What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 May 2017 11:17

အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ

အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ Google.com

အဆုတ်ကင်ဆာရောဂါဟာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဒုတိယ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုး ဖြစ်ပါတယ်။

အဆုတ်ကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာတွေရှိလာရင် ပေါ့နေလို့ မဖြစ်တော့ပါဘူး။

အဆုတ်ကင်ဆာရောဂါဟာ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှုနဲ့ အစာခြေစနစ်တွေကနေ ဖြစ်တတ်ပါတယ်။

၁. ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့ များတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ကြတာများပါတယ်။ ဆေးလိပ်သောက်တတ်သူများဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့ ၈၇ ရာခိုင်နှုန်း သေချာနေပါတယ်။

၂. ဆေးလိပ်မသောက်တတ်ရင်လည်း အဆုတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်။

ဆေးလိပ်သောက်သူတွေမှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ကိုပဲ ထိုင်ရှုနေရသူတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိနေပါတယ်။

၃. အဆုတ်ကင်ဆာ ၂ မျိုး ရှိတယ်။

၈၀ ရာခိုင်နှုန်းခန့် အဖြစ်များတဲ့ အဆုတ်ကင်ဆာကတော့ Non-Small Cell Type ပါ။ ဒီအခြေအနေကတော့ ရောဂါကြီးထွားမှု နှေးသလို ပျံ့နှံ့ခြင်းလည်း မရှိပါဘူး။ နောက်တစ်မျိုးကတော့ Small Cell Carcinoma ပါ။ ဒီရောဂါကတော့ တစ်ကိုယ်လုံးက ခန္ဓာကိုယ်အစိတ်အပိုင်းများကို လျင်မြန်စွာ ပျံနှံ့သွားစေနိုင်ပါတယ်။

၎. အဆုတ်ကင်ဆာရဲ့ လက္ခဏာများ

အမျိုးသားတွေရော အမျိုးသမီးတွေရော အဆုတ်ကင်ဆာရဲ့ရောဂါလက္ခဏာတွေကို သိထားဖို့ လိုအပ်ပါတယ်။ အသိသာဆုံး လက္ခဏာကတော့ ပုံမှန်ချောင်းဆိုးတာဖြစ်ပြီး အသက်ရှုမ၀တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကိုယ်အလေးချိန်ကျသွားတယ်ဆိုရင်လည်း အန္တရာယ်ရှိပါတယ်။ ချောင်းဆိုးရင် သွေးပါနေပြီဆိုရင်တော့ ဆေးရုံမှာ အထူးကုဆရာဝန် တစ်ယောက်ယောက်ရဲ့ လမ်းညွှန်မှုကို အမြန်ဆုံး ယူဖို့ လိုပါတယ်။

Source: healthcare

Read times Last modified on Tuesday, 30 May 2017 10:04
Rate this item
(1 Vote)