What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 January 2019 17:05

ကြောက်စရာကောင်းတဲ့ သွေးကြောကြီးများယောင်ခြင်းအကြောင်း ( Giant cell arteritis )

သွေးကြောကြီးများယောင်ခြင်း ဆိုသည်မှာ ဦးခေါင်းမှသွေးလွှတ်ကြောကြီးများ၊အထူးသဖြင့်နားထင်ရှိသွေးလွှတ်ကြောကြီးများယောင်ခြင်းဖြစ်ပါတယ်။

လက္ခဏာများကတော့ အဖြစ်များဆုံး ရောဂါလက္ခဏာမှာ ခေါင်းကိုက်ခြင်းပြီး များသောအားဖြင့် ခေါင်းနှစ်ခြမ်းစလုံးဖြစ်တတ်ပါတယ်။

 

အခြားဖြစ်နိုင်တဲ့ ရောဂါ လက္ခဏာများကတော့ အမြင်ဝေဝါးလာခြင်း(မျက်စိတစ်ဖက်တည်းဖြစ်လေ့ရှိပြီး ရောဂါဆိုးလာပါက ၂ဖက်လုံးဖြစ်လာနိုင်သည်) ၊ ရုတ်တရက်အမြင်ကွယ်သွားခြင်း ၊ ဦးရေပြားနာကျင်ခြင်း(အထူးသဖြင့် ခေါင်းဖြီးချိန်တွင်) ၊ မေးရိုးကိုက်ခြင်း ၊ ကိုယ်ပူခြင်း ၊ နှုန်းချိခြင်း ၊ သိသိသာသာ ပိန်သွားခြင်း ဖြစ်စေနိုင်ပါတယ်။

 

ဘာကြောင့် ဖြစ်တာလည်းပြောဖို့ကတော့ အကြောင်းရင်း တိတိကျကျ မရှိသေးပေ။ လေ့လာတွေ့ရှိချက်များအရ မျိုးရိုးဗီစ ပြဿနာနှင့် ဆက်စပ်မှုရှိနိုင်ပါတယ်။ Giant cell arteritis သည် သွေးကြောကြီးများ၏နံရံများယောင်ခြင်းမှ ခန္တာကိုယ်တစ်ခုလုံးရှိကလပ်စည်းများသို့ သွေးအရောက်နည်းလာကာ လိုအပ်သော အောက်ဆီဂျင် နှင့် အာဟာရများမရသည်အထိဖြစ်လာနိုင်ပါတယ်။

 

များသောအားဖြင့် အရွယ်အစားကြီးမားသော သွေးကြောကြီးများဖြစ်ပွားလေ့ရှိပြီး အဖြစ်များဆုံးမှာ နားထင်တစ်ဝိုက်သို့ သွေးထောက်ပံ့ပေးသောသွေးကြောတစ်ခုတွင်ပိုမိုဖြစ်ပွားလေ့ရှိသည်။ထို့ကြောင့် နား၏ရှေ့ဘက်မှ ဦးရေပြားထိနာကျင်လေ့ရှိပါတယ်။

 

ဖြစ်နိုင်ချေများသူများကတော့ (၁) အသက်အရွယ်အရ အသက် ရ၀ နှင့် ၈၀ ကြားတွင် အဖြစ်များသည် ၊ (၂) အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆ ပိုမိုဖြစ်ပွားနိုင်သည် ၊ (၃) မျိုးရိုးတွင် Giant cell arteritis ရောဂါရှိသူများ ၊ (၄) ဥရောပမြောက်ပိုင်း နိုင်ငံများရှိ လူဖြူများတွင် အဖြစ်များသည် ၊ (၅) Polymyalgia rheumatica ရောဂါရှိပါကလည်း သွေးကြောကြီးများယောင်ခြင်းကို ပိုမိုဖြစ်ပွားနိုင်ပါတယ်။

 

သွေးကြောကြီးများယောင်ခြင်း နောက်ဆက်တွဲ ပြဿနာများကတော့ အချိန်မှီ မကုသပါက အမြင်အာရုံလုံးဝဆုံးရှုံးခြင်း (Permanent blindness) ၊ ခန္တာကိုယ်တစ်ခုလုံးသို့သွေးပို့ဆောင်ပေးသော သွေးကြောမကြီးဖောင်းခြင်း(ပေါက်သွားပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်)(Aortic aneurysm) ၊ လေဖြတ်ခြင်း( အဖြစ်နည်းသည် )(Stroke) တို့ဖြစ်စေနိုင်ပါတယ်။

 

မျက်စိဝေဝါးလာလျှင် ဒါမှမဟုတ် ခေါင်းခဏခဏ ကိုက်ခြင်းများ ဖြစ်ပေါ်လာရင်တော့ ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။ သွေးကြောကြီးများယောင်ခြင်းကို အိမ်တွင်းကုသနည်းများအနေဖြင့် ကျန်းမာရေးအတွက် သင့်တင့်လျှောက်ပတ်သော အစားအစာများစားခြင်း ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း ၊ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း ၊ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် aspirn ဆေး သောက်ပေးခြင်း တို့ဖြင့် ကာကွယ်နိုင်ပါတယ်။

Source: Yadanar(healthcare.com.mm)

 

Read times Last modified on Friday, 25 January 2019 17:32
Rate this item
(0 votes)