What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 March 2019 14:02

ဆရာဝန် နဲ့ ပြသဖို့ လိုအပ်တဲ့ လက်ထုံခြင်း ဆိုင်ရာအချက်များ

သာမန်လူတစ်ယောက် အနေနဲ့ လက်ထုံခြင်း ၊ လက်ကျဉ်ခြင်းတွေကို ဖြစ်ဖူးကြမယ် ထင်ပါတယ်။ 

ဒီလို လက်ထုံခြင်းတွေဖြစ်ပေါ်ခဲ့ရင် စိတ်အနှောက်အယှက် ဖြစ်စေတာကတော့ အမှန်ပါပဲ။ များသောအားဖြင့် ထိုအခြေအနေတွေမှာ ဆေးဝါးများ မှီဝဲခြင်းဖြင့် ဖြေရှင်းတတ်သူများလည်း ရှိပါတယ်။ ဒါ့အပြင် တချို့သော် လက်ထုံခြင်းတွေဟာ ရောဂါများ နှင့် ဆက်စပ်ပြီး ဖြစ်ပေါ်စေတတ်တာကြောင့် ယခုဖော်ပြပေးမည့် လက်ထုံခြင်းဆိုင်ရာ အချက်များဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်များနှင့် ပြသဖို့လိုအပ်ပါတယ်။

 

၁။ လေဖြတ်ခြင်း

10 Causes for Hand Numbness That Scream You Need to See a Doctor

လေဖြတ်ခါနီး အချိန်တွေမှာ လက်ထုံခြင်းဟာ စိုးရိမ်းစရာ လက္ခဏာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီလို ထုံခြင်း နှင့် အားနည်းခြင်းတွေဟာ ရုတ်တရက် ခန္ဓာကိုယ် တစ်ဖက်တစ်ခြမ်းမှာပဲ ဖြစ်ပေါ်လာတတ်ပါတယ်။ အခုလိုအခြေအနေတွေမှာ လေဖြတ်နိုင်ခြေရှိတဲ့လူတစ်ယောက် အနေဖြင့် သူတို့ရဲ့ လက်မောင်းတွေကို မြှောက်လိုက်တဲ့အခါ ခက်ခဲနေ တတ်ပါတယ်။ ဒါဟာ လေဖြတ်ခြင်းနှင့် ဆက်စပ်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပြီး တခြား စိုးရိမ်းဖွယ်ရှိတဲ့ လက္ခဏာတွေကိုလည်း သိထားဖို့လည်း လိုအပ်ပါတယ်။

 

၂။ လက်အကြောကပ်ခြင်း

10 Causes for Hand Numbness That Scream You Need to See a Doctor

နောက်ထပ် အဖြစ်များလေ့ရှိတာကတော့ လက်အကြောကပ်ခြင်း ဖြစ်ပါတယ်။ လက်မှာရှိတဲ့ အဓိက အာရုံကြောလေးများထဲမှ အာရုံကြော တစ်ခုကို ညှစ်မိ သို့မဟုတ် ဖိမိ တဲ့အခါ လက်ကြောကပ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ အခုလို အကြောကပ်လာသည့်အပြင် တဆစ်ဆစ် နာကျင်လာမယ် ၊ လက်ကိုက်မယ် ၊ အကြောအားနည်းလာခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါတွေဟာ ရောဂါဖြစ်ခြင်း၏ ရှေ့ပြေး လက္ခဏာများ ဖြစ်တာကြောင့် ဆရာဝန်များ နဲ့ ပြသဖို့ လိုအပ်ပါတယ်။

 

၃။ လည်ပင် နှင့် ပခုံး တစ်ဝိုက် ထုံခြင်း

10 Causes for Hand Numbness That Scream You Need to See a Doctor

လည်ပင် အောက်ခြေမှာရှိတဲ့ ညှပ်ရိုး နဲ့ ပထမဦးဆုံး နံရိုးကြားမှာ ရှိတဲ့ သွေးကြောများ နှင့် အာရုံကြောတွေကို ဖိမိသွားတဲ့ အခါတွေမှာ လည်ပင် နှင့် ပခုံး တစ်ဝိုက် ထုံခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဝေဒနာတွေဟာ များသောအားဖြင့် အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပြီး လက် ၊ လည်ပင် နှင့် ပခုံးတွေမှာ နာကျင်ကိုက်ခဲခြင်း ၊ ထုံခြင်း ဒါမှမဟုတ် အရာတစ်ခုခု ကိုင်တွယ်ရာတွင် အားမရခြင်းတွေကို ခံစားရပါတယ်။

 

အမျိုးသမီးအများစုအနေဖြင့် ဒီလိုအခြေနေတွေကို ဇတ်ကြောတက်တယ်လို့ ယူဆကြပါတယ်။ အိမ်အလုပ်လုပ်ရတဲ့ အမျိုးသမီးအများစုကတော့ လက်မောင်းအရိုးထဲက တဆစ်ဆစ်ကိုက်ပြီး ညဘက် အိပ်မရခြင်းတွေကို ဖြစ်စေတက်ပါတယ်။ ဒီလိုဖြစ်လာပြီးဆိုရင် တက်နိုင်သမျှ စောစော ဆရာဝန်များနှင့် ပြသင့်ပါတယ်။

 

၄။ လက်များဖြူဖပ်ဖြူရော် ဖြစ်ခြင်း သို့မဟုတ် သွေးမလျောက်တဲ့ရောဂါ

Image result for white hand"

အေးတဲ့အချိန်အခါတွေမှာ သင့်ရဲ့ လက်ချောင်းများ ဟာ အေးနေပေမယ့် အအေးဓာတ်ကို သင်ကိုယ်တိုင် မသိနိုင်ပါဘူး။ (ဥပမာ - တစ်စုံတစ်ယောက်က သင့်ရဲ့ လက်ကို ကိုင်တွယ်လိုက်တဲ့အခါ အေးနေပေမယ့် သင်ကိုယ် အေးနေတာကို မသိနိုင်ခြင်း ) ။ ဒီလို ဖြူဖပ်ဖြူရော် ဖြစ်နေတာကို ဝေဒနာ ခံစားရနေတယ်လို့ မသိရှိနိုင်ပဲ ဒါကို တစ်ချို့လူတစ်ယောက် အနေဖြင့် အရမ်းအေးစက်တယ်လို့ဘဲ ထင်မြင်လေ့ရှိပါတယ်။ ဒီရောဂါဟာဆိုရင် အအေး ပမာဏများလာတဲ့အခါ အစပြုလာတတ်ပါတယ်။ ဒီရောဂါစဖြစ်လာတဲ့အခါ လက်ချောင်း ဒါမှမဟုတ် ခြေချောင်းတွေ စတင် ဖြူလာတတ်ပါတယ်။

 

ဒီလိုဖြူလာပြီဆိုရင် လက်ချောင်းတွေစတင် အေးစက်လာမယ် ၊ အပြာရောင်ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲလာတက်ပြီး နောက်ဆုံး ထုံ သွားတတ်ပါတယ်။ ဒီလို သွေးမလျောက်တဲ့ ရောဂါ ဖြစ်ပေါ်လာရတဲ့ အကြောင်းကတော့ သွေးတွေဟာ အကန့်သတ်ဖြင့် စီးဆင်တာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး အဆိုးဆုံး အခြေအနေထိရောက်လာခဲ့ရင် ခြေတွေ ၊ လက်တွေကို ပါ ဖြတ်ပစ်ရတဲ့ အထိ ဖြစ်ပေါ် စေနိုင်ပါတယ်။

Written by Health Products Directory

Ref: Brightside.me

 

(Zawgyi)

----------

ဆရာဝန္ နဲ႔ ျပသဖို႔ လိုအပ္တဲ့ လက္ထံုျခင္း ဆိုင္ရာအခ်က္မ်ား

 

သာမန္လူတစ္ေယာက္ အေနနဲ႔ လက္ထံုျခင္း ၊ လက္က်ဥ္ျခင္းေတြကို ျဖစ္ဖူးၾကမယ္ ထင္ပါတယ္။ ဒီလို လက္ထံုျခင္းေတြျဖစ္ေပၚခဲ့ရင္ စိတ္အေႏွာက္အယွက္ ျဖစ္ေစတာကေတာ့ အမွန္ပါပဲ။ မ်ားေသာအားျဖင့္ ထိုအေျခအေနေတြမွာ ေဆးဝါးမ်ား မွီဝဲျခင္းျဖင့္ ေျဖရွင္းတတ္သူမ်ားလည္း ရွိပါတယ္။ ဒါ့အျပင္ တခ်ိဳ႕ေသာ္ လက္ထံုျခင္းေတြဟာ ေရာဂါမ်ား ႏွင့္ ဆက္စပ္ျပီး ျဖစ္ေပၚေစတတ္တာေၾကာင့္ ယခုေဖာ္ျပေပးမည့္ လက္ထံုျခင္းဆိုင္ရာ အခ်က္မ်ားျဖစ္ေပၚခဲ့လွ်င္ ဆရာဝန္မ်ားႏွင့္ ျပသဖို႔လိုအပ္ပါတယ္။

 

၁။ ေလျဖတ္ျခင္း

10 Causes for Hand Numbness That Scream You Need to See a Doctor

ေလျဖတ္ခါနီး အခ်ိန္ေတြမွာ လက္ထံုျခင္းဟာ စိုးရိမ္းစရာ လကၡဏာ တစ္ခု ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ ဒီလို ထံုျခင္း ႏွင့္ အားနည္းျခင္းေတြဟာ ရုတ္တရက္ ခႏၶာကိုယ္ တစ္ဖက္တစ္ျခမ္းမွာပဲ ျဖစ္ေပၚလာတတ္ပါတယ္။ အခုလိုအေျခအေနေတြမွာ ေလျဖတ္ႏိုင္ေျခရွိတဲ့လူတစ္ေယာက္ အေနျဖင့္ သူတို႔ရဲ႕ လက္ေမာင္းေတြကို ေျမွာက္လိုက္တဲ့အခါ ခက္ခဲေန တတ္ပါတယ္။ ဒါဟာ ေလျဖတ္ျခင္းႏွင့္ ဆက္စပ္တဲ့ လကၡဏာ တစ္ရပ္ျဖစ္ျပီး တျခား စိုးရိမ္းဖြယ္ရွိတဲ့ လကၡဏာေတြကိုလည္း သိထားဖို႔လည္း လိုအပ္ပါတယ္။

 

၂။ လက္အေၾကာကပ္ျခင္း

10 Causes for Hand Numbness That Scream You Need to See a Doctor

ေနာက္ထပ္ အျဖစ္မ်ားေလ့ရွိတာကေတာ့ လက္အေၾကာကပ္ျခင္း ျဖစ္ပါတယ္။ လက္မွာရွိတဲ့ အဓိက အာရံုေၾကာေလးမ်ားထဲမွ အာရံုေၾကာ တစ္ခုကို ညွစ္မိ သို႔မဟုတ္ ဖိမိ တဲ့အခါ လက္ေၾကာကပ္ျခင္းကို ျဖစ္ေပၚေစတတ္ပါတယ္။ အခုလို အေၾကာကပ္လာသည့္အျပင္ တဆစ္ဆစ္ နာက်င္လာမယ္ ၊ လက္ကိုက္မယ္ ၊ အေၾကာအားနည္းလာျခင္းတို႔ကို ျဖစ္ေပၚေစတတ္ပါတယ္။ ဒါေတြဟာ ေရာဂါျဖစ္ျခငး္၏ ေရွ႕ေျပး လကၡဏာမ်ား ျဖစ္တာေၾကာင့္ ဆရာဝန္မ်ား နဲ႔ ျပသဖို႔ လိုအပ္ပါတယ္။

 

၃။ လည္ပင္ ႏွင့္ ပခံုး တစ္ဝိုက္ ထံုျခင္း

10 Causes for Hand Numbness That Scream You Need to See a Doctor

လည္ပင္ ေအာက္ေျခမွာရွိတဲ့ ညွပ္ရိုး နဲ႔ ပထမဦးဆံုး နံရိုးၾကားမွာ ရွိတဲ့ ေသြးေၾကာမ်ား ႏွင့္ အာရံုေၾကာေတြကို ဖိမိသြားတဲ့ အခါေတြမွာ လည္ပင္ ႏွင့္ ပခံုး တစ္ဝိုက္ ထံုျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒီလိုေဝဒနာေတြဟာ မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားေလ့ရွိျပီး လက္ ၊ လည္ပင္ ႏွင့္ ပခံုးေတြမွာ နာက်င္ကိုက္ခဲျခင္း ၊ ထံုျခင္း ဒါမွမဟုတ္ အရာတစ္ခုခု ကိုင္တြယ္ရာတြင္ အားမရျခင္းေတြကို ခံစားရပါတယ္။

 

အမ်ိဳးသမီးအမ်ားစုအေနျဖင့္ ဒီလိုအေျခေနေတြကို ဇတ္ေၾကာတက္တယ္လို႔ ယူဆၾကပါတယ္။ အိမ္အလုပ္လုပ္ရတဲ့ အမ်ိဳးသမီးအမ်ားစုကေတာ့ လက္ေမာင္းအရိုးထဲက တဆစ္ဆစ္ကိုက္ျပီး ညဘက္ အိပ္မရျခင္းေတြကို ျဖစ္ေစတက္ပါတယ္။ ဒီလိုျဖစ္လာျပီးဆိုရင္ တက္ႏိုင္သမွ် ေစာေစာ ဆရာဝန္မ်ားႏွင့္ ျပသင့္ပါတယ္။

 

၄။ လက္မ်ားျဖဴဖပ္ျဖဴေရာ္ ျဖစ္ျခင္း သို႔မဟုတ္ ေသြးမေလ်ာက္တဲ့ေရာဂါ

Image result for white hand"

ေအးတဲ့အခ်ိန္အခါေတြမွာ သင့္ရဲ႕ လက္ေခ်ာင္းမ်ား ဟာ ေအးေနေပမယ့္ အေအးဓာတ္ကို သင္ကိုယ္တိုင္ မသိႏိုင္ပါဘူး။ (ဥပမာ - တစ္စံုတစ္ေယာက္က သင့္ရဲ႕ လက္ကို ကိုင္တြယ္လိုက္တဲ့အခါ ေအးေနေပမယ့္ သင္ကိုယ္ ေအးေနတာကို မသိႏိုင္ျခင္း ) ။ ဒီလို ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနတာကို ေဝဒနာ ခံစားရေနတယ္လို႔ မသိရွိႏိုင္ပဲ ဒါကို တစ္ခ်ိဳ႕လူတစ္ေယာက္ အေနျဖင့္ အရမ္းေအးစက္တယ္လို႔ဘဲ ထင္ျမင္ေလ့ရွိပါတယ္။ ဒီေရာဂါဟာဆိုရင္ အေအး ပမာဏမ်ားလာတဲ့အခါ အစျပဳလာတတ္ပါတယ္။ ဒီေရာဂါစျဖစ္လာတဲ့အခါ လက္ေခ်ာင္း ဒါမွမဟုတ္ ေျခေခ်ာင္းေတြ စတင္ ျဖဴလာတတ္ပါတယ္။

 

ဒီလုိျဖဴလာျပီဆုိရင္ လက္ေခ်ာင္းေတြစတင္ ေအးစက္လာမယ္ ၊ အျပာေရာင္ဘက္သို႕ တျဖည္းျဖညး္ ေျပာင္းလဲလာတက္ျပီး ေနာက္ဆံုး ထံု သြားတတ္ပါတယ္။ ဒီလို ေသြးမေလ်ာက္တဲ့ ေရာဂါ ျဖစ္ေပၚလာရတဲ့ အေၾကာင္းကေတာ့ ေသြးေတြဟာ အကန္႔သတ္ျဖင့္ စီးဆင္တာေၾကာင့္ ျဖစ္ပါတယ္။ ေနာက္ဆံုး အဆိုးဆံုး အေျခအေနထိေရာက္လာခဲ့ရင္ ေျခေတြ ၊ လက္ေတြကို ပါ ျဖတ္ပစ္ရတဲ့ အထိ ျဖစ္ေပၚ ေစႏိုင္ပါတယ္။

 

Written By Health Products Directory

Ref: Brightside.me

Read times Last modified on Wednesday, 05 February 2020 15:54
Rate this item
(2 votes)