What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 24 November 2018 11:52

အမျိုးသားများအတွက် အသားအရေကြည်လင်လာစေမည့် အဆင့်၅ဆင့်

အသားအရေထိန်းသိမ်းခြင်းဆိုတာ မိန်းကလေးတွေအတွက်ကော ယောက်ျားလေးတွေအတွက်ကော အရေးပါပါတယ်။

အရေးကြီးတဲ့ တွေ့ဆုံပွဲ(ဒါမှမဟုတ်) ဒိတ်ဖို့စီစဉ်နေတုန်းမှာပဲ ရုတ်တရက် ဝက်ခြံထွက်လာတာကို ဘယ်သူမှမကြိုက်နှစ်သက်ကြပါဘူး။ ဒီလိုတွေဖြစ်မလာအောင် ကိုကို၊ မောင်မောင်တွေ လုပ်ဆောင်ရမည့် အဆင့်၅ဆင့်ရှိပါတယ်။ အသားအရေတိုင်းနဲ့သင့်တော်တဲ့ အခြေခံ အသားအရေထိန်းသိမ်းနည်းတွေပဲဖြစ်ပါတယ်။ ကိုက၊ိုမောင်မောင်တွေ အသားအရေကို ဘယ်လို စတင် ထိန်းသိမ်းရမလဲဆိုတာ တင်ဆက်ပေးချင်ပါတယ်။

 

၁ မျက်နှာသန့်စင်ခြင်း

မနက်ခင်းပိုင်းမှာ ယောကျာ်းလေးတိုင်း ပထမဆုံး လုပ်ဆောင်သင့်တာကတော့ မျက်နှာ သန့်စင်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရေလောက်နဲကတော့ အညစ်အကြေးတွေ၊ အဆီပြန်ခြင်းတွေအားလုံးကို ဖယ်ရှားဖို့အတွက် မလုံလောက်ဘူးဆိုတာကိုတော့ မှတ်ထားသင့်ပါတယ်။ ရေချိုးဆပ်ပြာကို အသုံးပြုပြီး မျက်နှာသစ်မည့်အစား သင့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုဖို့ လိုပါတယ်။ နေ့စဉ်အသုံးပြုပေးပြီး မျက်နှာခြောက်သွားအောင် သုတ်ပေးဖို့ သတိရပါတယ်။

 

၂ ဂရုတစိုက်နှုတ်ခမ်းမွှေးရိတ်ခြင်း

Razor Burnsဟာ အသားအရေကျိန်းစပ်ခြင်းတွေ ဖြစ်လာနိုင်ပြီး ဝက်ခြံထွက်ခြင်းများလဲ ဖြစ်လာနိုင်ပါတယ်။ သင်တုန်းဓားကို ဂရုတစိုက်အသုံးပြုပြီး မှန်ကန်တဲ့နှုတ်ခမ်းမွှေးရိတ်ခရင်မ်ကို အသုံးပြုခြင်းအားဖြင့် ညင်ညင်သာသာ ရိတ်ပေးပါ။ အသားအရေနူးညံ့ဖို့နဲ့ အသားအရေအက်ကွဲခြင်းတွေကို ကာကွယ်ဖို့အတွက် နှုတ်ခမ်းမွှေးရိတ်ပြီးနောက် လိမ်းတဲ့ခရင်မ်ကို အသုံးပြုပါ။

 

၃ နှိပ်နယ်ပေးခြင်း

ယောကျာ်းလေးတွေလဲ အရေပြားဆဲလ်အသေတွေကို ပုံမှန် ဖယ်ရှားဖို့အတွက် နှိပ်နယ်ပေးခြင်းတွေ လိုအပ်ပါတယ်။ အသားအရေနှိပ်နယ်ပေးခြင်းကို အနည်းဆုံး တစ်ပတ်တစ်ခါပြုလုပ်ပေးသင့်ပါတယ်။ ချွေးပေါက်တွေ ပွင့်ဖို့၊ ပိတ်မိနေတဲ့ အညစ်အကြေးတွေနဲ့ အဆီပြန်ခြင်းတို့ကို ဖယ်ရှားဖို့အတွက် scrubနဲ့ အသားအရေကို နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။ နှိပ်နယ်ပေးပြီးတဲ့အခါတိုင်း မီးသွေး face maskနဲ့ အသားအရေကို ရေဓာတ်ဖြည့်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးသလို ကြည်လင်တဲ့အသားအရေကိုလဲ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

 

၎ moisturiseလုပ်ပေးခြင်း

အသားအရေကို သန့်စင်ပေးပြီးသွားရင် သင့်အသားအရေနဲ့ သင့်တော်တဲ့moisturiserနဲ့ ရေဓာတ်ဖြည့်ပေးဖို့ အချိန်ရောက်ပါပြီ။ အသားအရေ ချွဲကျိခြင်းမဖြစ်စေဖို့အတွက် ဂျယ်လ်ပုံစံmoisturiserကို ရွေးချယ်ပါ။ နေရောင်ခြည်ဒဏ်ကာကွယ်ဖို့အတွက် SPF 20ပါဝင်တဲ့ moisturiserဆိုပိုပြီးကောင်းမွန်ပါတယ်။

 

၅ ရေသောက်ပေးပါ

သင့်အသားအရေကို moisturiserနဲ့ ရေဓာတ်ဖြည့်ပေးရုံနဲ့တော့ မလုံလောက်ပါဘူး။ ရေများများသောက်ပေးဖို့လဲ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာသောက်ပေးပါ။ အပြင်ဘက်မှာ အပြစ်အနာအဆာကင်းပြီး ကြည်လင်တဲ့အသားအရေဖြစ်ဖို့ဆိုရင် အတွင်းထဲက ဆဲလ်အသေတွေကို သန့်စင်ပေးရမှာဖြစ်ပါတယ်။ ရေသောက်ပေးခြင်းက အသားအရေကို ကြည်လင်စေရုံသာမက ကျန်းမာရေးအတွက်လဲ ကောင်းမွန်ပါတယ်။ အရေပြားပြဿနာနဲ့ ယားယံခြင်းတွေဖြစ်တတ်တယ်ဆိုရင် အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ကြည့်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Source:mingalarbarmorning

Read times Last modified on Saturday, 24 November 2018 13:08
Rate this item
(0 votes)