဟာ အရေပြားပြန်လည်တည်ဆောက်ဖို့လိုအပ်တဲ့ အသားဓာတ်တွေ အပြင် အိုမီဂါ ၃ အဆီဓာတ်တွေပါ အများအပြားပါဝင်ပြီး အရေပြားရဲ့အာဟာရဓာတ်ကို ဖြည့်တင်းပေး၍ အရေးအကြောင်းတွေကို သက်သာစေနိုင်တာကြောင့် ငယ်ရွယ်နုပျိုစေပါတယ်။

 

ဗီတာမင် C လိမ်းပါ

ဗီတာမင် C ပါတဲ့ ခရင်မ်တွေဟာ အရေပြားရဲ့ကော်လဂျင် (အသားဓာတ်တစ်မျိုး) ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသနပြုလုပ်ချက်အချို့အရသိရပါတယ်။ ဗီတာမင် C သည် ခရမ်းလွန်ရောင်ခြည် A နဲ့ B ကြောင့် ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် နီရဲခြင်း၊ အမဲစက်နဲ့ အသားအရောင် မညီညာခြင်းတို့ကိုလည်း သက်သာစေပါတယ်။

 

Myanmar Health Products Guide

Read times
Rate this item
(0 votes)