အသည်းရောင်အသားဝါ စီပိုး သည် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အသည်းကိုထိခိုက်ပျက်စီးစေတက်ပြီး ရောဂါလက္ခဏာပြသမှုမှာ အချိန်ကာလပေါ်မူတည်၍ ကွဲပြားလေ့ ရှိပါတယ်။
အသည်းရောင်အသားဝါ စီပိုးနှင့်ထိတွေ့ကူးစက်ပြီး ၆လအတွင်း အချို့သောလက္ခဏာများ ဖြစ်ပေါ်လာတတ်ပြီး ၇၀-၈၀% သောသူများကတော့ လက္ခဏာမပြတတ်ကြပါ။ ဒါကြောင်း အသည်းရောင် အသားဝါ စီပိုး အကြောင်း နှင့် ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
အသည်းရောင်အသားဝါ စီပိုး ၏ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာများကတော့ ဖျားနာခြင်း ၊ မောပန်းနွမ်းလျလွယ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ပျို့အန်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဆီးအရောင်ရင့်ရင့်သွားခြင်း ၊ ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း ၊ အဆစ်အမြစ်များ နာကျင်ခြင်း ၊ မျက်လုံးနှင့်အသားများ ဝါလာခြင်း စတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။
အသည်းရောင်အသားဝါ စီပိုးသည် မကုသပဲထားပါက ဖြည်းဖြည်းချင်းနာတာရှည် အသည်းကိုထိခိုက်ပျက်စီးစေကာ အသည်းခြောက်ခြင်း၊အသည်းကင်ဆာဖြစ်ပွားစေခြင်းအထိ ဖြစ်နိုင်ပါတယ်။နှစ်ပေါင်းများစွာ စီပိုးကူးစက်ခံထားရသူများတွင်လည်း အသည်းပျက်စီးသော လက္ခဏာများ မပြမခြင်း စီပိုးရှိမှန်း သတိမထားတတ်ကြပေ။အသည်းပျက်စီးမှသတိထားမိတတ်ကြသည်။ထို့ကြောင့်အထက်ပါ Acute Hepatitis C infection လက္ခဏာများပေါ်ပေါက်လာပါက မပေါ့ဆသင့်ပါဘူး။
Read More : သင်္ကြန်မှာ အရက်နာမကျစေဖို့ အကောင်းဆုံးနည်လမ်းလေးများ
အသည်းရောင်အသားဝါ စီပိုး ဖြစ်ပွားရသော အကြောင်းရင်းများက အသည်းရောင်အသားဝါ စီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး Type 1 နှင့် Type 2 ဆိုပီးနှစ်မျိုးရှိပါတယ်။ ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါ်မူတည်၍ကုသပုံမှာလဲ ကွဲပြားနိုင်ပါတယ်။
အသည်းရောင်အသားဝါ စီပိုး ဖြစ်ပွားရသော နောက်ဆက်တွဲ ပြဿနာများကတော့ အသည်းခြောက်ခြင်း ၊ အသည်းကင်ဆာဖြစ်ခြင်း ၊ အသည်းပျက်စီး၍အလုပ်မလုပ်တော့ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရပါက အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ဆရာဝန်မှညွှန်ကြားချက်မပါသော ဆေးများသောက်သုံးခြင်း၊မိမိသဘောနှင့်မိမိဘာသာ ဆေးများသောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ပါ။
မိမိခန္ဓာကိုယ်တွင် ဒဏ်ရာများ၊အနာများကို သူတစ်ပါး၏သွေးနှင့်မထိမိစေရန် ကာကွယ်ပါ။သွားတိုက်တံနှင့်မုတ်ဆိတ်ရိတ်ဓားများ မျှမသုံးမိပါစေနှင့်။ ရောဂါပိုးရှိနေလျှင် သွေးလှူခြင်းမပြုလုပ်ရပါ။ မိမိ၏အမျိုးသမီးနှင့်ဖြစ်စေ ၊ အမျိုးသားနှင့်ဖြစ်စေ အတူတူနေသည့်အခါတွင် ကွန်ဒုံးအသုံးပြုပါ။မိမိတွင်ရောဂါရှိကြောင်း မိမိ၏ပါတနာကို အသိပေးခြင်းဖြစ် ရှောင်ကြဉ်ရပါမယ်။
အသည်းရောင်အသားဝါ စီပိုး Antiviral ဆေးဝါးများဖြင့် ကုသခြင်းပြုလုပ်နိုင်ပါတယ်။ အသည်းအစားထိုးကုသခြင်း (စီပိုးကြောင့် အသည်းမှာ နောက်ဆက်တွဲပြဿနာများပေါ်ပေါက်လာပါက အသည်းအစားထိုးကုသကြပါတယ်။ အသည်းအစားထိုးခြင်းဖြင့် သွေးထဲတွင် စီပိုးပျောက်ကင်းသွားမည်မဟုတ်ပါ။ကျွမ်းကျင်သော အသည်းဆရာဝန်နှင့်တိုင်ပင်၍ ဆေးဝါးများဖြင့်ကုသမှုများပြုလုပ်ရန်လည်း လိုအပ်ပါတယ်။
အသည်းရောင်အသားဝါစီပိုး အတွက်ကာကွယ်ဆေးမှာ မတွေ့ရှိသေးပါ။သို့သော် အေပိုးနှင့်ဘီပိုးအတွက် ကာကွယ်ဆေးများကတော့ တွေ့ရှိပြီးဖြစ်ပါသည်။ အခြားသိသင့်သောအချက်များကတော့ တရားမဝင်သော မူးယစ်ဆေးဝါးများထိုးခြင်း၊သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ တက်တူးထိုးခြင်း၊မသန့်ရှင်းသောအပ်များဖြင့် အရေပြားဖောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ။
Source: Dr Toe (7887 healthcare Center)