What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 May 2017 14:19

ဦးနှောက်အကျိတ်ကင်ဆာအကြောင်း သိထားစရာ

ဦးနှောက်အကျိတ်ကင်ဆာအကြောင်း သိထားစရာ Google.com

ဦးနှောက်အကျိတ်ကင်ဆာသည် ဦးနှောက် သို့မဟုတ် ဦးနှောက်နှင့် နီးစပ်သော အပိုင်းများတွင် အလုံးအကျိတ်ဖြစ်လာခြင်း ဖြစ်ပါသည်။

ဦးနှောက်အကျိတ်များတွင် အချို့သည် ကင်ဆာ မဟုတ်သော အကျိတ်မျိုးဖြစ်ပြီး အချို့မှာမူ ကင်ဆာအကျိတ်ဖြစ်သည်။

ဦးနှောက်အကျိတ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် အကျိတ်၏ နေရာ၊ အရွယ်အစားနှင့် ကြီးထွားနှုန်းအပေါ်တွင် မူတည်ပါသည်။

ဦးနှောက်အကျိတ်ကင်ဆာတွင် ပြလေ့ရှိသော ရောဂါ လက္ခဏာများမှာ

- ရုတ်တရက် ဆိုးဆိုးဝါးဝါး ခေါင်းကိုက်လာခြင်း

- ခေါင်းကိုက်ခြင်း တဖြည်းဖြည်းဆိုးလာပြီး မခံမရပ်နိုင်အောင် ဖြစ်လာခြင်း

- အစားအသောက်မမှားပဲ ပျို့အန်ခြင်း

- အမြင်အာရုံေ၀၀ါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ အဝေးမမြင်ခြင်း

- ခြေလက်များ တဖြည်းဖြည်း ထုံလာခြင်း လှုပ်ရှား၍ မကောင်းခြင်း

- လမ်းလျှောက်လျှင် တည့်မတ်အောင် မထိန်းနိုင်ခြင်း

- စကားပြောရ ခက်ခဲလာခြင်း၊ စိတ်ရှုပ်ထွေးခြင်း

- တက်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း

စစ်ဆေးမှုများ ပြုလုပ်ရန်

ဦးနှောက်အကျိတ်ကင်ဆာရောဂါရှိသည်ကို သံသယရှိပါက စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်ပါသည်။

- ဦးနှောက်သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- ဦးနှောက်နှင့် အာရုံကြောအား စစ်ဆေးခြင်း

- ဆေးသွင်း၍ သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- ဦးနှောက်အား ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း

- PET (Positron emission tomography)

- တစ်ကိုယ်လုံး ကွန်ပျူတာဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်း

- ပုံမှန်မဟုတ်သော ဆဲလ်များမှ အသားစယူ၍ စစ်ဆေးခြင်း (Biopsy) အထူးသဖြင့် ဦးနှောက်အကျိတ်ကင်ဆာဟု သံသယ ရှိပါက ဦးနှောက်ဆဲလ်များမှ အသားစယူ၍ စစ်ဆေးခြင်း

ဦးနှောက်အကျိတ်ကင်ဆာဝေဒနာ ဖြစ်ပွားနေပြီဆိုတာ သိရှိပါက

- ရောဂါ၏ သဘာဝနှင့် ဖြစ်တတ်သော အခြေအနေများ၊ နောက်ဆက်တွဲဖြစ်နိုင်ခြေများကို လေ့လာပါ။

- မိသားစုများနှင့် နွေးနွေးထွေးထွေးနေပါ၊ မိသားစုများ၏ ဂရုစိုက်မှုကို ခံယူပါ။

- မိမိခံစားနေရသော ရောဂါဝေဒနာများအကြောင်းကို မိမိနှင့် အနီးကပ်နေသူများကို ပြောပြပါ၊ ဖေးမမှုကို ခံယူပါ၊ စိတ်ထိခိုက် ခံစားရခြင်းများ ရှိပါက မိမိအား အနီးကပ်စောင့်ရှောက်မှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Source: healthcare

Read times
Rate this item
(2 votes)