What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 October 2018 14:28

ဘာကြောင့် ရင်တုန် နေရတာလဲ - ကျန်းမာရေး

သင့်နှလုံးခုန် မူမူမမှန်တာ၊ မြန်တာ၊ တုန်နေတာ၊ တခါတလေ တဆတ်ဆတ်တုန်နေတာမျိုးကို သင့်ကိုယ်တိုင် ခံစားရဖူးပါလိမ့်မယ်။ ရင်တုန်တဲ့ ခံစားချက်ကိုသင့်ရင်ဘတ်ထဲ၊ လည်ချောင်းနဲ့ လည်ပင်းထဲမှတဆင့် ခံစားသိရှိရတတ်ပါတယ်။ 

ထိုအခါ လူအများစုက အလွန်အမင်းစိုးရိမ်မယ် ကြောက်ရွံမယ်။ ဒါပေမယ့် အကြောင်းအရင်းက တခါတလေ မ ပြင်းထန်ဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ထိုရင်တုန်ချိန် အများစုသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်တိုခြင်း၊ ကော်ဖီ၊ လဘက်ရည် အသောက်များခြင်း၊ မူးယစ်ဆေးသုံးခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့် ရင်တုန်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်တွင်လည်း တုန်တတ်ပါတယ်။

တခြားနှလုံးရောဂါ အခြေအနေများကြောင့်လည်း နှလုံးတုန်မှုသည် ဆိုးရွားသော လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ နှလုံးတုန်မယ်၊ အသက်ရှူခက်မယ်၊ မူးမယ်၊ မောမယ်၊ ရင်ဘတ်အောင့်မယ်၊ သတိလစ်မယ်ဆိုရင်တော့ အမြန်ဆုံးဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ နှလုံးတုန်ရတဲ့ အကြောင်းရင်းများကိုသေချာစစ်ဆေး စမ်းသပ်မှုလုပ်ပြီး ရှာဖွေသင့်ပါတယ်။

နှလုံးရောဂါကြောင့် မဟုတ်ဘဲ နှလုံးတုန်ရခြင်း အကြောင်းရင်းများစွာ ရှိပါတယ်။
-စိတ်ခံစားမှု ပြင်းထန်ခြင်း ဥပမာ စိတ်ဆိုးဒေါသထွက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကြောက်ရွံခြင်း
-လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း
-လဘက်ရည်၊ကော်ဖီ၊ အရက်နှင့် ဆေးဝါးများ အလွန်အကျွံ သုံးစွဲခြင်း
-အချို့သောရောဂါများ သိုင်းရွိုက်ရောဂါ၊ အချိုဓာတ်ကျခြင်း၊ သွေးအားနည်း၊ သွေးပေါင်ကျခြင်း၊ ဖျားခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်း
-ဟော်မုန်းအပြောင်းအလဲများကြောင့် ဥပမာရာသီလာ၊ သွေးဆုံး
-ကိုယ်ဝန်ဆောင်စဉ် ရင်တုန်ခြင်းသည် သွေးအားနည်းခြင်းကြောင့်
-ပိန်ဆေးများ၊ ရင်ကျပ်ပျောက်ဆေးများ စသောဆေးဝါးများ
-အချို့တိုင်းရင်းဆေးများ
-ဓာတ်ချို့တဲ့မှုများ စသည်တို့ကြောင့် ရင်တုန်တတ်ပါတယ်။

အချို့လူများသည် ကာဗွန်ဟိုက်ဒရိတ်၊ အဆီနှင့် အချိုဓာတ် လွန်ကဲစွာ စားသုံးလျှင် ရင်တုန်တတ်ပါတယ်။

ရင်တုန်ခြင်း ဖြစ်ပွားနိုင်သော နှလုံးရောဂါများမှာ နှလုံးရုတ်တရက်ဖောက်ခြင်း၊ နှလုံးသွေးကြောရောဂါများ၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးကြွက်သား ၊ အဆို့ရှင်ပြဿနာများဖြစ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်တယ်။

ရင်တုန်ခဲ့လျှင် သေချာစွာ ဆရာဝန်နဲ့ စမ်းသပ်အဖြေရှာသင့်ပါတယ်။ ကုသနည်းကတော့ ရင်တုန်ရသော အကြောင်းရင်းပေါ် မူတည်ကုရတာပါ။ ရင်တုန်တာက ခဏဖြစ်ကာ အမြန်သူ့အလိုလိုသက်သာရင် ကုစရာမလိုပါ။

နှလုံးကြောင့်မဟုတ်ခဲ့လျှင် မိမိလူနေထိုင်မှုပုံစံ ပြောင်းလဲပါ။ စိတ်ဖိစီးမှု လျော့ပါ၊ တရားထိုင်ပါ။အစားအသောက် ဂရုစိုက်ပါ။ မလိုအပ်ပဲ ဆေးဝါးသောက်သုံးမှု ရှောင်ပါ။ အကယ်၍ လူနေမှုပုံစံပြောင်းလဲသော်လည်း မသက်သာ၊ စိတ်စီးမှု လျော့ချခဲ့သော်လည်း မသက်သာခဲ့လျှင် ဆရာဝန်နဲ့သေချာပြသရန် လိုအပ်နေပါပြီ။ ပြသကာ နှလုံးတုန်မှု သက်သာစေသော ဆေးဝါးများသောက်သုံးသင့်ပါတယ်။ ဆရာဝန်က သင့်ဘာကြောင့် ရင်တုန်သလဲပေါ် မူတည်အဖြေရှာပေးပါလိမ့်မယ်။
Source:ondr.co(Dr. ပြည့်ရှင်း)

Read:မိတ်ဖု တွေဘာကြောင့် ထွက်တာလဲ

မိတ်ဖု တွေဘာကြောင့် ထွက်တာလဲ

Read times Last modified on Friday, 05 October 2018 14:36
Rate this item
(0 votes)