What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 January 2018 14:17

၅ေပခြဲ တိပ္သံေကာင္

၅ေပခြဲ တိပ္သံေကာင္ google.com

ကယ္လီဖိုးနီးယားမွာ ေနတဲ့ အသက္(၃၀) အရြယ္ အမ်ိဳးသားတစ္ဦး Banh က ဆရာဝန္ကိုေျပာျပခဲ့ပါတယ္။

တစ္ရက္ေတာ့ ရုတ္တရက္ဗိုက္နာလာလို႕ အိမ္သာတက္လိုက္ေသာအခါ ေသြးဝမ္းေတြပါေနတာကို ေတြ႕ရပါတယ္။ အဲဒီအခ်ိန္မွာ သူဘယ္လုိမွမေမွ်ာ္လင့္ထားတဲ့ အရာတခု သူစအိုကေနထြက္က်လာပါတယ္။ ဘုရားတရေလာက္ေအာင္ သူထိတ္လန္႕သြားခဲ့ၿပီး “ OH MY GODNESS” လို႕အာေမဋိတ္အသံ ေတာင္ထြက္သြားပါတယ္တဲ့။ အဲဒီဟာကိုု သူက ဆြဲထုတ္ ယူသိမ္းလိုက္ၿပီး ဆရာဝန္ဆီကို ယူလာခဲ့ပါတယ္။

ဆရာဝန္က “ခင္ဗ်ား အဲဒီဟာကို ဆြဲထုတ္တုန္းက ဘယ္လိုဟာမ်ဳိးႀကီးလဲ”လုိ႔ ေမးတယ္။ သူက “နည္းနည္းေတာင္မနာက်င္ဘူး။ အဲဒီဟာက သန္ေကာင္လိုမ်ဳိးပါဆရာ။ ထုတ္ၿပီးၿပီးခ်င္းမွာေတာ့ လႈပ္ေနေသးတယ္”

Banh က သန္ေကာင္ တစ္မ်ဳိးျဖစ္တဲ့ tapeworm သန္ေကာင္ကို အိမ္သာသံုးစကၠဴလိပ္အူတုိင္နဲ႕ ရစ္ပတ္ၿပီး အိတ္ထဲထည့္ၿပီး ဆရာဝန္ဆီယူလာတာပါ။ Banh ကေျပာပါတယ္။ သူဆြဲထုတ္လိုက္တဲ့အခ်ိန္တုန္းက သူလက္ထဲမွာ သန္ေကာင္က တြန္႕လိမ္ေနၿပီး အသက္ရွင္ေနေသး ပါတယ္။ အခုေတာ့ ေသသြားပါၿပီဆရာ။

သန္ေကာင္ရဲ႕ အရွည္ကို ၾကမ္းျပင္ေပၚခ်ၿပီး တိုင္းၾကည့္တဲ့အခါ ၅ေပခြဲေလာက္ရွိပါတယ္။ tapeworm သန္ေကာင္က အရမ္းရွည္လ်ားတဲ့ ကပ္ပါးေကာင္ပါ။ သူဟာ သန္ေကာင္မ်ိဳးစိတ္တစ္ခုျဖစ္ၿပီး လူနာရဲ႕ ခႏၶာကိုယ္ ထဲမွာ အခ်ိန္အၾကာၾကီးမေနပါဘူး။ အျပင္ကုိ ထြက္လာေလ့ ရွိပါတယ္။

လူနာက ေဆာ္လမြန္ငါးလိုမ်ိဳး ငါးအစိမ္းေတြ စားရတာႏွစ္သက္သူ ျဖစ္ၿပီး ေန႔တုိင္းလုိလုိ စားျဖစ္တယ္။

ဆရာဝန္ကေတာ့ လူနာက ငါးတစ္မ်ိဳးကို မခ်က္ျပဳတ္ဘဲ စားခဲ့မိလို႕ သန္ေကာင္တြယ္ရတယ္လို႕ေျပာပါတယ္။ Banh က သူခရီးေတြသြားရင္လည္း ေရသန္႕ပဲ ေသာက္တာပါ။ ဒါေပမဲ့ သူေနတိုင္းနီးပါး ဆူရွီ နဲ႕ စစပ္မီ(sashimi) စားခဲ့တယ္လို႕ဝန္ခံခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္အစားအစာမဆို ေသေသခ်ာခ်ာ စီမံခ်က္ျပဳတ္ ေပးထားျခင္ မရွိဘူးဆုိရင္ သန္ေကာင္ ရရွိႏုိင္မယ့္ အႏၲရာယ္ရွိႏုိင္ပါတယ္။

သတိထားရမွာက ဆူရွီ နဲ႕ စစပ္မီ( sashimi) သာမက အျခားဘယ္စားစရာမဆို စနစ္တက်ျပင္ဆင္ထားျခင္း မရွိပါက အႏ​ၲရာယ္ရွိပါတယ္။

အေမရိကန္အစားအစာနဲ႕ ေဆးဝါးစီမံခန္႕ခြဲမႈဌာနကလည္း ပင္လယ္စာေတြစားမယ္ဆိုရင္ သတ္မွတ္ထားတဲ့ အေအးခ်ိန္ -4 ံF(-20 ံC) နဲ႕ေအာက္မွာ အနည္းဆုံး ၇ ရက္ ထားရွိၿပီးမွ စားသံုးၾကဖို႕လမ္းညႊန္ထုတ္ျပန္ထားပါတယ္။ အဲဒီလုိ စီမံေပးထားလုိက္ရင္ tapeworm ေသဆုံးသြားမွာ ျဖစ္ပါတယ္။

Alaska ဦးစီးဌာနမွ သိပံၸႏွင့္ ဇီဝေဗဒပညာရွင္မ်ား၏ေလ့လာခ်က္အရ အေမရိကန္နွင့္ အာရွပစိဖိတ္ကမ္းရိုးတန္း၊ အျခားေနရာမ်ားမွ ေဆာ္လမြန္ငါးမ်ားကို သတ္မွတ္ထားသည့္ အေအးခ်ိန္နဲ႕ စီမံထားျခင္း မရွိဘဲ စားသံုးပါက tapeworm အႏၲရာယ္ရွိနုိင္ပါတယ္။

ေလ့လာသူမ်ားရဲ႕ အဆိုအရ ၎သန္ေကာင္မ်ားဟာ ေပ ၃၀ အထိၾကီးထြားနုိင္ၿပီး ႏွစ္ေပါင္းမ်ားစြာ အသက္ရွင္ေနနိုင္ပါတယ္။ ၎သန္ေကာင္ေတြ ေၾကာင့္ ဝမ္းဗိုက္နာက်င္ျခင္း၊ ဝမ္းေလွ်ာျခင္းႏွင့္ အန္ျခင္း တို႕ျဖစ္ေစႏိုင္ၿပီး ေဆးဝါးနဲ႕ေတာ့ လြယ္လြယ္ကူကူကုသလို႕ ရပါတယ္။ ဆရာ၀န္ထံ ေျပာျပတုိင္ပင္ၿပီး သံခ်ေဆး စားသုံးျခင္းျဖင့္ ကုသႏုိင္ပါတယ္။

လူနာကေတာ့ ဆူရွီကို က်ိန္ဆဲေနေပမဲ့ သူေနာက္တစ္ဖန္ ထပ္စားဦ္းမယ္လို႕ ထင္ပါတယ္။

ကုိးကားခ်က္။ ။ 5-foot-long tapeworm slithered out of his body (The Washington Post)

Unicode

ကယ်လီဖိုးနီးယားမှာ နေတဲ့ အသက်(၃၀) အရွယ် အမျိုးသားတစ်ဦး Banh က ဆရာဝန်ကိုပြောပြခဲ့ပါတယ်။
တစ်ရက်တော့ ရုတ်တရက်ဗိုက်နာလာလို့ အိမ်သာတက်လိုက်သောအခါ သွေးဝမ်းတွေပါနေတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ သူဘယ်လိုမှမမျှော်လင့်ထားတဲ့ အရာတခု သူစအိုကနေထွက်ကျလာပါတယ်။ ဘုရားတရလောက်အောင် သူထိတ်လန့်သွားခဲ့ပြီး “ OH MY GODNESS” လို့အာမေဋိတ်အသံ တောင်ထွက်သွားပါတယ်တဲ့။ အဲဒီဟာကိုု သူက ဆွဲထုတ် ယူသိမ်းလိုက်ပြီး ဆရာဝန်ဆီကို ယူလာခဲ့ပါတယ်။
ဆရာဝန်က “ခင်ဗျား အဲဒီဟာကို ဆွဲထုတ်တုန်းက ဘယ်လိုဟာမျိုးကြီးလဲ”လို့ မေးတယ်။ သူက “နည်းနည်းတောင်မနာကျင်ဘူး။ အဲဒီဟာက သန်ကောင်လိုမျိုးပါဆရာ။ ထုတ်ပြီးပြီးချင်းမှာတော့ လှုပ်နေသေးတယ်”
Banh က သန်ကောင် တစ်မျိုးဖြစ်တဲ့ tapeworm သန်ကောင်ကို အိမ်သာသုံးစက္ကူလိပ်အူတိုင်နဲ့ ရစ်ပတ်ပြီး အိတ်ထဲထည့်ပြီး ဆရာဝန်ဆီယူလာတာပါ။ Banh ကပြောပါတယ်။ သူဆွဲထုတ်လိုက်တဲ့အချိန်တုန်းက သူလက်ထဲမှာ သန်ကောင်က တွန့်လိမ်နေပြီး အသက်ရှင်နေသေး ပါတယ်။ အခုတော့ သေသွားပါပြီဆရာ။
သန်ကောင်ရဲ့ အရှည်ကို ကြမ်းပြင်ပေါ်ချပြီး တိုင်းကြည့်တဲ့အခါ ၅ပေခွဲလောက်ရှိပါတယ်။ tapeworm သန်ကောင်က အရမ်းရှည်လျားတဲ့ ကပ်ပါးကောင်ပါ။ သူဟာ သန်ကောင်မျိုးစိတ်တစ်ခုဖြစ်ပြီး လူနာရဲ့ ခန္ဓာကိုယ် ထဲမှာ အချိန်အကြာကြီးမနေပါဘူး။ အပြင်ကို ထွက်လာလေ့ ရှိပါတယ်။

လူနာက ဆော်လမွန်ငါးလိုမျိုး ငါးအစိမ်းတွေ စားရတာနှစ်သက်သူ ဖြစ်ပြီး နေ့တိုင်းလိုလို စားဖြစ်တယ်။
ဆရာဝန်ကတော့ လူနာက ငါးတစ်မျိုးကို မချက်ပြုတ်ဘဲ စားခဲ့မိလို့ သန်ကောင်တွယ်ရတယ်လို့ပြောပါတယ်။ Banh က သူခရီးတွေသွားရင်လည်း ရေသန့်ပဲ သောက်တာပါ။ ဒါပေမဲ့ သူနေတိုင်းနီးပါး ဆူရှီ နဲ့ စစပ်မီ(sashimi) စားခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အစားအစာမဆို သေသေချာချာ စီမံချက်ပြုတ် ပေးထားခြင် မရှိဘူးဆိုရင် သန်ကောင် ရရှိနိုင်မယ့် အန္တရာယ်ရှိနိုင်ပါတယ်။
သတိထားရမှာက ဆူရှီ နဲ့ စစပ်မီ( sashimi) သာမက အခြားဘယ်စားစရာမဆို စနစ်တကျပြင်ဆင်ထားခြင်း မရှိပါက အန္တရာယ်ရှိပါတယ်။
အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲမှုဌာနကလည်း ပင်လယ်စာတွေစားမယ်ဆိုရင် သတ်မှတ်ထားတဲ့ အအေးချိန် -4 ံF(-20 ံC) နဲ့အောက်မှာ အနည်းဆုံး ရ ရက် ထားရှိပြီးမှ စားသုံးကြဖို့လမ်းညွှန်ထုတ်ပြန်ထားပါတယ်။ အဲဒီလို စီမံပေးထားလိုက်ရင် tapeworm သေဆုံးသွားမှာ ဖြစ်ပါတယ်။
Alaska ဦးစီးဌာနမှ သိပ္ပံနှင့် ဇီဝဗေဒပညာရှင်များ၏လေ့လာချက်အရ အမေရိကန်နှင့် အာရှပစိဖိတ်ကမ်းရိုးတန်း၊ အခြားနေရာများမှ ဆော်လမွန်ငါးများကို သတ်မှတ်ထားသည့် အအေးချိန်နဲ့ စီမံထားခြင်း မရှိဘဲ စားသုံးပါက tapeworm အန္တရာယ်ရှိနိုင်ပါတယ်။
လေ့လာသူများရဲ့ အဆိုအရ ၎င်းသန်ကောင်များဟာ ပေ ၃၀ အထိကြီးထွားနိုင်ပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ၎င်းသန်ကောင်တွေ ကြောင့် ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အန်ခြင်း တို့ဖြစ်စေနိုင်ပြီး ဆေးဝါးနဲ့တော့ လွယ်လွယ်ကူကူကုသလို့ ရပါတယ်။ ဆရာဝန်ထံ ပြောပြတိုင်ပင်ပြီး သံချဆေး စားသုံးခြင်းဖြင့် ကုသနိုင်ပါတယ်။
လူနာကတော့ ဆူရှီကို ကျိန်ဆဲနေပေမဲ့ သူနောက်တစ်ဖန် ထပ်စားဦ်းမယ်လို့ ထင်ပါတယ်။
ကိုးကားချက်။ ။ 5-foot-long tapeworm slithered out of his body (The Washington Post)

Read times Last modified on Friday, 26 January 2018 10:41
Rate this item
(1 Vote)