What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 July 2019 10:22

လက်ရှိ ဂျပန်မှာ အဖြစ်များနေတဲ့ HFMD (Hand Foot Mouth Disease) ရောဂါ အကြောင်း

ယနေ့ ဂျပန်မှာ အဖြစ်များနေတဲ့ ရောဂါက HFMD (Hand Foot Mouth Disease) ခေါ်တဲ့ လက် ၊ ခြေ ၊ ပါးစပ်ဝန်းကျင် ၊ အာခေါင်နာ ရောဂါပေါ့ ။

ဒီရောဂါက ကလေးတွေမှာပဲ အဖြစ်များပေမယ့် ဆယ်ကျော်သက်အရွယ်နဲ့ လူကြီးတွေပါ ကူးတတ်ပါတယ်။ အဲဒီရောဂါဖြစ်လို့ အခြားကလေးတွေ နဲ့ လူကြီးတွေ အဲဒီရောဂါနဲ့ ပတ်သက်လို့ ဆင်ခြင်ဖွယ် သတိပြုဖွယ်များကို သိအောင် ရေးပေးလိုက်ပါတယ်။

 

ရောဂါသွင်ပြင်လက္ခဏာ

သူ့ရောဂါလက္ခဏာက စစဖြစ်တာနဲ့ ပထမ ၂ ရက် ၃ ရက်က ညပိုင်းဆို ကိုယ်ငွေ့ငွေ့လေးပူလို့ ကလေးခမျာ မနေနိုင် မထိုင်နိုင် အီလည်လည်နဲ့ ညကြီးမိုးချုပ် ထငိုပေါ့။ ကိုယ်အပူစမ်းကြည့်တော့ ငွေ့ငွေ့လေးကနေ မသိမသာဖျားတယ်။ နောက် ဘာတွေစဖြစ်လဲဆိုတော့ လည်ချောင်းနာလို့ မစားနိုင် မသောက်နိုင်ဖြစ်ရော။ မနက်ဆိုလည်း ဘာကျွေးကျွေး မစားဘူး။ သိတဲ့အတိုင်း အဖတ်အမာမစားတော့ ခပ်ပျော့ပျော့ ငှက်ပျောသီးတို့ နွားနို့လောက်ပဲ ဝင်အောင်တိုက်ပေါ့။ ထူးဆန်းတာက နေ့လည် နေ့ခင်းကျတော့ ကိုယ်ပူတာ ဘာညာမဖြစ်ပြန်ဘူး။

Image result for Hand Foot Mouth Disease

နောက်တော့ စလာပါလေရော .. ရေကြည်ဖုလေးတွေလို အဖုဖုလေးတွေက စလာတယ်။ ကျောင်းမှာတော့ အဲဒီလို အနာလေးတွေနဲ့ ကလေးလေးတွေ တွေ့တော့ ဖြစ်နေပြီဆိုတာ သိတာနဲ့ ဆရာဝန်ဆီတန်းပြေးရတယ်။ ဆရာဝန်ကတော့ တန်းသိပါတယ် .. ဘာမှတောင် သိပ်စမ်းသပ်မနေပါဘူး။ ပြသနာက အာခေါင်နာလို့ ဖြစ်လာတဲ့ အနာတွေကြောင့်ထင်ပါတယ် .. ကလေးခမျာ တမှိုင်မှိုင် တအီအီနဲ့ အမေကပ် ဘာကျွေးကျွေး မစားနိုင်ဖြစ်နေတယ်။

 

အများစုကတော့ စစဖျားတဲ့နေ့ကနေ အနည်းဆုံး ၃ ရက်ကနေ ၁ ပတ်ကျော်မှ ပျောက်တတ်ကြပါတယ်။ အနာဖုလေးတွေကတော့ ဖျားပြီး ၂ - ၃ ရက်လောက်မှ စထွက်လာတယ် .. နောက်တော့ ပြန့်ကုန်တယ်။ အနာတွေ ထွက်တာက ၃ - ၄ - ၅ ရက်အတွင်း ထွက်လာပြီး နောက်တော့ အနာစိုလေးတွေကနေ ခြောက်လာတယ်။ အနည်းဆုံးတော့ ၄ ရက်ကနေ ၁ ပတ် ၁ဝ ရက်တော့ ကြာပါတယ်။ ပြသနာက အမာရွတ် ပွန်းပဲ့နေတဲ့ အနာလေးတွေလို ကျန်နေတတ်တယ်။ အချိန်ဘယ်လောက်ယူမှ အဲဒီအမာရွတ်တွေက ပျောက်မလဲဆိုတာကတော့ မပြောနိုင်ဘူးပေါ့။ သို့ပေမယ့် ကလေးလေးတွေက skin-restoring process မြန်တော့ အမာရွတ်တွေက အနည်းဆုံး ၂ ပတ်ကျော်ကနေ ၁ - ၂ လလောက်အတွင်းတော့ ပျောက်မှာပါ။

 

ကျောင်းသွားလို့ အလုပ်သွားလို့ရလား

ရောဂါက ကူးတတ်တဲ့ ရောဂါမို့ သွားလို့မရပါဘူး။ အထူးသဖြင့် အနာစိုနေတဲ့ အချိန်ပါ။ အဖျား နှင့် အခြား အာခေါင်နာ ရောဂါသွင်ပြင် လက္ခဏာတွေ ပျောက်သွားလျှင် နဲ့ အနာစိုတွေကနေ ခြောက်သွားလျှင် သွားလို့ရပါတယ်။ မပျောက်သေးလျှင်တော့ အခြားကလေးတွေ ကူးတတ်လို့ မသွားသင့်ပါ။

Read More : Giloba (ဂျီလိုဘာ)

Giloba (ဂျီလိုဘာ)

 

ရောဂါက ကာကွယ်ဆေးရှိလား

ကာကွယ်ဆေးဆိုပြီး မရှိပါ။ ဖြစ်လာလျှင် အဖျားပျောက်ဆေး အာခေါင်နာသက်သာအောင် သောက်တဲ့ ဆေးတွေလောက်ကိုပဲ ကလေးဆရာဝန် ညွှန်ကြားချက်အတိုင်းပဲ လိုက်နာပြီး ဆေးသောက်ပါ။ ဆေးကုပါ။

 

ဘာစားသုံးသင့်လဲ

မိဘကတော့ စစဖြစ်လျှင် ဖျားလို့ ဖျားမှန်း မသိပဲ အီလည်လည်ဖြစ်နေတာရယ် ဘာကျွေးကျွေး မစားပဲ နေတာကြောင့် စိတ်ပျက်တတ်ပါတယ်။ ကလေးက တကယ်ကြီးကို အဖျားရှိတယ်ဆိုပြီး ပြတာ အခုန မစားနိုင် မသောက်နိုင် ၁ ရက် ၂ ရက်လောက်ဖြစ်ပြီးမှ ဖြစ်တတ်ပါတယ်။ ဖျားလျှင်လည်း ညပဲ ဖျားနေ့မဖျားတော့ ကလေးဘာဖြစ်နေမှန်း သတိမထားမိလျှင် မသိနိုင်ပါ။ ထို့ကြောင့် သူ့ကို သာမာန် ကလေးအစားအစာ - သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ ထမင်းဟင်းကျွေးနေလျှင် လုံးဝ မစားနိုင်။ ထို့ကြောင့် အစာပျော့ နို့ထမင်း ဆန်ပြုတ် နို့ အခြား အစာခပ်ပျော့ပျော့ ပူတင်းလို အစာလောက်ပဲ ဝင်တတ်ပါတယ်။

 

အခြား ဘာတွေဖြစ်သေးလဲ

ဝမ်းချုပ်တဲ့ လက္ခဏာတွေ့ရတတ်ပါတယ်။ ကလေးဟာ အာခေါင် လည်ချောင်းနာသည်နဲ့အမျှ အဖတ် အရည် - အထူးသဖြင့် အရည်အဝင်နည်းလို့ ဝမ်းချုပ်တတ်ပါတယ်။ နောက်ပြီး အာခေါင်နံ့ ဆိုးဝါးစွာ နံတတ်ပါတယ်။

 

စိုးရိမ်ဖွယ် ရှိပါလား

ရောဂါတယောက်ကနေ တယောက် အလွယ်တကူ ကူးစက်နိုင်တာကလွဲလို့ အခြားစိုးရိမ်ဖွယ် မရှိနိုင်ပါ။ သို့သော် အခြားရောဂါအခံရှိပါက ဆိုးဝါးနိုင်မည့် အဖြစ်ကို ကြိုတင်ကာကွယ်ရန် ဆရာဝန်နဲ့တိုင်ပင်ပါ။ လိုအပ်ပါက ဆေးရုံ ဆေးခန်းတွင် ကုသပါ။

 

Source : Myo Han Htun - Facebook

Read times Last modified on Wednesday, 03 July 2019 10:36
Rate this item
(0 votes)