What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 December 2018 16:24

ေသြးဖိအား က်ဆင္းႏုိင္သည့္ နည္းလမ္းမ်ား

ေသြးတုိးရွိသူ အမ်ားစုမွာ ဆားေလွ်ာ့စား႐ံုေလာက္နဲ႔ ေသြးဖိအား က်ဆင္းႏိုင္ဖြယ္ မရွိပါဘူး။

ႏွလံုးတုိက္ခုိက္ ခံရတာကိုလည္း မကာကြယ္ႏုိင္ပါဘူး။ ဆားေလွ်ာ့စားတာဟာ ဆားကို Sensitive ျဖစ္သူေတြမွာသာ ေသြးဖိအား က်ဆင္းႏိုင္ပါတယ္။ ဒီလူေတြဟာလည္း ေသြးတိုးေရာဂါ ရွိသူထက္ဝက္ထက္ ေလ်ာ့နည္းပါတယ္။ ေသြးဖိအား က်ဆင္းႏိုင္တဲ့ နည္းအသစ္ေတြကို UCLA မွ သုေတသီေတြက ေအာက္ပါအတုိင္း အႀကံေပးထားပါတယ္။

 

ေသြးေၾကာေတြ က်န္းမာေအာင္ အနီေရာင္ ဟင္းအႏွစ္ အသံုးျပဳပါ

ခရမ္းခ်ဥ္သီးအႏွစ္ ခြက္တစ္ခြက္စာမွာ လုိင္ကုိပင္း ၅၀ မီလီဂရမ္ ပါဝင္ၿပီး အဲဒီျဒပ္ေပါင္းဟာ ေသြးေၾကာေတြ ပြင့္ေစကာ ႏွစ္လအတြင္းမွာ ေသြးဖိအားအမွတ္ ၁၀ မွတ္ က်ဆင္းႏုိင္တယ္လုိ႔ ေလ့လာမႈေတြမွာ ေတြ႕ရွိခဲ့ပါတယ္။ ပန္းေရာင္ ဂရိတ္ဖ႐ုသီးမွာလည္း လုိင္ကုိပင္းဓာတ္ မ်ားစြာ ပါဝင္ပါတယ္။

 

ကေလးငယ္ေတြရဲ႕ ေသြးေၾကာအတုိင္း ျပန္ျဖစ္ေအာင္ သံလြင္ရြက္အဆီစားပါ

ေန႔စဥ္ သံလြင္ရြက္ အဆီအႏွစ္ (Oilve Leaf Extract) ၁၀၀၀ မီလီဂရမ္ မွီဝဲတာေၾကာင့္ ေသြးဖိအားအမွတ္ ၁၁ မွတ္ က်ဆင္း ႏိုင္ပါတယ္။ သံလြင္ရြက္မွာ ပါဝင္တဲ့ ဓာတ္တုိး ဆန္႔က်င္ပစၥည္းေတြက ေသြးေၾကာေတြကို က်ယ္ေစလုိ႔ပါလုိ႔ အာဟာရ ဆုိင္ရာ သုေတသီ James က ေျပာပါတယ္။

 

ေသြးဖိအား ျမင့္တက္မႈမရွိေအာင္ အရက္မေသာက္ခင္ အစာစားပါ

အရက္မေသာက္ခင္မွာ အစာအနည္းငယ္ စားသံုးတာေၾကာင့္ ႐ုတ္တရက္ ေသြးဖိအား ျမင့္တက္ႏႈန္း ထက္ဝက္ က်ဆင္းသြားပါတယ္။ ေသြးအတြင္း အယ္လကိုေဟာ အဆင့္ ႐ုတ္တရက္ ျမင့္တက္သြားတာေၾကာင့္ ေသြးေၾကာေတြ တင္းမာသြားတတ္ပါတယ္။ အစာ စားထားပါက အူမႀကီးမွ အယ္လ္ကိုေဟာ စုပ္ယူမႈကို ေႏွးေကြး သြားေစႏုိင္ပါတယ္။

 

အာ႐ံုေၾကာေတြ ေအးခ်မ္းမႈ ရရွိေအာင္ ကခုန္ပါ

တစ္ႀကိမ္ကုိ ၃ဝ မိနစ္ႏႈန္းနဲ႔ တစ္ပတ္ေလးႀကိမ္ ကခုန္တာေၾကာင့္ ေသြးတုိးေရာဂါ ျဖစ္ႏုိင္ေျခ ၅၂ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ႏုိင္ပါတယ္။ ကခုန္တာေၾကာင့္ အာ႐ံုေၾကာစနစ္ေတြ ေအးခ်မ္းမႈ ရေစၿပီး ေသြးေၾကာပတ္လည္မွ ႂကြက္သားေတြကိုလည္း အနားရေစလုိ႔ပါလုိ႔ သုေတသီေတြက ရွင္းျပပါတယ္။

 

ေသြးတုိးက်ေဆးရဲ႕ အေကာင္းဆံုး အာနိသင္ ရရွိေအာင္ ညဘက္မွာ ေသာက္သံုးပါ

မနက္ပိုင္းမွာ ေသြးတုိးက်ေဆးေတြ ေသာက္မယ့္အစား ညအိပ္ရာဝင္ခါနီးမွာ ေသာက္ပါက ႏွလံုးတုိက္ခုိက္ ခံရႏိုင္ေျခကို ၅၀ ရာခုိင္ႏႈန္းအထိ က်ဆင္းေစပါတယ္။ သင္ရဲ႕ ေသြးဖိအားဟာ ညအိပ္ခ်ိန္မွာ ၁၀ ရာခိုင္ႏႈန္းထိ က်ဆင္းသြားတတ္ပါတယ္။ ဒါ့အျပင္ အိပ္ေပ်ာ္ေနစဥ္ အတြင္းမွာပဲ ေသြးေၾကာေတြကို ျပန္လည္ျပဳျပင္ ေပးသြားပါတယ္။

Source:Good Health

Read: ႏွလံုးေရာဂါထျခင္း အႏၱရာယ္ကို ၉ဝရာခိုင္ႏႈန္း နီးပါး ေလွ်ာ့ခ် ႏိုင္မည့္ နည္းလမ္းမ်ား

ႏွလံုးေရာဂါထျခင္း အႏၱရာယ္ကို ၉ဝရာခိုင္ႏႈန္း နီးပါး ေလွ်ာ့ခ် ႏိုင္မည့္ နည္းလမ္းမ်ား

 

{Unicode}

======

သွေးဖိအား ကျဆင်းနိုင်သည့် နည်းလမ်းများ


သွေးတိုးရှိသူ အများစုမှာ ဆားလျှော့စားရုံလောက်နဲ့ သွေးဖိအား ကျဆင်းနိုင်ဖွယ် မရှိပါဘူး။ နှလုံးတိုက်ခိုက် ခံရတာကိုလည်း မကာကွယ်နိုင်ပါဘူး။ ဆားလျှော့စားတာဟာ ဆားကို Sensitive ဖြစ်သူတွေမှာသာ သွေးဖိအား ကျဆင်းနိုင်ပါတယ်။ ဒီလူတွေဟာလည်း သွေးတိုးရောဂါ ရှိသူထက်ဝက်ထက် လျော့နည်းပါတယ်။ သွေးဖိအား ကျဆင်းနိုင်တဲ့ နည်းအသစ်တွေကို UCLA မှ သုတေသီတွေက အောက်ပါအတိုင်း အကြံပေးထားပါတယ်။

 

သွေးကြောတွေ ကျန်းမာအောင် အနီရောင် ဟင်းအနှစ် အသုံးပြုပါ

ခရမ်းချဉ်သီးအနှစ် ခွက်တစ်ခွက်စာမှာ လိုင်ကိုပင်း ၅၀ မီလီဂရမ် ပါဝင်ပြီး အဲဒီဒြပ်ပေါင်းဟာ သွေးကြောတွေ ပွင့်စေကာ နှစ်လအတွင်းမှာ သွေးဖိအားအမှတ် ၁၀ မှတ် ကျဆင်းနိုင်တယ်လို့ လေ့လာမှုတွေမှာ တွေ့ရှိခဲ့ပါတယ်။ ပန်းရောင် ဂရိတ်ဖရုသီးမှာလည်း လိုင်ကိုပင်းဓာတ် များစွာ ပါဝင်ပါတယ်။

 

ကလေးငယ်တွေရဲ့ သွေးကြောအတိုင်း ပြန်ဖြစ်အောင် သံလွင်ရွက်အဆီစားပါ

နေ့စဉ် သံလွင်ရွက် အဆီအနှစ် (Oilve Leaf Extract) ၁၀၀၀ မီလီဂရမ် မှီဝဲတာကြောင့် သွေးဖိအားအမှတ် ၁၁ မှတ် ကျဆင်း နိုင်ပါတယ်။ သံလွင်ရွက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက သွေးကြောတွေကို ကျယ်စေလို့ပါလို့ အာဟာရ ဆိုင်ရာ သုတေသီ James က ပြောပါတယ်။

 

သွေးဖိအား မြင့်တက်မှုမရှိအောင် အရက်မသောက်ခင် အစာစားပါ

အရက်မသောက်ခင်မှာ အစာအနည်းငယ် စားသုံးတာကြောင့် ရုတ်တရက် သွေးဖိအား မြင့်တက်နှုန်း ထက်ဝက် ကျဆင်းသွားပါတယ်။ သွေးအတွင်း အယ်လကိုဟော အဆင့် ရုတ်တရက် မြင့်တက်သွားတာကြောင့် သွေးကြောတွေ တင်းမာသွားတတ်ပါတယ်။ အစာ စားထားပါက အူမကြီးမှ အယ်လ်ကိုဟော စုပ်ယူမှုကို နှေးကွေး သွားစေနိုင်ပါတယ်။

 

အာရုံကြောတွေ အေးချမ်းမှု ရရှိအောင် ကခုန်ပါ

တစ်ကြိမ်ကို ၃ဝ မိနစ်နှုန်းနဲ့ တစ်ပတ်လေးကြိမ် ကခုန်တာကြောင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ ကခုန်တာကြောင့် အာရုံကြောစနစ်တွေ အေးချမ်းမှု ရစေပြီး သွေးကြောပတ်လည်မှ ကြွက်သားတွေကိုလည်း အနားရစေလို့ပါလို့ သုတေသီတွေက ရှင်းပြပါတယ်။

 

သွေးတိုးကျဆေးရဲ့ အကောင်းဆုံး အာနိသင် ရရှိအောင် ညဘက်မှာ သောက်သုံးပါ

မနက်ပိုင်းမှာ သွေးတိုးကျဆေးတွေ သောက်မယ့်အစား ညအိပ်ရာဝင်ခါနီးမှာ သောက်ပါက နှလုံးတိုက်ခိုက် ခံရနိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းစေပါတယ်။ သင်ရဲ့ သွေးဖိအားဟာ ညအိပ်ချိန်မှာ ၁၀ ရာခိုင်နှုန်းထိ ကျဆင်းသွားတတ်ပါတယ်။ ဒါ့အပြင် အိပ်ပျော်နေစဉ် အတွင်းမှာပဲ သွေးကြောတွေကို ပြန်လည်ပြုပြင် ပေးသွားပါတယ်။

Read times Last modified on Monday, 23 December 2019 18:11
Rate this item
(2 votes)