What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 31 May 2017 09:44

ကျောက်ကပ်ကျန်းမာရေးအတွက် နေ့စဉ် သတိပြုသင့်သည့် အချက်များ

ကျောက်ကပ်ကျန်းမာရေးအတွက် နေ့စဉ် သတိပြုသင့်သည့် အချက်များ Google.com

အခုခေတ်မှ နေထိုင်စားသောက်ပုံမမှန်တာကြောင့် ကျောက်ကပ်ကျန်းမာရေး ထိခိုက်မှုတွေဖြစ်နှုန်း မြင့်မားလာတဲ့အတွက် ကျောက်ကပ်ကျန်းမာစေဖို့ နေ့စဉ်သတိပြုသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။

၁. အိပ်ရေးပျက်ခြင်း

အိပ်ရေးပျက်တာကြောင့် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာ အားနည်းတဲ့ဝေဒနာအသေးအမွှားတွေ ဖြစ်နိုင်ပါတယ်။

၂. ရေကို အလုံအလောက် မသောက်ခြင်း

ကျောက်ကပ်ရဲ့ အဓိက လုပ်ငန်းဆောင်တာက အဆိပ်စွန့်ထုတ်တာပါ။ ရေအလုံအလောက် မသောက်ရင် သွေးတွေ ပျစ်လာပြီး ကျောက်ကပ်ဆီ သွေးစီးဆင်းရောက်ရှိမှု မလုံလောက်တော့ပါဘူး၊ အဲဒီအခါသွေးထဲက အဆိပ်အတောက်တွေကို စွန့်ပစ်နိုင်စွမ်းလည်း ထိခိုက်လာပါတော့တယ်။

၃. အကိုက်အခဲပျောက်ဆေးလွန်ကဲစွာ မှီဝဲခြင်း

အကိုက်အခဲပျောက်ဆေးတွေကို အချိန်ကြာကြာ မှီဝဲတာကြောင့် သွေးစီးဆင်းမှုလျော့ကျပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ အကိုက်အခဲပျောက် ဆေးတွေက ကျောက်ကပ်နဲ့ အသည်းကို ဖြည်းဖြည်းချင်း ထိခိုက်စေတဲ့အရာပါ။

၎. အသားများများ စားခြင်း

အသားများများ စားတာကြောင့် ကျောက်ကပ်အပေါ် ဇီဝရုပ်ထိခိုက်မှု မြင့်တက်စေပါတယ်။ အထူးသဖြင့် အနီရောင် အသားများများ စားတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်ပါတယ်။

၅. သကြားများများ စားခြင်း

သကြားများများပါတဲ့ အစာတွေကို စားတာကြောင့် သင့်ကိုယ်တွင်းစနစ်ထဲမှာ ပရိုတင်းပမာဏကို မြင့်တက်လာစေပြီး ကျောက်ကပ်အပေါ် ဖိအားသက်ရောက်စေနိုင်ပါတယ်။

ဆီးထဲမှာ ပရိုတင်းဓာတ် များတာက ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အစော ပိုင်း သတိပေးလက္ခဏာပဲ ဖြစ်ပါတယ်။

၆. အစာကို လုံလောက်စွာ မစားခြင်း

အစာကို လုံလောက်မျှတအောင် မစားတာကလည်း အစာကို အလွန်အကြူးစားသလိုပဲ အစာခြေလမ်းကြောင်း စနစ်ကို ထိခိုက်စေနိုင်ပါတယ်။

၇. ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း

ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ အကောင်းဆုံးဖြစ်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်လိုအပ်တဲ့ ပမာဏရရှိဖို့လိုအပ်ပါတယ်။ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်တွေက သင့်တော်တဲ့ကျောက်ကပ်လုပ်ငန်း ဆောင်တာရရှိဖို့အရေးကြီးပါတယ်။

Source: healthy life

Read times
Rate this item
(1 Vote)