What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 September 2017 10:46

အိမ်သာမှတဆင့်ကူးစက်တတ်သော ရောဂါပိုး (၇) မျိုး နှင့် ကာကွယ်ရမည့် နည်းလမ်းများ

အိမ်သာမှတဆင့်ကူးစက်တတ်သော ရောဂါပိုး (၇) မျိုး နှင့် ကာကွယ်ရမည့် နည်းလမ်းများ google.com

၁. E coli

- ယနေ့ခေတ်မှာ အိမ်သာမှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး အိမ်သာထိုင်ခုံတွေကမှ တစ်ဆင့် ကူးစက်တတ်ပါတယ်။

ဒီရောဂါပိုးက အူထဲကိုဝင်ရောက်ပြီး အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

၂. Staphylococcus

- E.coli ကဲ့သို့ပဲ ဒီရောဂါပိုးကလည်း အိမ်သာထိုင်ခုံတွေက တဆင့်ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးက 2 လလောက်အထိ ရှင်သန်နေနိုင်ပြီး ကူးစက်ခံရသူမှာ အနာတွေဖြစ်စေပါတယ်။ Staph က အစပိုင်းမှာတော့ ကြောက်ဖို့မကောင်းပေမယ့် မကုသဘဲကြာလာရင် အဆုတ်ရောင်ခြင်းကဲ့သို့သော ပိုပြီးပြင်းထန်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။

၃. Norovirus

- ဒီဗိုင်းရပ်စ်ပိုးကလည်း Ecoli နဲ့လုံးဝနီးပါးတူပါတယ်။ မတူတဲ့အချက်ကတော့ ရေဆေးရုံနဲ့ ဒီပိုးကို မဖယ်ရှားနိုင်ပါဘူး။ ဒီပိုးကိုလည်း အိမ်သာထိုင်ခုံဝန်းကျင်မှာ တွေ့ရတတ်ပြီးတော့ ကူးစက်ခံရသူမှာ ရုတ်တရက် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်ပါတယ်။

၎. Streptococcus

- လူထဲမှာဆိုရင် ဒီဘက်တီးရီးယားပိုးကို လည်ချောင်းထဲမှာ အတန်းလိုက် တွေ့နိုင်ပါတယ်။ အိမ်သာထိုင်ခုံ တွေက တစ်ဆင့်ကူးစက်နိုင်ပြီး အရေပြားပေါ်တွင် အကွက်များထခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်း ရောင်ခြင်း၊ ဖျားခြင်း၊ မောပန်းခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရစေပါတယ်။

၅. Gardnerella

- အမျိုးသမီးတွေမှာအဖြစ်များတဲ့ မိန်းမကိုယ်ကိုဝင်ရောက်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ အဓိက ရောဂါလက္ခဏာကတော့ မိန်းမကိုယ်မှ အရည်များဆင်းခြင်းဖြစ်ပါတယ်။

၆. Shigella Bacteria

- ရောဂါပိုးရှိတဲ့မျက်နှာပြင်တွေဖြစ်တဲ့ တံခါးလက်ကိုင်ဖု၊ လက်ကိုင်၊ အိမ်သာထိုင်ခုံတွေကို ထိတွေ့မိရင် လူကိုကူးစက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ရေတွေကို သုံးခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရောဂါ လက္ခဏာတွေ ကတော့ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း တို့ဖြစ်ကြပါတယ်။

၇. Influenza (Flu) တုပ်ကွေး

- လည်ပင်းတွေ၊ အဆုတ်တွေကို ထိခိုက်စေပြီးတော့ ညစ်ပတ်နေတဲ့အိမ်သာမျက်နှာပြင်တွေကတဆင့် ကူးစက်တတ်ပါတယ်။ အအေးမိခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း စတဲ့ရောဂါလက္ခဏာတွေကို ခံစားရစေပါတယ်။

READ - အကြာကြီး ဆီးအောင့်ထားတယ်ဆိုရင်

ကာကွယ်ခြင်း

၁. အိမ်သာကို သန့်သန့်ရှင်းရှင်းထားခြင်းနဲ့ ဂရုစိုက်သုံးစွဲခြင်းများဖြင့် အိမ်သာမှတစ်ဆင့်ကူးစက် တတ်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

၂. အိမ်သာနဲ့ ဘေးပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းစွာ ထားပါ။

၃. အိမ်သာကို အိမ်သာတိုက်ဘရပ်စ်နှင့် ဆပ်ပြာရည်သုံးပြီး ပုံမှန် (တတ်နိုင်လျှင် နေ့စဉ်) အမြဲသန့်ရှင်းရေး လုပ်ပေးပါ။

၎. အိမ်သာတက်ပြီးတိုင်း ဆပ်ပြာဖြင့် လက်ဆေးပါ။ မဟုတ်ရင် လက်ကတစ်ဆင့် ပါးစပ်အပါအဝင် နေရာတိုင်းကို ရောဂါပိုးများပျံ့နှံ့နိုင်ပါတယ်။

၅. ကိုယ့်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ညစ်ပတ်တဲ့ ရေတွေမစင်အောင် အိမ်သာပေါ်မထိုင်မီရေအရင်ဆွဲချပါ။

၆. အောက်ခံဘောင်းဘီပုံမှန်လဲလှယ်ဝတ်ဆင်ပါ။

၇. အမျိုးသမီးများတွင် မိန်းမကိုယ်လိမ်းဆေးများ လိမ်းခြင်းဖြင့်လည်း အိမ်သာမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်နိုင်ပါတယ်။

၈. ဆီးသွားပြီး တိုင်းမိန်းမကိုယ်ကို တစ်သျှူးဖြင့်သုတ်ပါ။

၉. အောက်ခံဘောင်းဘီနှင့် တဘက်များကို မျှဝေသုံးစွဲခြင်းမပြုပါနှင့်။

READ - အများသုံးအိမ်သာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုသုံးသင့်သလဲ

Source: drmyanmar.com

Read times
Rate this item
(3 votes)