What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 January 2021 19:18

အမျိုးသမီး သားကြောဖြတ်ခြင်း ၏ ကောင်းကျိုး ဆိုးပစ်များ

ကောင်းကျိုးများ

သားကြောဖြတ်ပြီး ကိုယ်ဝန်ကို တားဆီးပေးနိုင်ခြေဟာ ၉၉% အထက်ဖြစ်ပါတယ်။ သားမျိုးဥပြွန်များကို ပိတ်ဆို့ခြင်း/ ဖြတ်ထုတ်ခြင်းဟာ ကိုယ်ဝန်ကို ချက်ချင်းတားပြီး ဖြစ်စေပါတယ်။ ဒါပေမဲ့ သားကြောဖြတ်ပြီးနောက် (၃) လ သို့မဟုတ် နောက်တစ်ကြိမ် ရာသီလာတဲ့အထိ သားဆက်ခြားနည်းလမ်း အသုံးပြုဖို့ ညွှန်ကြားနိုင်ပါတယ်။

(ဖြတ်တဲ့နည်းလမ်းပေါ် မူတည်တာကြောင့် မိမိရဲ့ တတ်ကျွမ်းသူနဲ့ အသေးစိတ် သေချာဆွေးနွေးဖို့ သင့်ပါတယ်) ။ ကာမဆန္ဒကို လျှော့နည်းစေမှာမဟုတ်သလို လိင်ဆက်ဆံခြင်းကိုလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။ သားကြောဖြတ်သူရဲ့ ဟော်မုန်းပမာဏအပေါ် သက်ရောက်မှုမရှိပါဘူး။

ဆိုးပြစ်များ

သားကြောဖြတ်ရုံနဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ အဲဒီရောဂါတွေကို ကာကွယ်ဖို့ဆိုရင် ကွန်ဒုံး အသုံးပြုဖို့ လိုပါတယ်။ သားကြောဖြတ်ပြီးရင် ပြန်ဆက်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။ မအောင်မြင်နိုင်ခြေလည်း များပါတယ်။

တစ်ခါတစ်ရံမှာ သားကြောဖြတ်ပြီး မအောင်မြင်တာလည်း ရှိပါတယ်။ သားဥပြွန်တွေ ပြန်ဆက်သွားပြီး ကိုယ်ဝန်ရနိုင်ခြေ ပြန်ရှိတတ်ပါတယ်။

ဒါပေမဲ့လည်း ဒါမျိုးက ရှာမှရှားပါ။ • သားကြောဖြတ်ဖို့ ခွဲစိတ်ကုသမှုအပြီး ကိုယ်ဝန်ပြန်ရခဲ့ရင် သားအိမ်ပြင်ပသန္ဓေတည်နိုင်ခြေ ပိုမြင့်မားပါတယ်။ သားကြောဖြတ်တဲ့အခါ နောက်ဆက်တွဲပြဿနာတစ်ချို့ ဖြစ်နိုင်ခြေ အနည်းငယ်ရှိပါတယ်။

အဲဒါတွေကတော့ ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်ခြင်း၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် တခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)