What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 February 2019 10:52

ဘာကြောင့် သားအိမ်ခေါင်း ရောင်ရမ်းခြင်း ဖြစ်တာလဲ ( Cervicitis )

Cervicitis ဆိုသည်မှာ သားအိမ်နှင့်ဆက်နေသည့် ကျဉ်းမြောင်းသည့် သားအိမ်ခေါင်းနေရာ ရောင်ရမ်းခြင်းဖြစ်စေတက်ပါတယ်။

သားအိမ်းခေါင်းနေရာ ရောင်ရမ်းတဲ့ အခါမှာ များသောအားဖြင့် ရောဂါ လကဏာမတွေ့ရပါ၊ အသားစယူကြည့်ခြင်း၊ သားအိမ်ခေါင်းမြှေးပါးမှ အချွဲယူ စစ်ဆေးကြည့်မှသာလျှင်သိနိုင်ပါတယ်။

 

မိန်းမကိုယ်မှ အစိမ်းရောင် သို့ အညိုရောင် သို့ အဝါရောင် နှင့် ပြည်ကဲသို့ အနံ့ဆိုးသည့် အချွဲအပျစ်အရည်များဆင်းနိုင်ပါတယ် ၊ ဆီးခဏခဏသွားခြင်း၊ ဆီးသွားလျှင်နာကျဉ်ခြင်း ၊ အမျိုးသားနှင့်ဆက်ဆံလျှင်နာကျဉ်ခြင်း ၊ ဓမတာလာခြင်းမျိုးမဟုတ်ဘဲ အမျိုးသားနှင့်ဆက်ဆံလျှင် မိန်းမကိုယ်မှသွေးဆင်းခြင်း တို့ ဖြစ်တက်ပါတယ်။

 

ဖြစ်ပွားရသော အကြောင်းရင်းများကတော့ ကူးစက်သောကာလသားရောဂါပိုးများ -- များ သော အားဖြင့် သားအိမ်ခေါင်းရောင်စေသော bacteria နှင့် virus ရောဂါပိုးများ (Gonorrhoea, Chlamydia, Trichomoniasis, Genital herpes) သည် ချစ်တင်းနှီးနှောခြင်းမှကူးစက်ခြင်းဖြစ်ပါတယ်။ ဓါတ်မတည့်ခြင်း --- သုတ်ပိုးသေစေနိုင်သော သနေတားဆေးများ ၊ ကွန်ဒုံ ပြုလုပ်ရာတွင်အသုံးပြုသော ရာဘာနှင့်ဓါတ်မတည့်ခြင်းတို့ကြောင့်လည်း သားအိမ်ခေါင်းရောင်ခြင်းဖြစ်ပေါ်နိုင်ပါတယ် ၊ အမျိုးသမီး တကိုယ်ရည် သန့်စင်ပေးသော ပစည်းများ သည်လည်း သားအိမ်ခေါင်းရောင်ခြင်းဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ထဲတွင် ပုံမှန်ရှိသော bacteria များ အဆမတန် များပြားလာခြင်းသည်လည်း သားအိမ်ခေါင်းရောင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

Read More : နှလုံး ကျန်းမာရေး အတွက် မှန်ကန်စွာ ရွေးချယ် စားသောက်နည်းများ

နှလုံး ကျန်းမာရေး အတွက် မှန်ကန်စွာ ရွေးချယ် စားသောက်နည်းများ

 

ဖြစ်နိုင်ချေများသူများကတော့ အကာအကွယ်မပါဘဲလိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံသော ပါတနာများပြားခြင်း၊ လိင်ကိစ ရှုပ်ထွေးတတ်သော သူ နှင့်ဆက်ဆံမိခြင်း ၊ အရွယ်မတို အသက်မပြည့်မီ အမျိုးသားနှင့်ဆက်ဆံခြင်း ၊ ကူးစက်တတ်သောကာလသရောဂါ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း တို့ ကြောင့် ဖြစ်စေနိုင်ပါတယ်။

 

နောက်ဆက်တွဲ ပြဿနာများကတော့ သားအိမ်ခေါင်းသည် ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ် ရောဂါပိုးများ သားအိမ်ထဲသို့ မဝင်နိုင်ရန် တားဆီးပေးသော အကာအကွယ်ဖြစ်ပါတယ်၊ သားအိမ်ခေါင်းရောင်သော အခါ ထိုရောဂါပိုးများသည် သားအိမ်ထဲသို့ရောက်နိုင်ခြေ များပြားပါတယ် ၊ Gonorrhoea သို့ Chlamydia ကြောင့်ဖြစ်သော သားအိမ်ခေါင်းရောင်ခြင်းဆိုလျှင် သားအိမ်၏နံရံနှင့် သားဥပြွန်သို့ ကူးစက်သွားပြီး pelvic inflammatory disease ဟုခေါ်သည့် တင်ပစုံ တွင်းအင်္ဂါ များ ရောင်ရမ်းသည့် ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ထိုရောဂါသည် အမျိုးသမီးမျိုးပွားအင်္ဂါ များကို ကူးစက်စေပြီး ထိရောက်စွာ ကုသမှုမခံယူလျှင် နောင်တချိန်တွင် ကလေးမရခြင်း၊ ကလေးပျက်ကျခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ထို့ပြင်သားအိမ်ခေါင်းရောင်ရောဂါသည် HIV ပိုးရှိသူ နှင်ဆက်ဆံမိလျှင် ကူးစက်နိုင်သော နှုန်းပိုမိုများပါတယ်။

 

ကာလသားကူးစက်ပိုးကြောင့်ဖြစ်သည့် သားအိမ်ခေါင်းရောင်ခြင်းမှလွဲ ပြီး အခြားအကြောင်း ရင်းကြောင့်ဖြစ်သော သာအိမ်ခေါင်းရောင်ခြင်းဆိုလျှင် မည်သည့်ကုသမှုမျှမလိုအပ်ပါတယ်။ ကာလသားကူးစက်ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းရောင်ခြင်းဆိုလျှင် မိမိ သာမက မိမိ ၏ အိမ်ထောင်ဖက်ပါ ဆေးကုသမှုခံယူရမည်ဖြစ်ပါတယ်။


သားအိမ်းခေါင်းနေရာ ရောင်ရမ်းခြင်းကြောင့် စစ်ဆေးမှုများပြုလုပ်နိုင်တဲ့ နည်းလမ်းများကတော့ သားအိမ်ခေါင်းမှ အချွဲယူစစ်ဆေးခြင်း ပြီး ဓါတ်ခွဲခန်းသို့ပို့ ရွေ့ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း ၊ ဆီးစစ်ခြင်း ကာကွယ်ခြင်းတို့ ဖြစ်ဖြင့် စစ်ဆေးမှုများပြုလုပ်လို့ ရပါတယ်။ အမျိုးသာနှင့်ဆက်ဆံမည်ဆိုလျှင် အချိန်တိုင်း မှန်ကန်သော နည်းစနစ်ဖြင့် ကွန်ဒုံသုံးပါ ၊ ကွန်ဒုံး သည် သားအိမ်ခေါင်းရောင်ခြင်းကိုဖြစ်စေနိုင်သည့် gonnorohoea နှင့် chlamydiaကဲ့သို့သော ရောဂါများမှ ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။

 

Source:Healthcare

Health Products Directory

Read times Last modified on Thursday, 28 February 2019 11:06
Rate this item
(1 Vote)