What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 January 2019 16:51

သားဥအိမ်ကင်ဆာ သို့မဟုတ် မမျိုးဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာလို့ခေါ်တဲ့ မမျိုးဥအိမ်ကင်ဆာ (Ovary Cancer) ဖြစ်ရတဲ့ အကြောင်းကို တိတိကျကျ မသိကြသေးပါဘူး။

ဒါပေမဲ့ ဒီကင်ဆာမျိုးရိုး ရှိသူတွေ၊ အသက် ၅၅ နှစ်ကျော်လာတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန် မဆောင်ဖူးသူတွေမှာ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

 

မမျိုးဥအိမ်ကင်ဆာ ဖြစ်နေကြောင်း သံသယရှိသင့်သော လက္ခဏာများ

မမျိုးဥအိမ် ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေကတော့ ဝမ်းဗိုက် ဒါမှမဟုတ် ဝမ်းဗိုက အောက်ပိုင်းနဲ့ တင်ပဆုံ အတွင်းပိုင်း နာကျင်တာ၊ မကြာခဏ ဆီးသွားတာ၊ ဆီးမထိန်းနိုင်တာ၊ အစာမစားချင်တာနဲ့ ရင်ပြည့်တာတို့ ဖြစ်ပါတယ်။ မမျိုးဥအိမ်ကင်ဆာ လက္ခဏာ နောက်ပိုင်းအဆင့်တွေ ရောက်လာရင် ဝမ်းဗိုက်ဖောင်းလာတာ၊ ဗိုက်နာတာ၊ ဗိုက်တင်းတာ၊ ခါးနာတာ၊ ဆီးမကြာခဏသွားတာ၊ ခြေထောက်နာတာ၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာနဲ့ ရင်ပြည့်တာတို့ ဖြစ်တတ်ပါတယ်။

 

မမျိုးဥအိမ်ကင်ဆာ ဖြစ်နေကြောင်း သံသယရှိလျှင်

မမျိုးဥအိမ်ကင်ဆာ ဖြစ်နေတယ်လို့ သံသယရှိရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသပြီး အာထရာဆောင်းရိုက်ကာ စစ်ဆေးတာတွေကို ပြုလုပ်သင့်ပါတယ်။ လိုအပ်ရင် အသားစယူ စစ်ဆေးတာကို ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။

Source: ဇွန်(yatanarpon)

 

Read: လူအများစုတွင် ချို့တဲ့နေတတ်သော အာဟာရဓာတ် ငါးမျိုး

လူအများစုတွင် ချို့တဲ့နေတတ်သော အာဟာရဓာတ် ငါးမျိုး

Read times Last modified on Wednesday, 27 February 2019 14:57
Rate this item
(1 Vote)