What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 February 2017 11:02

အမျိူးသမီးတိုင်း မဖြစ်မနေ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု (၅) မျိုး

အမျိူးသမီးတိုင်း မဖြစ်မနေ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု (၅) မျိုး Google.com

ဘယ်လောက်ပဲ ကျန်းမားရေး လိုက်စားတယ်ပြောပြော အချို့ရောဂါတွေဟာ သာမန်အခြေအနေမျိုးနဲ့ မသိမြင်နိုင်၊ သတိမထားမိနိုင်ပါဘူး။ 

ထို့ကြောင့် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုတွေကို ဂရုတစိုက်နဲ့ စစ်ဆေးမှုလေးတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အချိန်နဲ့အမျှ ဂရုတစိုက် စစ်ဆေးနေဖို့လိုအပ်တဲ့ အမျိုးသမီးတို့ အဖြစ်များတဲ့ ရောဂါအမျိုးအစားများကို ဖော်ပြထားပါတယ်။

 

ရင်သားကင်ဆာ

အမျိုးသမီးတွေ အသက် (၄၀) ကျော်လာတာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာပါတယ်။ ထို့ကြောင့် ရင်သားတစ်ဝိုက် ကင်ဆာဖြစ်စေနိုင်တဲ့ အကြိတ်အခဲတွေ ရှိ မရှိဆိုတာ စမ်းသပ်ဖို့ လိုအပ်ပါတယ်။ ဒီလို စစ်ဆေးလိုက်ခြင်းအားဖြင့် ရင်သားကို အန္တရာယ်ကို ဖြစ်စေတဲ့ အကြိတ်အဖုတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါကို စောစောစီးစီး သတိပြုမိတဲ့အခါ အခြားနေရာတွေကို မပြန့်ပွားစေဖို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးတွေဟာ အသက် (၂၁) ပြည့်ပြီးတဲ့အရွယ် သို့မဟုတ် လိင်ဆက်ဆံပြီး (၃) နှစ် အကြာမှာ သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးပေးသင့်ပါတယ်။ ပုံမှန်အနေနဲ့ (၃) နှစ်တစ်ကြိမ်လောက်တော့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုစစ်ဆေးလိုက်ခြင်းအားဖြင့် ရောဂါမရင့်ခင်မှာပဲ သားအိမ်ထဲမှာ ရှိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေများတဲ့ ဆဲလ်တွေကို ကင်ဆာအဆင့်မရောက်ခင် ကြိုတင်ကုသလို့ ရနိုင်ပါတယ်။

 

အရေပြားကင်ဆာ

အရေပြားကင်ဆာကတော့ ရင်သားကင်ဆာပြီးရင် မိန်းမတွေမှာ အဖြစ်အများဆုံး ရောဂါတစ်ခုပဲ။ အကယ်၍ မျိုးရိုးရှိခဲ့မယ်ဆိုရင်တော့ တစ်နှစ်တစ်ကြိမ်လောက် စစ်ဆေးပေးသင့်ပါတယ်။ အရေပြားပေါ်မှာ ရှိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေများတဲ့ ဦးရေပြား၊ ခြေချောင်း စတဲ့ နေရာတွေမှာ အသေးစိတ် စစ်ဆေးခြင်းအားဖြင့် ကြိုတင်ကာကွယ်မှု ရယူနိုင်ပါတယ်။

 

နှလုံးရောဂါ

သေဆုံးသူ အမျိုးသမီးတွေရဲ့ (၃) ပုံ (၂) ပုံလောက်ဟာ နှလုံးရောဂါကြောင့် ဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်။ မျိုးရိုးမရှိဘူးဆိုပြီး နှလုံးရောဂါကို ပေါ့ဆလို့ မရပါဘူး။ ဥပမာ- သွေးပေါင်ချိန် ဂရုတစိုက် စစ်တာမျိုး၊ ကလူးကို့စ် လည်ပတ်မှုနှုန်း စစ်ဆေးပေးတာမျိုး၊ ကိုလက်စထရော စစ်ဆေးတာမျိုး။

 

သားဥအိမ် ကင်ဆာ

ကင်ဆာတွေအများအပြား ရှိတဲ့ထဲကမှ သားဥအိမ်ကင်ဆာဟာ သေကြေပျက်စီးမှု အများဆုံး ဖြစ်စေတဲ့ ရောဂါ တစ်ခုဖြစ်ပါတယ်။ အဖြစ်များသူများကတော့ အသက် (၅၀) နဲ့ (၇၅) ကြားအရွယ်တွေမှာ တွေ့ရတတ်ပြီး မပေါ့ဆဘဲ ကြိုတင်စစ်ဆေး ကာကွယ်ကြဖို့ လိုအပ်ပါတယ်။ ရောဂါဝေဒနာကို ခံစားနေရပြီဆို ပေါ့ပေါ့ဆဆ သဘောမထားဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး ကိုယ့်ကိုယ်ကို အမြဲဂရုတစိုက် ရှိနေကြဖို့ပဲ ဖြစ်ပါတယ်။

90165828_212716063139335_1462378197545910272_n.png

Gadawin

Read times Last modified on Wednesday, 08 April 2020 16:48
Rate this item
(1 Vote)