What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 July 2019 14:28

အသည်းခြောက်ရောဂါ ကာကွယ်ခြင်း နည်းလမ်း

အသည်းခြောက်ရောဂါသည် အသည်းတွင် ပျက်စီးမှုရှိခြင်း သို့မဟုတ် အမာရွတ်ရှိခြင်း တို့ကြောင့်ဖြစ်ပါတယ်။

အသည်းတွင်ဖြစ်ပေါ်သော အမာရွတ်သည် အသည်းမှ ပရိုတင်းဓာတ်ထုတ်လုပ်ခြင်း ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ သိုလှောင်ခြင်း ၊ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း စသည့်စွမ်းရည်များကို ထိခိုက်စေကာ အသည်း၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို တားဆီးပေးပါတယ်။ အသည်းတွင်း ပုံမှန်သွေးစီးဆင်းမှုကိုလည်း ပိတ်ဆို့ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အသည်းခြောက်ရောဂါဖြစ်စေသည့်အရာများ အကြောင်းများစွာရှိပါတယ်။ ဒါ့အပြင် ရေရှည်အရက်သောက်သုံးခြင်း ၊ အသည်းရောင်အသားဝါ ဘီ၊ စီ နှင့် ဒီ ၊ မိမိကိုယ်ကိုပြန်တိုက်သည့် ခုခံအားကြောင့်ဖြစ်သော အသည်းရောင်ရောဂါ ၊ ခန္ဓာကိုယ်အတွင်း သံဓာတ်များစုပုံခြင်း ၊ သည်းခြေပြွှန်ပိတ်ခြင်းကြောင့် သည်းခြေရည် အသည်းတွင် များလာပြီး အသည်းအမာရွတ်ဖြစ်ကာ အသည်းခြောက်သွားခြင်း ၊ အသည်းအဆီဖုံးခြင်းကြောင့် နာတာရှည် အသည်းရောင်ရမ်းခြင်းကို ဖြစ်စေပြီး အသည်းခြောက်ခြင်း တို့ ဖြစ်ပါတယ်။

 

အချို့ဆေးဝါးများကို ရေရှည်သောက်သုံးခြင်း ၊ အဆိပ်အတောက်များကို ရေရှည်ထိတွေ့မှုရှိခြင်း ၊ မကြာခဏ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်းတို့ကြောင့် အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

လူနာအတော်များများတွင် အသည်းခြောက်ရောဂါသည် လက္ခဏာမပြခြင်း သို့မဟုတ် အနည်းငယ်သာပြခြင်းတို့ ဖြစ်တတ်သော်လည်း ရောဂါ၏ ပြောင်းလဲဆိုးရွားလာမှု အပေါ်မူတည်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်တတ်ပါတယ်။ ထိုသို့လက္ခဏာများ ပြသသည့်အခါတွင် ဖြစ်နိုင်တဲ့ လက္ခဏာများကတော့ မောပန်းခြင်း ၊ ပျို့အန်ချင်စိတ်ဖြစ်ပြီး အစာစားချင်စိတ်မရှိခြင်း ၊ ကိုယ်အလေးချိန်လျော့ကျခြင်း ၊ အမျိုးသမီးများတွင် ရာသီမမှန်ခြင်း ၊ အမျိုးသားများတွင် ရင်သားကြီးလာခြင်းနှင့် လိင်စိတ်ပျောက်ခြင်း ၊ အယ်လ်ဗျူမင် ပမာဏလျော့ကျမှုကြောင့် ခြေထောက်များ သို့မဟုတ် ဝမ်းဗိုက်တွင်ဖောရောင်ခြင်းနှင့် ရေများစုဝေးခြင်း ၊ သွေးတိတ်ခြင်းအတွက် လိုအပ်သော ပရိုတင်းဓာတ်များ လျော့ကျမှုကြောင့် အလွယ်တကူ သွေးခြေဥခြင်း သို့မဟုတ် သွေးထွက်ခြင်း ၊ မယ်လနင်ဓာတ်စုဝေးမှုကြောင့် အသားနှင့် မျက်စိများ ဝါခြင်း ၊ အရေပြားတွင် သည်းခြေမှ ထွက်သောဓာတ်များစုဝေးမှုကြောင့် အရေပြားအလွန်ယားယံခြင်း ၊ အသည်းမှ အဆိပ်အတောက်များကို ထိရောက်စွာမစွန့် ထုတ်နိုင်တော့သောကြောင့် သွေးထဲတွင် အဆိပ်အတောက်များ စုပုံစေပြီး အာရုံစူးစိုက်မှုအားနည်းလာခြင်း သို့မဟုတ် မေ့လျော့ခြင်း စသဖြင့် စိတ်မူမမှန်ခြင်းများကို ဖြစ်ပေါ်စေပါတယ်။

 

ဆေးဝါးများကို အသည်းမှ ပုံမှန်အတိုင်း ကောင်းစွာမစစ်ထုတ်နိုင်တော့သည့်အတွက် ဆေးဒဏ်မခံနိုင်တော့ဘဲ တခါတရံတွင် ခန္ဓာကိုယ်ထဲ၌ဆေးဝါးများ စုပုံလာပြီး ဆေးဝါးများ၏ အာနိသင်များ ပိုလျှံမှုဖြစ်တတ်ပါတယ်။ သွေးစီးဆင်းမှုပုံမမှန်သောကြောင့် အစာအိမ်ထဲတွင် သို့မဟုတ် အစာရေမျိုပြွှန်တွင် အလွန်အမင်းသွေးယိုစိမ့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ထိုအခါမျိုးတွင် အသက်အန္တရာယ်များတာကြောင့် ချက်ခြင်း ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

 


ဖြစ်ပွားနေသောလက္ခဏာများ ၊ သွေးစစ်ဆေးချက်များ ၊ အခြားစစ်ဆေးမှုများ ၊ စီတီစကင် ၊ အာလ်ထရာဆောင်း ၊ အသည်းမာကျောမှုစစ်ဆေးခြင်း ၊ အသည်းအသားစယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း တို့ဖြစ် ရောဂါရှာဖွေခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ကုသမှု၏ရည်ရွယ်ချက်မှာ အသည်းတွင် အမာရွတ်ပိုမိုကြီးထွားလာမှုနှေးကွေးစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် နဂိုရှိနေသော ရောဂါအခြေအနေကို ကုသခြင်း ဖြစ်ပါတယ်။ ဆရာဝန်များသည် ဖြစ်ပွားနေသော အခြေအနေကို ကုသပေးပြီး လူနာများသည် မိမိတို့၏ အသည်းကို ပျက်စီးစေနိုင်သော ထပ်မံထိခိုက်မှုမရှိစေရန် ဂရုစိုက်ဖို့ လိုပါတယ်။

 


အသည်းခြောက်ရောဂါကုသရေးနှင့် နောက်ဆက်တွဲပြဿနာများဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် အကြံပေးချက်များ

အရက်သောက်သုံးခြင်းမှ ရပ်ပါ။

အသည်းကို ပိုမိုထိခိုက်မှုဖြစ်စေသည့် ဆေးဝါးနှင့်အစားအစာများကို ရှောင်ကျဉ်ပါ။

 

ဘတ်တီးရီးယားပိုးကူးစက်စေတတ်သည့်အတွက် အစားအစာအစိမ်းများ အထူးသဖြင့် ပင်လယ်စာအစိမ်းများကို စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။

သင့်တော်သော ပရိုတင်းပမာဏကို စားသုံးပါ။ ငါးကဲ့သို့ အဆီနည်းပရိုတင်း သို့မဟုတ် ပဲပုပ်ကဲ့သို့သော ပဲမှရသည့်ပရိုတင်းများကို ရွေးချယ်ပါ။

ခြေထောက်များနှင့် ဝမ်းဗိုက်တွင် ဖောရောင်မှုရှိပါက အစားအစာများတွင် ဆားထည့်စားသောက်ခြင်းမှ ရှောင်ကျဉ်ပါ။

 

အသည်းရောင်အသားဝါရောဂါ အေနှင့်ဘီ၊ တုပ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများထိုးပါ။ အဘယ်ကြောင့်ဆိုသော် အသည်းခြောက်ရောဂါရှိသောသူသည် ရောဂါပိုးများကို ပြန်လည်တိုက်ထုတ်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။

ရောဂါအခြေအနေကို သုံးသပ်စောင့်ကြည့်ရန်အတွက် ဆရာဝန်နှင့်ပြသပါ။

 

Bumrungrad Internation Hospital

Read times
Rate this item
(0 votes)