What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 15:09

အသည္းေျခာက္တာ ေပ်ာက္ေအာင္ ကုလို႔ရသလား

အသည္းေျခာက္တဲ့အခါ နဂိုကေကာင္းေနတဲ့ အသည္းတစ္ရႈးေတြေပၚမွာ အမာ႐ြတ္ေလးေတြ တေျဖးေျဖးလိုက္လာပါတယ္။

ေနာက္ဆုံး အမာ႐ြတ္ေတြေၾကာင့္ ေသြးစီးဆင္းမႈကို ပိတ္ဆို႔လိုက္သလိုျဖစ္သြားၿပီး အသည္းဟာ အလုပ္ပုံမွန္ မလုပ္ႏိုင္ေတာ့ပါဘူး။ ဒီအခါ သူ႔ရဲ႕ပုံမွန္အလုပ္ေတြျဖစ္တဲ့ အဆိပ္အေတာက္ေတြကို စစ္ထုတ္တာ အာဟာရနဲ႔ ေဆးဝါးေတြကို ၿဖိဳခြဲေပးတာ စတဲ့ အလုပ္ေတြကို ေကာင္းေကာင္းမလုပ္ႏိုင္ ျဖစ္လာပါတယ္။ အသည္းက ထုတ္ေပးေနက် ပ႐ိုတိန္းေတြကိုလည္း မထုတ္ေပးႏိုင္ေတာ့ပဲ ေနာက္ဆုံးမွာ လုံးလုံး သုံးမရေအာင္ ျဖစ္သြားႏိုင္ပါတယ္။

 

လကၡဏာေတြ

အစပိုင္းမွာ ဘာမွကို သတိမထားမိႏိုင္ပါဘူး။ တေျဖးေျဖး အသည္းေျခာက္တာ ပိုဆိုးလာရင္ေတာ့ လူက ပင္ပန္းႏြမ္းနယ္ေနၿပီး အစားစားခ်င္စိတ္မရွိ ျဖစ္လာမယ္။ အသားေတြ စၿပီး ယားယံလာမယ္။ ၿပီးေတာ့ အသားနဲနဲ ဝါလာမယ္။ လြယ္လြယ္ေလးနဲ႔ ေသြးျခည္ဥတာမ်ိဳးေတြ ျဖစ္လာမယ္။ ဆီးေရာင္ေတြ ရင့္လာၿပီး ဗိုက္ေတြ ေျခေတြ ေဖာေရာင္လာမယ္။ တခ်ိဳ႕လူေတြမွာ ပ်ိဳ႕အန္ခ်င္သလိုျဖစ္တာ ထိုင္းမႈိင္းေလးလံေနတာ စတာေတြ ခံစားရလာၿပီး သတိေမ့တတ္လာမယ္။

 

အသည္းေျခာက္ရတဲ့ အေၾကာင္းအရင္းေတြ

၁) အရက္အလြန္အကြၽံေသာက္ၿပီး စြဲသြားျခင္း

၂) အရက္ေၾကာင့္မဟုတ္တဲ့ အသည္းအဆီဖုံးျခင္း

၃) အသည္းေရာင္အသားဝါ စီပိုး ကူးစက္ခံရျခင္း

၄) သည္းေျခႁပြန္ပိတ္ဆို႔ျခင္း

၅) ေဆးဝါးအခ်ိဳ႕ (အဆစ္ေရာင္ေရာဂါမွာ သုံးတဲ့ Methotrexate တီဘီေရာဂါမွာသုံးတဲ့ Isoniazid နဲ႔ Acetaminophen စေသာ ေဆးမ်ား)

၆) ေသြးခဲျခင္း ႏွင့္ မ်ိဳး႐ိုးဗီဇဆိုင္ရာ ျပႆနာမ်ား

 

>>>ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ား ေရွာင္ရမည့္ အစာအစားမ်ား<<<

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ား ေရွာင္ရမည့္ အစာအစားမ်ား

အသည္းေျခာက္မွန္း ဘယ္လို သိႏိုင္မလဲ

အေရွ႕မွာ ေျပာခဲ့တဲ့လကၡဏာေတြ ရွိခဲ့ရင္ ဆရာဝန္နဲ႔ ျပၿပီး စမ္းသပ္စစ္ေဆးမႈေတြ ခံယူရမယ္။ ေသြးစစ္မယ္။ ဓာတ္မွန္ အာထရာေဆာင္း စတာေတြ ႐ိုက္ၾကည့္မယ္။ တခါတေလက်ရင္ အသားစထုတ္ၿပီး Biopsy လုပ္ရတာမ်ိဳးေတြ ရွိႏိုင္ပါတယ္။

 

ဘယ္လို ကုမလဲ

အသည္းေျခာက္ၿပီ အသည္းမွာ အမာ႐ြတ္ျဖစ္ၿပီဆိုရင္ေတာ့ ေပ်ာက္ေအာင္ ကုလို႔မရေတာ့ပါဘူး။ ထပ္မျဖစ္ေအာင္ ဒါမွမဟုတ္ ျဖစ္တဲ့ႏႈန္းေႏွးသြားေအာင္ ကုသလို႔ပဲရပါမယ္။ အရက္စြဲေနတာဆိုရင္ေတာ့ မျဖစ္မေန ျဖတ္ပါ။ ဝိတ္ေလ်ာ့တာကလည္း သင့္ကို ကူညီေပးႏိုင္ပါလိမ့္မယ္။

 

Dr. ေျပညိမ္း

 

{Unicode}

======

အသည်းခြောက်တာ ပျောက်အောင် ကုလို့ရသလား

အသည်းခြောက်တဲ့အခါ နဂိုကကောင်းနေတဲ့ အသည်းတစ်ရှုးတွေပေါ်မှာ အမာရွတ်လေးတွေ တဖြေးဖြေးလိုက်လာပါတယ်။ နောက်ဆုံး အမာရွတ်တွေကြောင့် သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်သလိုဖြစ်သွားပြီး အသည်းဟာ အလုပ်ပုံမှန် မလုပ်နိုင်တော့ပါဘူး။ ဒီအခါ သူ့ရဲ့ပုံမှန်အလုပ်တွေဖြစ်တဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်တာ အာဟာရနဲ့ ဆေးဝါးတွေကို ဖြိုခွဲပေးတာ စတဲ့ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင် ဖြစ်လာပါတယ်။ အသည်းက ထုတ်ပေးနေကျ ပရိုတိန်းတွေကိုလည်း မထုတ်ပေးနိုင်တော့ပဲ နောက်ဆုံးမှာ လုံးလုံး သုံးမရအောင် ဖြစ်သွားနိုင်ပါတယ်။

 

လက္ခဏာတွေ

အစပိုင်းမှာ ဘာမှကို သတိမထားမိနိုင်ပါဘူး။ တဖြေးဖြေး အသည်းခြောက်တာ ပိုဆိုးလာရင်တော့ လူက ပင်ပန်းနွမ်းနယ်နေပြီး အစားစားချင်စိတ်မရှိ ဖြစ်လာမယ်။ အသားတွေ စပြီး ယားယံလာမယ်။ ပြီးတော့ အသားနဲနဲ ဝါလာမယ်။ လွယ်လွယ်လေးနဲ့ သွေးခြည်ဥတာမျိုးတွေ ဖြစ်လာမယ်။ ဆီးရောင်တွေ ရင့်လာပြီး ဗိုက်တွေ ခြေတွေ ဖောရောင်လာမယ်။ တချို့လူတွေမှာ ပျို့အန်ချင်သလိုဖြစ်တာ ထိုင်းမှိုင်းလေးလံနေတာ စတာတွေ ခံစားရလာပြီး သတိမေ့တတ်လာမယ်။

 

အသည်းခြောက်ရတဲ့ အကြောင်းအရင်းတွေ

၁) အရက်အလွန်အကျွံသောက်ပြီး စွဲသွားခြင်း

၂) အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း

၃) အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံရခြင်း

၄) သည်းခြေပြွန်ပိတ်ဆို့ခြင်း

၅) ဆေးဝါးအချို့ (အဆစ်ရောင်ရောဂါမှာ သုံးတဲ့ Methotrexate တီဘီရောဂါမှာသုံးတဲ့ Isoniazid နဲ့ Acetaminophen စသော ဆေးများ)

၆) သွေးခဲခြင်း နှင့် မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများ

 

>>>နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ ရှောင်ရမည့် အစာအစားများ<<<

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရွိသူမ်ား ေရွာင္ရမည့္ အစာအစားမ်ား

 

အသည်းခြောက်မှန်း ဘယ်လို သိနိုင်မလဲ

အရှေ့မှာ ပြောခဲ့တဲ့လက္ခဏာတွေ ရှိခဲ့ရင် ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူရမယ်။ သွေးစစ်မယ်။ ဓာတ်မှန် အာထရာဆောင်း စတာတွေ ရိုက်ကြည့်မယ်။ တခါတလေကျရင် အသားစထုတ်ပြီး Biopsy လုပ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။

 

ဘယ်လို ကုမလဲ

အသည်းခြောက်ပြီ အသည်းမှာ အမာရွတ်ဖြစ်ပြီဆိုရင်တော့ ပျောက်အောင် ကုလို့မရတော့ပါဘူး။ ထပ်မဖြစ်အောင် ဒါမှမဟုတ် ဖြစ်တဲ့နှုန်းနှေးသွားအောင် ကုသလို့ပဲရပါမယ်။ အရက်စွဲနေတာဆိုရင်တော့ မဖြစ်မနေ ဖြတ်ပါ။ ဝိတ်လျော့တာကလည်း သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။

Read times Last modified on Thursday, 10 October 2019 15:22
Rate this item
(0 votes)